ဖြေကြားချက် ၄ ခု
ငါးပိကိုကျိုရသေးလား ဆရာ
ကျေးဇူပါဆရာ
ဟုတ်ကဲ့ ကျေးဇူး အများကြီးတင်ပါတယ်ဗျ။
" ငါးရှဉ့် အစာပါ #အသားတုအား ငါးငါးပိအရည်ကျို စိမ်ပြီး အခြောက်လှမ်း ကျွေးပါ။ #ငါးအသေးအစာအတွက် အခြောက်လှမ်းပြီးသား အသားတုအား အမှုန့်ကြိတ် ကျွေးပါ။ #ငါးအကြီးအစာအတွက် အခြောက်လှမ်းပြီးသား အသားတုအား အနေတော် အတုံးလေးတွေ ခွဲခြမ်းစိတ်ဖြာ လုပ်ကျွေးပါ။ (ငါးပိရည်စိမ်ရမှာနော် ထည့်ပြုတ်လို့မရ) အသားတုအား ငါးပိရည်ထဲသို့ (10)မိနစ် အနည်းဆုံးစိမ်ပါရန်။ ************** #ငါးပိတွင် ရေ၊ ပရိုတင်းနှင့် တွင်းထွက် သတ္တုဓာတ် များ ပါရှိသည်။ #တွင်းထွက်သတ္တုဓာတ်များအနက် ဆားအပြင် ကယ်လဆီယမ်နှင့် ဖော့စဖောရပ်ခေါ် ဒြပ်စင်များလည်းပါသည်။ #ထိုပြင် သွေးကောင်းရန်အတွက် သံဓာတ်လည်း ပါသည်။ #ငါးပိတွင် ရေရာခိုင်နှုန်း ၄ဝ မှ ၅ဝ အထိ၊ #ပရိုတင်းရာခိုင်နှုန်း ၂ဝ မှ ၃ဝ ထိ၊ #အဆီရာခိုင်နှုန်း ၃ မှ ၄ အထိ ပါဝင်သည်။ #စိမ်းစားနှင့် မျှင်ငါးပိတွင် #ဆားရာခိုင်နှုန်း ၁ဝ မှ ၂၅၊ #ရေကျို ငါးပိ၊ ဒမင်းငါးပိနှင့် ငါးပိကောင်များတွင် ဆားရာခိုင်နှုန်း ၂ဝ မှ ၃ဝ အထိ ပါဝင်ကြသည်။ #အသားနှင့် အဆီများပါသော ကြောင့် ငါးပိသည် အခြားအသားများကဲ့သို့ အပူဓာတ်ကို ပေးသည်။ #ငါးပိအမျိုးအစားကိုလိုက်၍ ငါးပိတစ်အောင်စလျှင် #အပူဓာတ် ၃၁ ကယ်လိုရီမှ ၄၈ ကယ်လိုရီအထိ ပေးနိုင်သည်။ ဤအချက်တွင် ငါးပိသည် အမဲသား၊ ဆိတ်သားနှင့် ဝက်သားလောက်ပင် အာဟာရတန်ဖိုးရှိသည်။ #ငါးပိတွင် ကယ်လဆီယမ်ဒြပ်စင်သည် ၁ ဒသမ ၅ မှ ၂ ဒသမ ၅ ရာခိုင်နှုန်း အထိပါသည်။ #ဖော့စဖောရပ်မှာမူ ဝ ဒသမ ၇၅ မှ ၁ ဒသမ ၂၅ ရာခိုင်နှုန်းအထိ ပါသည်။ #အစားအစာ များတွင် ကယ်လဆီယမ် ရာခိုင်နှုန်းများသည် အောက်ပါ အတိုင်း ဖြစ်သည်။ နို့ ဝ ဒသမ ၁၂ ရာခိုင်နှုန်း ကြက်သွန်ဖြူ ဝ ဒသမ ၃ဝ ရာခိုင်နှုန်း နှမ်း ၁ ဒသမ ၄၅ ရာခိုင်နှုန်း ဒန့်သလွန်ရွက် ဝ ဒသမ ၄၄ ရာခိုင်နှုန်း တရုတ်နံနံရွက် ဝ ဒသမ ၂၃ ရာခိုင်နှုန်း ပူဒီနာ ဝ ဒသမ ၂ဝ ရာခိုင်နှုန်း #အထက်ပါ ရာခိုင်နှုန်းနှင့် ယှဉ်ကြည့်သော် ငါးပိသည် ကယ်လဆီယမ်များစွာ ပါသည့်အစာဟု ဆိုနိုင်သည်။ #ကယ်လဆီယမ်ဓာတ်ကို ပေါပေါနှင့် ဖြည့်စွက်ပေးနိုင်သည်။ ကယ်လဆီယမ်နှင့် ဖော့စဖောရပ် နှစ်မျိုးစလုံးပင် ခန္ဓာကိုယ်ရှိ အရိုးများကို ခိုင်မာ စေသည်။ #ငါးပိတွင် ကယ်လဆီယမ် ၂ ဆပါလျှင် ဖော့စဖောရပ် ၁ ဆ နှင့် ဖော့စဖောရပ် ၂ ဆပါမှသာ အာဟာရ လုံလောက်သည်။ #အသားတုသည် ဂျုံကိုအခြေခံ ပြုလုပ်ထားလျှင် ဂျုံမှာဒီဓာတ်တွေပါမယ်- #ဂျုံသည် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ #ဂျုံတွင်ပါဝင်သော ဓာတ်များ ပရိုတိန်း (11.1%) ထုံး (0.14%) မီးစုံး (0.39%) သံ (0.006%) မင်းဂနိ (19.9%) ကြေးနီ (8.7%) ဗီတာမင် အေ (67%) ဘီဝမ်း (2.3%) ဘီတူး (0.5%) နိုင်အာဆင် (24.1%) ပင်ဟိုဆဲနစ် (6.3%) ရေ (12.1%) အသား (12.9%) အဆီ (1.2%) အမျှင် (0.3%) ကဆီ (84.9%) ပြာ (0.7%) #အသားတုသည် ပဲပိစပ်ကို အခြေခံ ထုတ်ထားလျှင် ဒီဓာတ်တွေပါမယ်- ပရိုတိန်း (25%) ထုံး (0.15%) မီးစုံး (0.57%) သံ (0.012%) မင်းဂနိ (8.4%) ကြေးနီ (4.5%) ဗီတာမင် အေ (-) ဘီဝမ်း (2.8%) ဘီတူး (0.8%) နိုင်အာဆင် (11.2%) ပင်ဟိုဆဲနစ် (1.4%) ရေ (5.6%) အသား (35.8%) အဆီ (19.8%) အမျှင် (4.9%) ကဆီ (33.9%) ပြာ (5.6%) #CRD
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
တိုင်းရင်းကြက်မွေးးနေပါတယ်၊ပေါက်လာမယ့်ကြက်ငယ်ကလေးတွေကိုဘယ်လိုမွေးသင့်သလဲအစာဘယ်လိုကျွေးရမလဲဆိုတာအကြံပြုပေးကြပါ။
ဖြေကြားချက် 2 ခု
နှးသားစပျနညျး၊အစာကြှေးနညျး၊နှားအမြိုးအစား
ဖြေကြားချက် 2 ခု
CP ဝက်ပေါက်ဘယ်မှာဝယ်လို့ရနိ ုင်မလဲ
ဖြေကြားချက် 1 ခု
တီကျစ်စာမွေးမြူနည်းသိချင်ပါတယ်။ ကျေးဇူးတင်ပါသည်။
ဖြေကြားချက် 2 ခု
နွားစားမြက်ပင်စိဝယ်ဆိုက်ရတာလား ပင်ကိုဝယ်ရတာလားဘယ်မှာဝယ်လို့ရမလဲ
ဖြေကြားချက် 2 ခု