အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

မတ်ပဲ အပင်တေ အရွယ်ရောက် အသီးတင်မှ သေသွားလို့ပါ

ပိုးမွှားရောဂါ ပဲမျိုးစုံ

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

*မတ်ပဲ အပင်တွေပန်းပွင့်တုန်းသေတာက ပင်စည်ထိုးယင် (Stem fly)ကြောင့်ရယ် ရိုင်ဇိုတိုးနီးယား မှိုကြောင့်ရယ် (Rhizoctonia app)ဒီနှစ်မျိုးကြောင့် သေကြတာဖြစ်ပါတယ်။ **ရိုင်ဇိုတိုးနီးယား မှိုက မြေဆောင်ရောဂါဖြစ်နိုင်သလို ပင်စည်ထိုးယင်ဝင်ထားတဲ့ဒဏ်ရာကနေ တစ်ဆင့် ထပ်ပြီးဝင်တာလည်းဖြစ်နိုင်ပါတယ်။ **ပထမဦးစွာ ပင်စည်ထိုးယင်ကို နှိမ်နင်းဖို့အတွက် မျိုးစေ့လူးနယ်ဆေး Imidacloprid (အေမီတာ ကလိုပစ်) ကို လူးနယ်စိုက်ပါ။ အပင် ၃ပါတ်သားမှာ ပင်စည်ထိုးယင်ကာကွယ်ဖို့အတွက် Acetamiprid (အဆီတာမီ ပရစ်) , Imidaclopridဆေးတွေကို ဖျန်းပေးရပါမယ် < ***ရိုင်ဇိုတိုးနီးယား မှိုကိုတော့ Tebuconazol(တက်ဗျူကိုနာဇိုး), Hymexazol(ဟိုက်မက်ဇာဇိုး), Trifluoxystrobin (ထွိုင်ဖလောက်ဇီ စတိုဗင်) အစရှိတဲ့ မှိုရောဂါ ကာကွယ်ကုသဆေးများကို အသုံးပြု နှိမ်နင်းရပါမယ် ***Hymexazol(ဟိုက်မက်ဇာဇိုး)ကို ပုံမှန်ဖျန်းပီး ကျန်ဆေးနှစ်မျိုးကို အလှည့်ကျ ဖျန်းပြီးကာကွယ်နိုင်ပါတယ်။ဒါတွေကတော့ ဓာတုဗေဒ ဆေးသုံးနည်းတွေပါ။ ###ပင်စည်ထိုးယင်ကို ကာကွယ်ဖို့ တမာပိုးသတ်ဆေး သုံးနိုင်ပါတယ် ###မြေဆောင်မှိုရိုင်ဇိုတိုးနီးယား ကိုတော့ မြေပြု ပြင်ခြင်း နည်းလမ်းနဲ့ လျော့ပါးအောင်လုပ်နိုင်ပါတယ်###ပဲ ထယ်ရေးထိုးစဉ် ထုံး/ ကျောက်မှုန့် တီစူပါထည့်ပေးပါ။ မိုးစပါးတွင် ###Urea ပုလဲဓာတ်မြေဩဇာ အလွန်အကျွံ မသုံးပါနှင့်။ ###တီစူပါ + ပိုတက်ဓာတ်မြေဩဇာများ အချိုးကျ ထည့်သွင်းပေးပါ < မြေဆွေးပြု လုပ်ထည့်သွင်းနိုင်ပါက ပိုကောင်းပါတယ်။ ###DAR ဗဟို စိုက်ပျိုးရေးသုတေသနဌာန တွင် ထရိုင်ကိုဒါးမားမှို (Trichoderma) ထုပ်မှာယူနိုင်ပါတယ်။ ၎င်းမှိုကို မြေဆွေး/ဖွဲနုတို့ဖြင့်ပွားပြီး ပဲသေသောနေရာများအား ပဲမကြဲမီ ကြဲထားခြင်းဖြင့်လည်းကောင်း မှိုကို မျိုးစေ့လူးနယ်ဆေးအဖြစ်လည်းကောင်း အသုံးပြု ပါက အတန်အသင့် ကာကွယ်နိုင်ပါတယ်။ ရိုင်ဇိုတိုးနီးယား မှိုရောဂါမှာ မြေဆောင်မှိုဖြစ်သဖြင့် မြေကြီးထဲတွင် နှစ်ပေါင်းများစွာ ရှင်သန်နိုင်ပါတယ်။ ပုလဲမြေဩဇာအလွန်အကျွံသုံးစွဲပါက ရောဂါပိုဆိုးစေပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။