အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,542
လွန်ခဲ့သော ၆ နှစ် က · မုံရွာ

အခုချိန်နှမ်းနက်စိုက်ရင်ဖြစ်နိုင်လာဗျ

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ပျိုးနည်း
6

ဖြေကြားချက် ၆ ခု

3,542 လွန်ခဲ့သော ၆ နှစ် က

အခုစိုက်ချင်လို့မေးတာဗျ အရင်နှစ်တွေကကြက်သွန်ကြားမှာနှမ်းအလှေ့ပေါက်ကသီးလို့မေးတာပါဗျ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အသီးဝင်နေပြီဆိုတော့ ရနိုင်ပါတယ်။

3,542 လွန်ခဲ့သော ၆ နှစ် က

ဒေသကတော့ကြက်သွန်စိုက်ကြတယ် နှမ်းပြန်ပေါ့ နှမ်းရိပ်ပြီး ထယ်ရေးလုပ်ပြီးပြန်စိုက်ကြတယ် နှမ်းကွဲလို့ကြခဲ့တဲ့အစေ့ကကြက်သွန်ကြားမှာပေါက်ပြီးအသီးသီးတယ်ဗျရေသွင်းလို့ရတဲ့နေရာမှာစိုက်ရင်ဖြစ်နိုင်လောကမယ်ထင်လို့မေးကြည်တာပါဗျ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အောင်မြင်ဖြစိထွန်းမှု မရှိနိုင်ဘူးလို့ထင်ပါတယ်။နှမ်းကို နွေနှမ်း..မိုးနှမ်း..ဆောင်းနှမ်းဆိုပြီး ၃မျိုးစိုက်ပျိုးလေ့ရှိိပါတယ်။နွေနှမ်းကို ဖေဖေါ်ဝါရီမှမတ်လကုန်အတွင်း ရေသွင်း/ဘောင်စံနစ်နဲ့စိုက်ကြပါတယ်။မိုးနှမ်းကို မေ/ဇွန် မိုးရွာတာနဲ့စိုက်ကြပါတယ်(မကွေး/တောင်တွင်းကြီး)။ဆောင်းနှမ်းကို စက်တင်ဘာလကုန်နောက်ဆုံးထားစိုက်ကြပါတယ်(ပခုက္ကူ/မြိုင်/ရေစကြို) မြန်မာနိုင်ငံအလယ်ပိုင်း/အညာဒေသ မှာမိုးတွင်းအစိုဓါတ်နဲ့စိုက်ကြတာမို့ စက်တင်လကုန်နောက်ဆုံးထားစိုက်ကြခြင်းဖြစ်ပါတယ်။အဲဒါထက်နောက်ကျပြီးမှစိုက်ကြမယ်ဆိုရင် အပင်ဖြစ်ထွန်းမှုကာလတလျှောက်မှာ အစိုဓါတ်မလုံလောက်ခြင်း.. နေရောင် ခြည်ရရှိမှုနည်းခြင်း..ရာသီဥတုအေးခြင်း..တွေနဲ့မလွဲမသွေကြုံတွေ့ ပြီး အပင်ဖြစ်ထွန်းမှုနည်းမယ်..ပျက်စီးနိုင်တယ်။သီးတော့၂လုံးပြွတ် ရိတ်တော့ဖင်တရွတ် ​​ဖြစ်သွားနိုင်ပါတယ်။မစိုက်စေလိုပါ။နှမ်းရဲ့သဘောက ပူအိုက်ဆွတ်စိုတဲ့ရာသီဥတုနဲ့ အစိုဓာတ်လုံလောက်စွာရှိမှုကိုကြိုက်ပါတယ်။ဒါပေမဲ့ ရေဝပ်တာကိုတော့မကြိုက်ပါဘူး။

3,542 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကျေးဇူးပါဗျ

116 လွန်ခဲ့သော ၆ နှစ် က

ဖြစ်တယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။