အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
814
လွန်ခဲ့သော ၇ နှစ် က · ပန်းတောင်း

မိုးဥတုမလွန်ခင် ဆောင်းသီးနှံအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်းမှာ ခရမ်းချဉ်များကိုအများပြား...

မိုးဥတုမလွန်ခင် ဆောင်းသီးနှံအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်းမှာ ခရမ်းချဉ်များကိုအများပြား စိုက်ပျိုးကြပါတယ်။ မျိုးစေ့အနေနဲ့ကတော့ မြန်မာ့သြဘာမှ တင်သွင်းဖြန့်ဖြူးသော 909 အမည်ရှိ ခရမ်းချဉ်ကိုစိုက်ပျိုးကြပါတယ်၊909ရဲထူးခြားချတ်က ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး အပွင့်အသီးများပြားစေလို့ပဲဖြစ်ပါတယ်။ ပျိုးထုပ်များထုပ်ပိုးရာတွင် မြေဆွေး၊ နှင့် ပြာအနည်းငယ်ဖြူး၍ ပလက်စတစ်အကြည်3×3အိတ်ငယ်များဖြင့်မြေကြီးအပြည့်ဖြည့်ကာမျိုးစေ့၃စေ့ခန်ထည့်ကာ ၇ရက်သားအထိ ငှက်ပျောရွက်ဖြင့်အုပ်ထားရပါတယ်။ငှက်ပျောရွက်အုပ်ရတဲ့အကြောင့်ရင်းက မျိုးစေ့မှာ မိုးရွာလျှင်အစေ့များ ထွက်မကြစေရန်ဖြစ်ပါတယ်။ မျိုးစေ့များအညှောင့်ကုန်းမှသာလျှင် ငှက်ပျောရွက်များဖယ်လျှက် အမိုးအပြာဇာများ အပေါ်၌မိုးထားရပါတယ်၊ ၁၅ရက်သားလျှင် ကိုင်းမြေသို့ပြောင်းရွေ့စိုက်ပျိုးရပါတယ်။ကိုင်းမြေအမျိုးစားကထယ်တလည်ထိုးနှစ်လယ်ပြန်ထိုးထွန်မွှေ ကျောက်မှုန့်အမျိုးစားဖြစ်တဲ့ မြေခံအဖြစ် ဂျပ်ပဆန်(မ်)ပက်ဖြူးပေးရပါတယ်။သို့နောက် ထွန်မြောင်းလေးကွက်ကြားဆွဲကာစိုက်ပျိုးကြပါတယ်။တချို့တွင်တိုင်များ တောင်ကြပြီး တချို့တွင်လည်း မြေပေါ်တွင်လဲစေပြီးစိုက်ပျိုးကြပါတယ်။ကြာရှည်အခူးခံလိုလျှင်တိုင်ထောင်ပေးပါက ပိုမိုအဆင်ပြေပါတယ်။ တိုင်ထောင်စိုက်ပျိုးခြင်းသည်အကောင်းဆုံးဖြစ်သည်။သို့မှသာလျှင်အသီးပုပ်ခြင်းကင်းဝေးစေမည်ဖြစ်သည်။ခရမ်းချဉ်တွင် မှိုအများဆုံးကြရောက်တတ်သောကြောင့် ၇ရက်ခြားတခါ၁၄ရက်ခြားတခါ မှိုဆေးအမျိုးမျိုးဖြန်းပေးရပါတယ်။မြေခံဆေးအနေဖြင့် ၁၅ပတ်လည်မြေသြဇာကိုအပင်ခြေရင်နှင့်တမိုက်အကွာ သိုမဟုတ်လက်သုံးချောင်းအကွာ ဆူးခက် သို့မဟုတ် တရွင်းဖြင့် မြေသို့စိုက်မြေသြဇာထည့်ကျွေးပေးရပါတယ်။ခရမ်းချဉ် ပန်းပွင့်သည်မှစ၍ခူးဆွတ်ချိန်အထိ မှိုဆေးကို ရက်ပတ်ခြား လိုက်၍ဖြန်ပေးရပါတယ် ။ မှိုကင်းလျှင် အပင် အသေပျောက်နည်း၍ အသီးများ မဆုံးရှုံးစေရန် မှိုကိုအဓိကထားအသုံးပြုရခြင်းဖြစ်ပါတယ်။ခရမ်းချဉ်တွင်ကျရောက်တတ်သောပင်ညိုးရောဂါ၊ခါးရိရောဂါ၊စောပင်နာကျ၊နှောင်းပင်နာကျ၊ဘတ်ထရီးယားရောဂါ၊အသီးသီးလှျှင်အသီးပုတ်ရောဂါစသည်တို့ကိုအထူးဂရုပြုရန်လိုအပ်ပါတယ်။မှိုဆေးများအနေဖြင့်မှိုအုပ်စုဝင်ဆေးများကိုဖြန်းပေးရမှာဖြစ်ပါတယ်။ကာဗင်၊ကျူပရောက်ဆက်၊အာမိုရိန်းကျား၊ဆင်နာဂျီ၊စသည့်အုပ်စုဝင်များရောဂါအလိုက်ဖြန်းပေးနိုင်ပါတယ်။ရေလိုလှျှင်ရေသွင်းပေးရပါတယ်။ မှိုဆေးသုံးရင်ဖြစ်စေ၊အားဆေးသုံးရင်ဖြစ်စေ၊ပိုးသတ်ဆေးအုပ်စုဝင်တမျိုးမျိုးထည့်သွင်းအသုံးပြုရမည်။သတိထားစရာအချက်အားဖြင့်အားဆေးနှင့်မှိုသတ်ဆေးရောစပ်အသုံးမပြုရပါ။အပင်းရင်းရှိပေါင်းများကိုလည်း အမြဲရှင်းပေးရပါတယ် သို့မှသာလျှင်ပိုးအန္တာရာယ်ကင်းရှင်းမယ်ဖြစ်ပြီးကျွေးသမှျှမြေသြဇာလည်းထိရောက်မည်ဖြစ်သည်။ ခရမ်းချဉ် စိုက်ပျိုးပြီးနောက်လိုအပ်သလိုအပင်များကိုပြုစုပျိုးထောင်ပေးရပါတယ်။ ကိုယ့်အခင်းထဲမှာဘာရောဂါကျနေလဲ အရွက်တွေပိုးစားနေလား?ဒါမှမဟုတ် အပင်တွေညိုးနေလား?အပင်တွေ ဘတ်ထရီးယားရွက်ပျောက်ဖြစ်နေလား?စသဖြင့် ဂရုစိုက်ကြည့်ပေးရမှာဖြစ်ပါတယ်။ကိုယ်နားမလည် လျှင်အရွက်ကုတ်နေလျှင် အရွက်ကိုခူး၊ အပင်ညိုးနေလျှင်အပင်ကိုနုတ်ပစ်ပါ။ထို့နောက်နားလည်တတ်ကျွမ်းသော စိုက်ပျိုးရေးပညာရှင်နှင့်ပြသပါ။ဆွေးနွေးတိုင်ပင်ပါ။

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
Post image
3

ဖြေကြားချက် ၃ ခု

233 လွန်ခဲ့သော ၇ နှစ် က

တစ်ပင်ကိုပိသာဘယ်လောက်ရလဲ

79,224 လွန်ခဲ့သော ၇ နှစ် က
79,224 လွန်ခဲ့သော ၇ နှစ် က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။