အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

မန်ဂျန်ရှားကို ဘယ်လိုပျိုးရလဲဆိုတာ သိချင်ပါတယ် ခင်ဗျ

စိုက်ပျိုးနည်း အခြား
3

ဖြေကြားချက် ၃ ခု

522 လွန်ခဲ့သော ၅ နှစ် က

09786800375 viber မှာ လှမ်းတောင်းပါ စာအုပ်လေး ပို့ပေးပါလိမ့်မယ်

လွန်ခဲ့သော ၈ နှစ် က

်မန်ဂျန်ရှားမျိုး အစစ်ကိုအရင်ရအောင်ကျိုးစားပါ ပြီးရင် တပတ်ခန့်နေလှန်းပါ အစေ့မှာ ကပ်နေတဲ့အဝါဖတ်းလေးတွေ ကြွေသွားအောင် စကောထဲထည့်ပြီး ချေပါ ရေနွေးဆူအိုးထဲကို ငါးမိနစ်ခန့်ပြုတ်ပါ ပြီးရင်ဆယ်ပြီး ရေအေးထဲကို နာရီဝက်ခန့် စိမ်ပါ ဒါတွေမလုပ်ခင် ၄လက်မခန့်အနက်ရှိတဲ့ ပျိုးအိတ်ထည့်ရန်မြောင်းတူးပါ ထွက်လာတဲ့ မြေစာကို နွားချေးအခြောက်နဲ့ရောမွေပါ မြေစာမကောင်းပါက မသုံးပါနဲ့ အခြားကမြေစာကိုယူသုံးပါ နွားချေးရောထားတဲ့မြေစာကို ၄လက် ၆လက်မအရွယ်အိတ်တွင် သွပ်ပါ သွပ်ပြီးပါက စောစောကတူးထားတဲ့မြောင်းအတွင်းစီပါ ပြီးလျှင် ရေဝအောင် လောင်းပါ ရေသုံးရက်လောက် ကြိုလောင်းပါ ၃ရက်မြောက်နေ့မှ မျိုးစေ့ကိုပြုတ်ပါ ပြုတ်ပီး အအေးခံပြီး မျိုးစေ့ကို အိတ်တွင် ၁စေ့ ၂စေ့ ခန့်စီထည့်ပါ တစာနေ့ ၂ခါရေလောင်းပါ တပတ်နေလျှင် ထိကရုန်းပင်လို ထွက်လာပါလိမ့်မယ် ၂ ပတ်မြောက်ဆိုရင် မန်ဂျန်ရှားအရွက်လေးတွေ ထွက်လာပြီး တလကျော်လောက်ဆို ထိကရုန်းရွက်လေးတွေ ကြွေသွားပါလိမ့်မယ် ပျိုးသက် ၂လခွဲခန့် အပင်အမြင့် ၂ပေခန့်ဆို စိုက်ပျိုးနိုင်ပါပြီ

လွန်ခဲ့သော ၈ နှစ် က

အစေ့ကိုနေလှန်းပါ အဝါရောင်ပွင့်ဖတ်လေးများကုန်သွားအောင်လက်ဖြင့်ပွတ်၍အစေ့ဘဲကျန်အောင်လုပ်ပါ ရေနွေးကြက်သိးနွေးတွင်မိနစ် ၂၀ခန့်စိမ်ပြိးလျင် ပျိုးအိပ်သို့မဟုတ်ဘောင်တွင်ပျိုးပါ စေ့ကိုနေလှန်း၍လက်ဖြင့်ပွတ်ပြိးအဝါရောင်ပွင့်ဖတ်များကုန်အောင်လုပ်ပါပြိး၇င်ရေနွေးကြက်သိးနွေးတွ်င် မိနစ်၂၀ခန့်စိမ်ပြိး ပျိုးအိတ်\ပျိူးဘောင်တွင်ပျိူးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။