အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
406
လွန်ခဲ့သော ၆ နှစ် က · နွားထိုးကြီး

ငါးမိုင်နိုအက်စစ်၏ကောင်းကျိုးများ

အပင်အာဟာရ ကျွဲကော
2

ဖြေကြားချက် ၂ ခု

116 လွန်ခဲ့သော ၆ နှစ် က

ကျေဇူးတင်ပါတယ်

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ငါးအမိုင်နိုအက်စစ်သည် ပင်ပိုင်းကြီးထွားမှုအားပေးပါသည်။တနည်းအားဖြင့်အပင်အားဆေးတမျိုးပင်။ဒါကြောင့်အပင်၂ပတ်သား..၃ပတ်သားအရွယ် မှ ပန်းစပွင့် သည့်အချိန်ထိ ၂ကြိမ်..၃ကြိမ် ဖျန်းပေးမယ်ဆိုရင် အရွက်များစိမ်းစိုခြင်း, အပင်သန်စွမ်းကာကြီးထွားမှုမြန်ခြင်း,ပုလဲမြေသြဇာကိုလျှော့သုံးနိုင်သဖြင့်ဓာတ်မြေသြဇာဖိုးသက်သာခြင်း,ရာသီဥတုပူပြင်းခြောက်သွေ့သော်လည်းအပင်စိမ်းစိုနေခြင်းများ...စသည့်ကောင်းကျိုးများခံစားနိုင်ပါတယ်။ရုံးပတီးပင်များတွင်သုံးကြည့်ရာ အသီးများနုထွားလာခြင်း,အသီးထွက်နှုန်းပိုမိုကောင်းလာခြင်း နဲ့ အသီးဆွတ်ခူးကာလရှည်လာခြင်းတို့တွေ့ရှိရပါတယ်။သီးနှံမျိုးစုံမှာအပင်အားဆေးအနေနဲ့သုံးနေပါပြီ။ဒါ့အပြင် မြေဆွေးပုံများပြုလုပ်ရာမှာလည်း အာဟာကြွယ်ဝစေရန်နဲ့အဆွေးမြန်စေရန်လည်းသုံးနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။