စီးပွားဖြစ် စိုက်ပျိုးထားတာပါဗျ ကိုင်းညှပ် တာ ဘယ်လို အနေထား ကိုင်းညှပ်တာ အမှန်ဆုံးလဲဗျ
ကိုင်းညှပ်တာကတော့ အပင်ကိုနောက်ထပ်တစ်ခါပွင့်ဖို့ အားပြန်ရှိအောင်လုပ်ပေးတဲ့ သဘောမို့ အမှန်ဆုံးနည်းရယ်လို့တော့ ရှိမယ်မထင်ဘူးအစ်ကို ။လေ့လာဖူးတဲ့ အချက်လေးတွေတော့ ရှိတယ်ရှင့်။ပထမတစ်ခါပွင့်ပြီးတဲ့ အကိုင်းသေတွေဖယ်တာတို့ အရွက်တွေအကုန်သင်ပစ်တာတို့လုပ်လေ့ရှိပါတယ်။မကောင်းတဲ့အကိုင်းမှန်သမျှအကုန်ဖယ်တာမျိုးတွေလဲလုပ်တယ်အစ်ကို။ဒီလိုလုပ်တဲ့အခါမှာ အဖူးထွက်ဖို့ရှိတဲ့နေရာနဲ့ လက်မဝက်လောက်ခွာလေ့ရှိပါတယ်။ ပြီး နှင်းဆီခြုံပုတ်ရဲ့ အလယ်ကို ပွင့်အောင် ကန့်လန့်ဖြတ်အကိုင်းတွေကို ရှင်းလင်းပေးပါတယ်။ဒီလိုလုပ်တာကတော့ အကိုင်းတွေ ဘေးကိုဖြာထွက်စေချင်လို့ပါ။ကိုင်းဖြတ်ကတ်ကြေးကို သန့်စင်ဖို့တော့ သတိထားစေချင်တယ်ရှင့်။ဖြတ်တဲ့အခါမှာလည်း ခပ်စောင်းစောင်းလေးဖြတ်ပေးပါ။ရေတွေတင်ကျန်နေပြီး ရောဂါကူးစက်ခြင်းတွေကို ကာကွယ်နိုင်အောင်လို့ပါ။ကိုင်းဖြတ်ခြင်းလုပ်ငန်းပြီးရင်တော့ အမှိုက်သရိုက်တွေဖြတ်စတွေကို ရှင်းဖို့မမေ့ပါနဲ့။ရောဂါပိုးမွှားတွေခိုးအောင်းနေနိုင်တာမို့ပါ။နှင်းဆီက အစားကြီးတဲ့အပင်ထဲမှာပါလို့ ကိုင်းညှပ်ခြင်းလုပ်ငန်းပြီးရင်တော့ မြေသြဇာကျွေးဖို့လိုပါမယ်ရှင့်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့်နှင်းဆီပင်းတွေ မှိုကျနေလို့ ဘာဆေးသုံးရမလဲဆရာတို့ ညွန်ကြားပေးကြပါဦး
ဖြေကြားချက် 1 ခု
နှင်းဆီးအပင်ရှင်အောင်ဘယ်လိုစိုက်ရမလဲဗျ
ဖြေကြားချက် 1 ခု
နှင်းဆီပင်ကအတက်ထွက်တော့အနီရောင်ထွက်ပြီးအရွက်တွေကစိမ်းမလာပဲအဝါရောင်ဖြစ်နေတယ်အပွင့်လည်းမလှဖြစ်နေလို့ဘယ်လိုပြု...
ဖြေကြားချက် 1 ခု
နှင်းဆီပင်မှာအကြေးပိုးကျတာ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
နွယ်နှင်းဆီနဲ့ နှင်းဆီက တူတူပဲလား...ဝယ်စိုက်မယ်ဆို ဘယ်လိုခွဲရမလဲ?
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။