အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
118
လွန်ခဲ့သော ၆ နှစ် က · ပြည်ကြီးတံခွန်

ဆရာတို့ ကျွန်တော်အိမ်မှာစိုက်ထားတဲ့သစ်ခွပင်တွေက ရေနေ့တိုင်းဖြန်းပေမယ့်ရေဓာတ်နည်းသလို ဥတွေခြောက်လာပြီးအရွက်တွေ...

ဆရာတို့ ကျွန်တော်အိမ်မှာစိုက်ထားတဲ့သစ်ခွပင်တွေက ရေနေ့တိုင်းဖြန်းပေမယ့်ရေဓာတ်နည်းသလို ဥတွေခြောက်လာပြီးအရွက်တွေဝါလာလို့ပါ ပြီးတော့ပန်းမပွင့်တာလဲအရမ်းကြာပါပြီ အပွင့်အားဆေးတွေကျွေးပေမယ့် အသုံမဝင်လို့ပါ နည်းလမ်းမှားနေတယ်ထင်လို့ ဘယ်လိုစိုက်ပျိုးရမယ်ဆိုတာကူညီလမ်းညွှန်ပေးပါဦး

အပင်အာဟာရ သစ်ခွ

ဖြေကြားချက် ၂ ခု

118 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးတင်ပါတယ်

79,224 လွန်ခဲ့သော ၆ နှစ် က

သစ်ခွမျိုးစိတ်များ၏ ပန်းပွင့်ခြင်းမှာ နေ့တာအတို၊ အရှည်နှင့် ပတ်သက်မှုမရှိပေ။ ပန်းပွင့်သန္ဓေတည်ခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ညအပူချိန်ကျရန်သာ ဖြစ်သည်။ နေ့အပူချိန်နှင့် ညအပူချိန် ကွာခြားရန်လိုအပ်သည်။ ညအပူချိန် (၂၈) ဒီဂရီစင်တီဂရိတ် (၈၂) ဒီဂရီဖာရင်ဟိုက်ထက်အေးသော ဝန်းကျင်၌သာ ပန်းပွင့်သန္ဓေတည်နိုင်သည်။ သစ်ခွများကို ပွင့်စေခြင်း (၃) ဒီဆောင်းပါးမှာ အသေးစိတ်ဖတ်နိုင်ပါတယ်ရှင့် တစ်ခြားဆက်စပ်ဆောင်းပါးတွေကိုလည်း အစိမ်းရောင်လမ်းမှာ ဖော်ပြထားပေးပြီးသားရှင့်ပါတယ်ရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။