မြေပဲအတွက် မြေဆီ၊ကျောက်မှုန့် တို့ကို စိုက်ကြောင်းအတွင်းထည့်တာနဲ့ ကြဲပတ်တာ ဘယ်ဟာပိုကောင်းလဲခင်ဗျာ။ ကျေးဇူးပြု၍...
မြေပဲအတွက် မြေဆီ၊ကျောက်မှုန့် တို့ကို စိုက်ကြောင်းအတွင်းထည့်တာနဲ့ ကြဲပတ်တာ ဘယ်ဟာပိုကောင်းလဲခင်ဗျာ။ ကျေးဇူးပြု၍ အကြံပေးပါ။
မြေပဲအတွက် မြေဆီ၊ကျောက်မှုန့် တို့ကို စိုက်ကြောင်းအတွင်းထည့်တာနဲ့ ကြဲပတ်တာ ဘယ်ဟာပိုကောင်းလဲခင်ဗျာ။ ကျေးဇူးပြု၍ အကြံပေးပါ။
ကျေးဇူးပါ။
ကြဲပက်တဲ့အခါ အလေအလွင့်များပါတယ်။ စိုက်ကြောင်းထဲထည့်လိုက်တော့ မြေလည်းပြန်ဖုံးပြီးသားမို့ အဆင်ပြေတာပေါ့။
မြေဆီ(ကွန်ပေါင်း)နဲ့ကျောက်မှုန့်တစ်ဝက် ကိုမစိုက်ခင် မြေပြင်ချိန်မှာထည့်ပါ။ကျန်တဲ့ကျောက်မှုန့်တစ်ဝက်ကိုနောက်ဆုံးကြားဝင်ချိန်((ရက် ၃၀/၄၅)မှာတန်းကြားထဲထည့်ပြီးကြားထွန်ဝင်လိုက်ပါ။အဲဒီအချိန်မှာအစိုဓါတ်ရှိရင်ပိုကောင်းပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငါး အမိုင်နိုကို n p k အချိုးအစား ပါတဲ့ ( ဥပမာ. မြေပဲအထူး. အားကောင်း.. အာမို ၁./ ၂ ကောမက် ၁ / ၂. စသည့်) ရွတ်...
ဖြေကြားချက် 4 ခု
မြေပဲအထွက်တိုးနည်းလေးရှိရင် ပြောကြပါဦး ဘာဆေးသုံးရင် ကောင်းမလဲဗျ
ဖြေကြားချက် 1 ခု
မြေပဲအားဆေးကောင်းကောင်း အောဂနစ်နင့်လုပ်ချင်ပါတယ် လမ်းညွန်ပေးပါဗျာ
ဖြေကြားချက် 2 ခု
မြေပဲစိုက်နည်းမြေသဇြာအသူံးပြုနည်းမျှဝေပေးပါအူး
ဖြေကြားချက် 1 ခု
မြေပဲပငအာ်ဟာရနဲနေလို့ပါဘာလုပ်ရမလဲ
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။