အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,187
လွန်ခဲ့သော ၆ နှစ် က · သနပ်ပင်

ပဲတီစိမ်းပင် ရက်25ရက်သားရှိပါပြီ အပင်ကြီးထွားနှုန်းကောင်းအောင်ဘာဆေးသုံးရမလဲခင်ဗျ

အပင်အာဟာရ ပဲတီစိမ်း ပဲတီစိမ်းအပင်အာဟာရ
5

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ငါးအမိုင်နိုအက်စစ်အသုံးများသောဒေသတွေမှာတော့ ဆေးဆိုင်တွေ၊စိုက်ပျိုးရေးရုံးတွေမှာဝယ်ယူရရှိနိုင်ပါတယ်။များသောအားဖြင့်လုပ်နည်းသိတဲ့တောင်သူတွေက အကျိုးရှိမှန်းသိတာကြောင့်ကိုယ်တိုင်လုပ်ထားကြပါတယ်။လုပ်ပြီး ၁လခွဲ..၂လလောက်မှအသုံးပြုလို့ရတာမို့ကြိုလုပ်ထားကြပါတယ်။(ငါးအမိုင်နိုအက်စစ်အကြောင်းကို အစိမ်းရောင်လမ်း...စိုက်ပျိုးနည်း...အပင်အာဟာရထဲတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်)

9,187 လွန်ခဲ့သော ၆ နှစ် က

ငါးအမှိုင်နှိအက်စစ်ကကောစိုက်ပျိုးရေးဆေးဆိုင်တိုင်းမှာရနိုင်လားဆရာ မသိလို့ပါဆရာ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

လက်ချားကိုပရဆေးဆိုင်(ဘယဆေးဆိုင်)မှာဝယ်ယူရရှိနိုင်ပြီး မြေအိုး/ဒယ်အိုး/သွတ်ပြား..သံ​ပြားတွေအသုံးပြုပြီးမီးအပူပေးလှော်ရပါတယ်။အပူပေးတဲ့အခါ ပေါက်ပေါက်ဖောက်သလိုပွရွလာပါတယ်။တုတ်တစ်ချောင်းနဲ့မပြတ်မွှေပေးနေတဲ့အခါဖြူညစ်ညစ်အရောင်မှဖြူဆွတ်ဆွတ်အရောင်ပြောင်းသွားပါလိမ့်မယ်။ပွလာတဲ့အတွက်ပွားများလာတာကိုတွေ့ရပါလိမ့်မယ်။အဲဒီနောက်အအေးခံ၍ မှုန့်ညက်သွားအောင် ပုလင်းတခုခုဖြင့်ကြိတ်ပြီး ဖန်ပုလင်းနဲ့သိမ်းဆည်းပြီးအချိန်မရွေးအသုံးပြုနိုင်ပါပြီ။

9,187 လွန်ခဲ့သော ၆ နှစ် က

​​လှော်​ပြီးသားလက်ချာ(ဘိုရွန်)ကိုဘယ်မှာဝယ်လို့ရနိုင်လဲဆရာ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အပင်​​ကြီးထွားနှုန်ကောင်းအောင် ငါးအမိုင်နိုအက်စစ်က်ိုပန်းစပွင့်တဲ့အချိန်ထိဖျန်ပေးပါ။၅ရက်ကိုတစ်ကြိမ်နှုန်းပေါ့။ အသီးများများသီးအောင် ပုလဲ+လက်ချား ရွက်ဖျန်းမြေသြဇာဖျန်းပေးပါ။ဆေးဖျန်းပုံး တစ်ပုံး ကို ပုလဲ၁၆ဇွန်း နဲ့ လှော်ပြီးသားလက်ချား(ဘိုရွန်) ၄ဇွန်းနှုန်းနဲ့ ၁ဧက..၅ပုံးဖျန်းပေးမယ်ဆိုရင် အားဆေးဖိုးလည်းသက်သာ,အသီးအထွက်နှုန်းလည်း ကောင်းပါလိမ့်မယ်။ပန်းစပွင့်ချိန်,ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နဲ့သီးကင်းဝင်ချိန်တို့မှာဖျန်းပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။