အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၇ နှစ် က · မြင်းခြံ

ဖရဲ အသီးထွားဖို့ လိုက်နာရမည့် အချက် ၉ ချက် ထဲကဒီ ၄ ချက်ကိုမသိလို့ပါ ဒကာဒကာမတို့။ ဦးဇင်းကျောင်းက ဘုရားထဲမှာ...

ဖရဲ အသီးထွားဖို့ လိုက်နာရမည့် အချက် ၉ ချက် ထဲကဒီ ၄ ချက်ကိုမသိလို့ပါ ဒကာဒကာမတို့။ ဦးဇင်းကျောင်းက ဘုရားထဲမှာစိုက်ထားတာပါ။ လိုအပ်တာလေးတွေပြောပြပေးပါ။ ဝါသနာပါပီး ဘုရားထဲသီးပင်စားပင်လေးတွေနဲ ့ဝေဝေဆာဆာဖြစ်အောင်လို့စိုက်တာပါ ကျေးဇူးပြုပီး ဖြေပေးပါဦး။ ၁။ စိုက်ပင်အရွက် ၃-၄ ရွက်ထွက်ချိန်တွင် ထိပ်ညွန့်ကို ဖြတ်ပေးပါ။ ၂။ အတက် ၃-၄ ကိုင်း မွေးပါ။ အပင်ခြေမှ ၃ ပေအကွာ အဆစ် ၁၃-၁၄ ဆစ်တွင် အသီးဖမ်းပါ။ ၃။ ကျန်သော အတက်များကို ဖဲ့ပေးပါ။ အသီးဖမ်းပြီးချိန် အတက်မဖဲ့ရပါ။ ၄။ အဆစ် ၂၇-၂၈ တွင် ဖရဲညွန့်ကို ဖြတ်ပေးပါ။နွယ်ကိုင်းများကို တစ်ခုနှင့်တစ်ခု မထပ်အောင် ဖြန့်ချထားပေးရမည်။

စိုက်ပျိုးနည်း ဖရဲ
Post image
Post image
1

ဖြေကြားချက် ၁ ခု

5,355 လွန်ခဲ့သော ၇ နှစ် က

ဖရဲ အသီးထွားဖို့ လိုက်နာရမည့် အချက် ၉ ချက် ၁။ စိုက်ပင်အရွက် ၃-၄ ရွက်ထွက်ချိန်တွင် ထိပ်ညွန့်ကို ဖြတ်ပေးပါ။ ၂။ အတက် ၃-၄ ကိုင်း မွေးပါ။ အပင်ခြေမှ ၃ ပေအကွာ အဆစ် ၁၃-၁၄ ဆစ်တွင် အသီးဖမ်းပါ။ ၃။ ကျန်သော အတက်များကို ဖဲ့ပေးပါ။ အသီးဖမ်းပြီးချိန် အတက်မဖဲ့ရပါ။ ၄။ အဆစ် ၂၇-၂၈ တွင် ဖရဲညွန့်ကို ဖြတ်ပေးပါ။နွယ်ကိုင်းများကို တစ်ခုနှင့်တစ်ခု မထပ်အောင် ဖြန့်ချထားပေးရမည်။ ၅။ တစ်ပင်တွင် သီးလုံးတစ်လုံးယူမှသာ အသီးကြီးထွားမည်။ ၆။ ဖရဲ အဖိုပွင့်နှင့် အမပွင့် ဝတ်မှုန်ကူးရာတွင် သဘာဝအားဖြင့် ပျားပိတုန်းများဖြင့်သာ ဝတ်မှုန်ကူးသည်။ ၇။ ဝတ်မှုန်ကူးခြင်း မပြည့်စုံပါက အသီး မတင်ခြင်း၊ အသီးပုံပျက်ခြင်းများ ဖြစ်တတ်သည်။ ၈။ ဝတ်မှုံကူးခြင်းသည် နံနက် ၆ နာရီမှ ၈ နာရီအတွင်းသာဖြစ်၍ အမပွင့်သည် ၂ ရက်သာ ဝတ်မှုန် လက်ခံနိုင်သည်။ ၉။ လူနှင့် ဝတ်မှုန်ကူးပေးခြင်းကို နံနက် ၆ နာရီမှ ၈ နာရီအတွင်း ကောင်းစွာ ပွင့်နေသော အဖိုပွင့်ကို အမပွင့်ပေါ် မျက်နှာချင်းဆိုင် အပ်ပြီး လှည့်ပေးရမည်။ အမပွင့် တစ်ပွင့်လျှင် အဖိုပွင့် ၃ ပွင့်နှုန်း ပြုလုပ်ပေးပါ။ မြန်မာ့သြဘာ၏ ဖရဲစိုက်တောင်သူကြီးများလဲ စိုက်ခင်းအတွင်း ဖရဲ အသီးဖမ်းနည်းများကို ပြန်လည် ဆွေးနွေးဝေမျှပေးသွားကြပါအုံးရှင့်။ #awba#Comet Fertilizer #ကောမက်ဓာတ်မြေသြဇာ ယူနီကုဒ် (Unicode) ဖရဲ အသီးထွားဖို့ လိုက်နာရမည့် အချက် ၉ ချက် ၁။ စိုက်ပင်အရွက် ၃-၄ ရွက်ထွက်ချိန်တွင် ထိပ်ညွန့်ကို ဖြတ်ပေးပါ။ ၂။ အတက် ၃-၄ ကိုင်း မွေးပါ။ အပင်ခြေမှ ၃ ပေအကွာ အဆစ် ၁၃-၁၄ ဆစ်တွင် အသီးဖမ်းပါ။ ၃။ ကျန်သော အတက်များကို ဖဲ့ပေးပါ။ အသီးဖမ်းပြီးချိန် အတက်မဖဲ့ရပါ။ ၄။ အဆစ် ၂၇-၂၈ တွင် ဖရဲညွန့်ကို ဖြတ်ပေးပါ။နွယ်ကိုင်းများကို တစ်ခုနှင့်တစ်ခု မထပ်အောင် ဖြန့်ချထားပေးရမည်။ ၅။ တစ်ပင်တွင် သီးလုံးတစ်လုံးယူမှသာ အသီးကြီးထွားမည်။ ၆။ ဖရဲ အဖိုပွင့်နှင့် အမပွင့် ဝတ်မှုန်ကူးရာတွင် သဘာဝအားဖြင့် ပျားပိတုန်းများဖြင့်သာ ဝတ်မှုန်ကူးသည်။ ၇။ ဝတ်မှုန်ကူးခြင်း မပြည့်စုံပါက အသီး မတင်ခြင်း၊ အသီးပုံပျက်ခြင်းများ ဖြစ်တတ်သည်။ ၈။ ဝတ်မှုံကူးခြင်းသည် နံနက် ၆ နာရီမှ ၈ နာရီအတွင်းသာဖြစ်၍ အမပွင့်သည် ၂ ရက်သာ ဝတ်မှုန် လက်ခံနိုင်သည်။ ၉။ လူနှင့် ဝတ်မှုန်ကူးပေးခြင်းကို နံနက် ၆ နာရီမှ ၈ နာရီအတွင်း ကောင်းစွာ ပွင့်နေသော အဖိုပွင့်ကို အမပွင့်ပေါ် မျက်နှာချင်းဆိုင် အပ်ပြီး လှည့်ပေးရမည်။ အမပွင့် တစ်ပွင့်လျှင် အဖိုပွင့် ၃ ပွင့်နှုန်း ပြုလုပ်ပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။