အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၆ နှစ် က · နမ့်စန်

နှင်းရိုက်လို့ ဒီလိုဖြစ်သွားတယ် ပြန်ကောင်းအောင်လုပ်တဲ့နည်းလမ်းလေးရှိရင်ပြောပြပေးပါခင်ဗျာ

စိုက်ပျိုး ရေ ထောပတ်သီး
Post image
3

ဖြေကြားချက် ၃ ခု

348 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

79,224 လွန်ခဲ့သော ၆ နှစ် က

နှစ်ရှည်ပင် ထုံးသုတ်ခြင်း အသေးစိတ်ကိုတော့ ဒီဆောင်းပါးမှာလေ့လာကြည့်ပါအစ်ကို

79,224 လွန်ခဲ့သော ၆ နှစ် က

လောလောလတ်လတ်ကတော့ ထုံးသုတ်ထားလို့ရပါတယ် ။အရွက်တွေကြွေသွားတဲ့အခါ နေလောင်ဒါဏ်ကိုခံနိုင်ရည်ရှိအောင်လို့ပါ။ သတိထားရမှာတစ်ခုက နှင်းရိုက်ခံထားရတဲ့အပင်က အရွက်တွေမရှိတော့ပေမယ့် အမြစ်ဖွဲ့စည်းပုံတွေကတော့ ကောင်းနေသေးပါတယ်။ဒါကြောင့် အညွန့်သစ်တွေပြန်ထွက်လာဖို့ အစောပိုင်းမှာ ရေနည်းနည်းလေးလောင်းပေးပါ။ များရင်တော့ အမြစ်တွေကို ထိခိုက်နိုင်ပါတယ်။ ပုံမှန်အညွန့်အသစ်လေးတွေကို နွေဦးပေါက်မှာ ပြန်မြင်ရမှာပါ။ အာ့ကြမှာ နိုက်ထရိုဂျင်မြေသြဇာ ကျွေးပြီးပြန်စုပါ။ နောက်နှစ်တွေအတွက် ခုလိုမဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေ လုပ်သင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။