အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

မြေချဉ်​ငံကိန်​းနဲ့ပတ်​သတ်​ပြီး ချဉ်​ရင်​ ထုံးထည်​့ ငံရင်​ ဂျက်​ဆန်​ ထည့်​့လို့သိထားပါတယ်​ ထည်​့ရတဲ့အချိုးကိုP...

​မြေချဉ်​ငံကိန်​းနဲ့ပတ်​သတ်​ပြီး ချဉ်​ရင်​ ထုံးထည်​့ ငံရင်​ ဂျက်​ဆန်​ ထည့်​့လို့သိထားပါတယ်​ ထည်​့ရတဲ့အချိုးကိုPH level နဲ့ တကွ ရှင်​းပြ​ပေး​စေလိုပါတယ်​ ​နောက်​ဂျက်​ဆန်​က ဘယ်​လို ဓာတုပစ္စည်​းမျိုးလည်​း ဘယ်​ပစ္စည်​း​တွေမှာပါဝင်​လဲ သိလိုပါသည်​ ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ

အပင်အာဟာရ ပန်းမန်

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

မြေ ချဉ် တဲ့ အခါ ထုံးထည့်ရပါတယ်။ ထုံးသည် CaCO3 ပါ ကယ်လစီယမ်က မြေချဉ်မှာရှိတဲ့ အလူမီနီယမ်တွေကိုဖလှယ်ထုတ်ပေးပါတယ်။ PH ၅.၅ ရဲ့အောက်ကိုရောက်နေရင် ထုံးထည့်ပြုပြင်နိုင်ပါတယ်။ ဘယ်လောက်နူန်းလဲဆိုတာကတော့ မြေ သည် သဲလားနူန်းလား စသည်ဖြင့် သိဖို့လိုပါတယ်။ ကောင်းတာက မြေနမူနာယူပါပီးရင် ဓာတ်ခွဲခန်းကိုပို့ပါ ထုံးထည့်ရအမယ့ပမာဏ ကိုတွက်ပးပါလို့ ပြောရင် တွက်ပေးပါတယ်။ ကိုယ့်ဘာသာ pH တိုင်းကိရိယာနဲ့ တိုင်းမယ်ဆိုရင် လည်း နေရာ အများကြီး ကိုတိုင်းပါ ပျမ်းမျှယူပါ။ အကြမ်းဖြင်းတော့ထုံးက တစ် ဧက ကို ၁၅၆ ပိသာ လောက်ထည့်လ့ရှိပါတယ်။ မြေငန်လည်းအတူတူပဲ ဓာန်ခွဲခန်းကိုပေးပို့လိုက်ပါ။ ဂျစ်ပဆန်သည် CaSO4 ဖြစ်ပါတယ် မြေကြီးထဲမှာရှိတဲ့ ဆိုဒီယမ် ကိုဖလှယ်ထုတ်ရမှာဖြစ်ပါတယ်။ ဓာတ်ပြုပီးရင်ရေနဲ့ဆေးပေးရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။