အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

သရက်ပင် အတွက် လိုအပ်သည့် ဓာတ်မြေသြဇာအား မည့်သည် အချိန်တွင် ကျွေးရသည် ဘယ်လို့ ပုံစံ နှင့် ကျွေးသည့် တိုကို သိ...

သရက်ပင် အတွက် လိုအပ်သည့် ဓာတ်မြေသြဇာအား မည့်သည် အချိန်တွင် ကျွေးရသည် ဘယ်လို့ ပုံစံ နှင့် ကျွေးသည့် တိုကို သိရှိလိုပါသဖြင့် ကျေးဇူးပြုပြီး ဖြေကြားပေးပါရန် တင်ပြ အပ်ပါသည်

မြေဆီလွှာ ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၁ ခု

27,452 လွန်ခဲ့သော ၈ နှစ် က

ဟာဝါရီတက္ကသိုလ်က ပညာရှင်တွေရဲ့ အကြံပြုချက်အရ သရက်ပင်ရဲ့ အချင်းဝက် ၁လက်မတိုင်း (အချင်းဝက် ၄ လက်မရှိလျှင် ၄ ပေါင်) ကို တဖြည်းဖြည်းချင်း အဟာရထုတ်လွင့်သော ဓာတ်မြေသြဇာအရော ၁ ပေါင်ကို နှစ်စဉ်ကျွေးသင့်ပါတယ်။ အဲဒီမြေသြဇာရဲ့ တစ်ဝက်ကို ပန်းမပွင့်ချင်မှာ ကျွေးရပြီး ကျန်တစ်ဝက်ကို ခူးဆွတ်ပြီးချိန်မှာ ကျွေးရပါတယ်။ ယေဘူယျ အားဖြင့် မြေသြဇာအရောမှာ ပိုတက်ဆီယမ် ၉-၁၅ ရာခိုင်နှုန်း၊ ဖောစဖောရပ် ၂-၄ ရာခိုင်နှုန်း ပါဝင်သင့်ပါတယ်။ ၆-၆-၆ သို့ ၈-၃-၉-၂ အချိုးရှိတဲ့ မြေသြဇာအရောဆိုရင် သရက်ပင် အတွက် ပြည့်စုံလုံလောက်ပါတယ်။ (၂) ဆိုတာ မဂနီဆီယမ်ကို ဆိုလိုတာဖြစ်ပါတယ်။ ပန်းပွင့် အားကောင်းရန်နှင့် အထွက်ကောင်းရန် အတွက် မြန်မြန်စုပ်ယူနိုင်တဲ့ နိုင်ထရိုဂျင်ကို ပန်းမပွင့်ခင်မှာ ဖြန်းပေး သင့်ပါတယ်။ REF: Homeguides Sfgate

You

ဆက်စပ်မေးခွန်းများ

သရက်ပင်က အသီးမလိုက်ဖူးဖြစ်နေတယ် ဘယ်လို့လုပ်ဆောင်ရင် အဆင်ပြေနိုင်မလဲ

ဖြေကြားချက် 1 ခု

အပင်တွေမှာ ဘာဖြစ်လို့ ပိုတက်မြေသြဇာကို ကျွေးဖို့လိုအပ်တာလဲ။ ကျွေးလိုက်ရင် ဘာထူးမှာမို့လို့လဲ။

ဖြေကြားချက် 4 ခု

(1) နွားချေးကို မီးရှို့လိုက်လျှင် အပင်အတွက် အကျိုးရှိတဲ့အဟာရဓာတ်တွေ ',အဏုဇီဝပိုးလေးတွေ ',ပဋိပစွီး တွေ မဆုံး...

ဖြေကြားချက် 2 ခု

မှိုအမျိုးမျိုးစိုက်ပျိုးခြင်းအကြောင်း၊ ရိတ်သိမ်းခြင်းအကြောင်း၊ ၊ပိုးကျခြင်းမှ ကာကွယ်ခြင်းအကြောင်း၊ Value Adde...

ဖြေကြားချက် 1 ခု

ကွမ်​းပင်​အတွက်​ ဘယ်​လို့အချိုးပါတဲ့ဓာတ်​​မြေသြဇာကိုသုံးသင်​့ပါသလဲခင်​ဗျာ ဘယ်​လို​ကျွေးသင်​့ပါသလဲ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။