အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
989
လွန်ခဲ့သော ၆ နှစ် က · မြိတ်

အသီးလေးထွက်လာပြီး အအဝါရောင်လိုက်လာကာ ကျွေနေပါတယ် အသီးထွက်အားလည်းနည်းနေသလိုပဲ အလင်းပြပေးပါခင်ဗျား

ပိုးမွှားရောဂါ သင်္ဘော
Post image
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အသီးကြွေတာ/အသီးမတင်တာဟာ အဓိက(၃)ချက်ရှိပါတယ်။နံပါတ်တစ်က မြေသြဇာဘဲ။ကွန်ပေါင်းမြေသြဇာကို မြေပြင်ချိန်ရယ်,အပင်သက်၂၅ရက် သားခန့်မှာရယ်,နောက်ရက်၆၀ခန့်မှာရယ်,ပန်းစပွင့်တဲ့အချိန်ရယ်,အသီးကင်းဝင်ချိန်ရယ်...၅ကြိမ်လောက်မြေဆီကျွေးသင့်ပါတယ်။အပင်ဖြစ်လာမှကျွေးရင်တော့ အပင်ပတ်ပတ်လည်မှာ မြောင်းကို တိမ်တိမ်နဲ့ကျယ်ကျယ်တူးပြီးမြေဆီထည့်ပါ။ထည့်ပြီးရင်မြေနဲ့ပြန်ဖုံးပါ။နံပါတ်နှစ်ကတော့ဒီအပင်ကပူပြင်းခြောက်သွေ့တာကိုကြိုက်တယ်။အစိုဓာတ်နည်းနည်းဘဲလိုအပ်တယ်။ လေပြင်းတိုက်တာကိုမခံနိုင်ဘူး။တအား ခြောက်သွေ့နေရင်ရေသွင်းပေးပါ။ရေမဝပ်ရဘူး။နောက်ဆုံးအချ​က်ကတော့ ရောဂါကြောင့်ဘဲ။ဗိုင်ရပ်စ်ရောဂါကြောင့်အရွက်တွေမှာဝါစိမ်းကွက်တွေတွေ့လိမ့်မယ်။ပြီးရင်အရွက်တွေခြောက်လာလိမ့်မယ်။အသီး​လေးတွေအဝါရောင်လိုက်လာလိမ့်မယ်။ ဒီလိုဖြစ်နေရင် အရွက်တွေကိုဖယ်ရှားပြီးအဝေးတစ်နေရာမှာသွားလွှင့်ပစ်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။