အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
7,435
လွန်ခဲ့သော ၇ နှစ် က · ချမ်းမြသာစည်

နှမ်းကို ဓာတုဆေး၊ ပေါင်းသတ်ဆေး မသုံးဘဲ စိုက်လို့ရလားရှင့် နောက်ပြီး သဘာဝအားဆေးဆိုပြီး ရောင်းတဲ့ဆေးရော သုံးလို့...

နှမ်းကို ဓာတုဆေး၊ ပေါင်းသတ်ဆေး မသုံးဘဲ စိုက်လို့ရလားရှင့် နောက်ပြီး သဘာဝအားဆေးဆိုပြီး ရောင်းတဲ့ဆေးရော သုံးလို့ရမရ သိချင်ပါတယ် ဖြေပေးကြပါဦးရှင့်

ဖြေကြားချက် ၅ ခု

641 လွန်ခဲ့သော ၇ နှစ် က
7,435 လွန်ခဲ့သော ၇ နှစ် က

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ရှင်

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၇ နှစ် က

နှမ်းမစိုက်ခင်ပဲမျိုးရင်းဝင်တစ်မျိုးမျိုးကို ၂လကြိုတင်၍စိုက်ပြီး ၁လ/၁လခွဲခန့်မှာထည်မှောက်လိုက်ပြီးသစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုပါ။သဘာဝဆေးလုပ်နည်းများကိုGreen Way Appတွင်လေ့လာနိုင်ပါတယ်

7,435 လွန်ခဲ့သော ၇ နှစ် က

ဖြေပေးတာ ကျေးဇူးပါရှင့် သစ်စိမ်း မြေသြဇာ သဘာဝပိုးကာကွယ်ဆေးတွေက ဘယ်မှာဝယ်လို့ရလဲရှင့် ထပ်ပြီးကူညီပါဦး

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၇ နှစ် က

စိုက်လို့ ရပါတယ်။သဘာဝမြေဆွေး-နွားချေး/ကြက်ချေး-သစ်စိမ်းမြေသြဇာ-သဘာဝပိုးကာကွယ်ဆေး(တမာ.ဆေးရွက်ကြီး )-သဘာဝရွက်ဖျန်းအားဆေး(ငါးအမိုင်နိုအက်စစ်.ပုလဲ-လက်ချား)သုံးပြီးစိုက်နိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။