ဖြေကြားချက် ၁ ခု
ဒေါင်းနီးမှိုရွက်ခြောက်ရောဂါဆိုရင် ဒက်ကိုနေး၊ ဘန်ကိုနေး၊ လာဘီလိုက်၊ ရီဒိုမေး၊ ဖော်တာဇက် စတဲ့ မှိုသတ်ဆေးများ သုံးစွဲနိုင်ပါတယ်။ ဟင်းသီး ဟင်းရွက် ပင် ဖြစ်တဲ့ အတွက် PHI (Pre Harvest Interval) ဆေးဖြန်းပြီး စောင့်ရမဲ့ ရက်ကို သေချာ ဖတ်ပြီး ဆေးဖျန်းစေလိုပါတယ်။အခု ပြောပြတဲ့ဆေးတွေမှာ နောက်ဆုံး နှစ်ခု ဖြစ်တဲ့ ဖော်တာဇက်နဲ့ ရီဒိုမေးက PHI သည် ၇ ရက် ပါ။ ကျန်တဲ့ ဆေးများသည် ၁၄ ရက်ပါ။ ဆေးနှုန်းထားကတော့ ဆေးဘူးမှာ တွေ့နိုင်မှာပါ။ မြေခံအဖြစ် ပိုတက် မြေသြဇာကို မဖြစ် မနေ ထည့်ပေးစေလိုပါတယ်။စာအုပ်စင်မှာ ဟင်းသီး ဟင်းရွက်တွင် ကျရောက်တတ်သော ပိုးမွှားနှင့် ရောဂါများ စာအုပ်ရှိပါတယ်။ ဒေါင်းလုပ်ရယူပြီး လေ့လာနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သခွားတွေဘာဖြစ်တာလဲဟင်
ဖြေကြားချက် 3 ခု
မှုံလာဥ အကြောင်းလေးပါအထွေထွေအသေစိတ်ကအစဖြေကြားပေးပါရန်တောင်းဆိုပါသည်ခဗျာ ရေားဂါဝင်ချိန်ဆေးသုံး...
ဖြေကြားချက် 1 ခု
ဘူးပင် အရွက်တွေလိပ်ပြီး ပင်စည်အရိုးကွဲပြီးအညွန့်တွေမဲပြီးပုပ်တာ ဘာဆေးဖြန်းရမလဲဆိုတာ ညွန်ကြားပေးပါအုံး
ဖြေကြားချက် 1 ခု
မိုးဂေါ်ဖီထုတ် စိုက်ပျိုးနည်း အကြောင်းလေးသိချင်ပါတယ်ခဗျ တင်ပေးပါအုံးခဗျ ကျေးဇူးတင်ပါတယ်
ဖြေကြားချက် 1 ခု
မှိုဆေးဖြန်းမလို့အသီးသီးနေပြီသခွားပင်ဖြန်းလို့ရမလားဆရာ
ဖြေကြားချက် 2 ခု