ဘာလက္ခဏာကြောင့်အဲ့လိုဖြစ်တာလဲသိချင်လို့ပါ ပြီးဘယ်လိုကာကွယ်ရမလဲ မှိုသတ်ဆေးဖျန်းတာလဲစုံနေပါပြီ
ဟုတ်ကဲ့ပါဗျား မြေမှာသံဓာတ်လွန်ကဲနေတာကောဖြစ်နိုင်လား အဲ့အခင်းကမနှစ်ကအာလူးစိုက်ထားတာပါ
သံချေးမိူဘဲနေမယ်ထင်တယ်
သံချေးမှိုရောဂါလို့ ယူဆပါတယ်အစ်ကို ။ဒီရောဂါကို ဖြစ်စေတဲ့မှိုက အခြေအနေအမျိုးမျိုးမှာ ရှင်သန်နေနိုင်လို့ မနိုင်ဘဲဖြစ်နေရတာပါ။ရာသီဉတုက ၂၈ ဒီဂရီစင်တီဂရိတ်လောက် ခပ်အေးအေးလေးနဲ့ စိုထိုင်းဆနဲနဲရှိမယ်ဆိုရင် မျိုးများနှုန်းတွေမြင့်ကြပါတယ်။ဒီရာသီဉတုအခြေအနေကြောင့် ဆိုးဆိုးဝါးဝါးကျရောက်နေတာပါအစ်ကို။သူက ပဲပုပ်မရှိတော့ရင်လည်း ပဲမျိုးရင်းဝင်အပင်တွေမှာ ကပ်ပါးနေနိုင်သေးတာမို့ ကာကွယ်ဖို့ဆိုရင် လက်ခံလွဲပင်တွေကိုပါ ဖယ်ပစ်ဖို့လိုပါမယ် ။ခံနိုင်ရည်ရှိတဲ့မျိုးကိုစိုက်တာတော့ အကောင်းဆုံးပါပဲ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲပုပ်မှာ ဘာဖြစ်တာလဲ ဖြေပေးကြပါအုံး
ဖြေကြားချက် 1 ခု
ပဲပုပ် အရွက်တွေဝါနေတာဘာကြောင့်ဖြစ်တာလည်း
ဖြေကြားချက် 3 ခု
ပဲပိစပ်နဲ့ ပဲပုပ်က အတူတူလား ကျနော်တို့ဒေသခေါ် ပဲငပိ/ပဲပုပ် သည် နိုဝင်ဘာလတွင် စိုက်ပျိုးပါက ပင်စည် အသီးအပွင့်...
ဖြေကြားချက် 4 ခု
ပဲနီလေး သို့မဟုတ် ပဲရာဇာ စိုက်ပျိုးနည်း နှင့် အထွက်ကောင်းအောင်ပြုစုနည်းသိချင်ပါတယ်။အကြံပေးကြပါ ကျေးဇူးပါ
ဖြေကြားချက် 4 ခု
ပဲပုတ်အထွက်နုန်းကောင်းအောင် ဘယ်လိုလုပ်ရမလည်း ဘာဆေးသုံးရမလည်း လင်းပေးကြပါအုံး
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။