အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

နိုက်ထိုဂျင်၄၅ပါတဲ့ဟာကလေလွင့်ဆုံးရှုံးမှုမျာလို့ပါဒီတော့နိုက်ထရိုဂျင်ဘယ်လောက်ပါတဲ့မြေဆီကိုသုံးရင်ကောင်းမလဲဗျ

မြေဆီလွှာ နှံစား သီးနှံ

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

လလွင့် ဆုံးရှုံးမှုနည်းတဲ့ ယူရီးယား ရှိပါတယ်။ Urea Deep Placement (UDP) ယူရီးယားကို ဓာတ်လျော့ဇုန်သို့ ထည့်သွင်းခြင်း နည်းပညာပါ။ လယ်သမား သမရိုးကျ သုံးနေကျ ယူရီးယားကို စက်ထဲ ထည့် အလုံးကြီးလုပ်ပြီး မြေကြီး အနက် ၃ လက်မမှာ မြှုပ်ပါတယ်။ မိုးစပါး/ နွေစပါး တစ်ရာသီလုံးမှ တစ်ကြိမ်ပဲ အသုံးပြု ရုံနဲ့ ရိတ်သိမ်းချိန်ထိ နောက်ထပ် ပုလဲ ထပ်သုံးစရာ လုံး၀ မလိုပါ။ လေလွင့် ဆုံးရှုံးမှု နည်းပါတယ်။ မိုးစပါးတစ်ဧကစာ- ၄၄ကီလို နွေစပါး တစ်ဧကစာ- ၆၆ ကီလိုပဲ အသုံးပြုရပါတယ်။ နည်းပညာ ဖြန့်ဖြူးတာက company မဟုတ်လို့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဘက် မရောက်သေးတာပါ။ ဖြန့်ဖြူးတဲ့ အဖွဲ့နာမည်က IFDC ပါ။ အသေးစိတ် ထပ်မံသိရှိလိုပါက ဖေ့ဘုတ်မှာ IFDC Myanmar ဆိုပြီး ရိုက်ရှာလိုက်ပါ။ အဖွဲ့အစည်းရဲ့ page ပါ။ ၂၀၁၄ ခုနှစ်ကစပြီးတော့ တောင်သူတွေကို သုံးစွဲမှုနည်းပညာတွေကို ဖြန့်ဝေနေပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတွေမှာပဲ နည်းပညာ ဖြန့်တုန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။