အစိမ်းအတိုင်းညှိုးသေနေလို့အခင်းတစ်ဝက်လောက်ကုန်နေပြီ ဘာဆေးမှလည်းဖျန်းမရဘူးဖြစ်နေတယ်
အတွေ့အကြုံအရ ဝင်ရောက်ဖြေဆိုပေးတာကိုကျေးဇူးတင်ပါတယ်။အသိအမှတ်ပြုပါတယ်ခင်ဗျ။ဓာတုဆေးကအပင်အတွက်ကောင်းပေမဲ့မြေထဲမှာရှိတဲ့ရောဂါပိုးဘက်တီးရီးယားအတွက်မထိရောက်တာမို့ နောက်နှစ်တွေမှာထပ်မဖြစ်ရအောင် ဘက်စုံပိုးရောဂါနှိမ်နင်းနည်းတွေတင်ပြထားခြင်းဖြစ်ပါတယ်။
မေးတာသူတို့ကမစိုက်ခင်ပြုပြင်နည်းတွေပေးနေတာဘာလ်ပ်မှာလည်း ကျွန်တော့်အတွေ့အကြုံအရ လောင်-ဘာပင်စတင်-ဒိုင်သိမ်း ဖြန်းပေးပါ
ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားကမြေကြီးထဲမှာဆက်ရှိနေတာမို့ ရာသီသိမ်းတဲ့အချိန်မှာအခင်းကိုမီးရှို့ပါ။အထက်မှာပြောခဲ့သလို သီးလှည့်အနေနဲ့ မျိုးမတူတဲ့သီးနှံပြောင်းစိုက်ပါ။ခရမ်း:ခရမ်းချဥ်,အာလူးတွေက မျိုးတူတွေပါ။
ကျေးဇူးပါဗျ
ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ပင်ညှိုးရောဂါဖြစ်သွားတာပါ။ရောဂါဖြစ်စေတဲ့ သက်ရှိက လက်ခံပင်မရှိရင်တောင်မှ မြေကြီးထဲမှာ အကြာကြီးနေနိုင်ပါတယ်။အပင်အမြစ်တွေ ဒါဏ်ရာရတဲ့အခါ အလွယ်တကူဝင်ရောက်နိုင်ကြပါတယ်။စိုက်မြောင်းတွေထဲ ရေသွင်းတာမျိုးတွေကနေ ကူးနိုင်ပါသေးတယ်။ရောဂါဖြစ်နေတဲ့အပင်ကို နှုတ်ပစ်လို့ အမြစ်တွေမြေထဲနဲနဲကျန်ခဲ့ရင်တောင် ဒီရောဂါက ပျံ့နှံ့နိုင်ပါသေးတယ်။ ဒါကြောင့် နှိမ်နင်းမယ်ဆို IPM လို့ခေါ်တဲ့ ဘက်စုံနည်းတွေနဲ့သာ ကြိုတင်ကာကွယ်တားစီးနိုင်ပါမယ်။အစိုဓာတ်နဲ့ အပူချိန်ရှိနေတဲ့ မြေမျိုးမှာ ဒီရောဂါပျံ့နှံ့မှုက မြန်ပါတယ်။ဒါကြောင့် တခြားအခင်းက လာတဲ့ရေမျိုးကအစ ဂရုစိုက်ပေးရပါမယ်။ ရေဆင်းကောင်းတဲ့မြေမျိုးဖြစ်အောင်လုပ်သင့်ပါတယ်။အေးတဲ့ရာသီဉတုမှာစိုက်ပါ။ ဒီရောဂါက အာလူး ခရမ်းချဉ်မျိုးရင်းတွေမှာလည်း နေနိုင်တာမို့ သီးလှည့်စိုက်တာမျိုးလုပ်ပါ။စပါး၊ ပဲပုပ်၊ပြောင်းသီးနှံတွေနဲ့ တော်တော်ကြာအောင် သီးလှည့်စိုက်ပါ။ စိုက်ခင်းဘေးက ပေါင်းမြက်တွေ အပင်ကြွင်းကျန်တွေမှာ ရောဂါတွေကပ်နေနိုင်သေးတာမို့ ရှင်းပစ်ပါ။ ပေါက်ပြား ထယ်ထွန်တွေက အစ အသုံးပြုမယ်ဆိုသန့်ရှင်းအောင် ဂရုစိုက်ပါ။ငရုတ်ပင်ပျိုးထောင်ကတည်းက ပျိုးမယ့်မြေကို ပိုးသန့်အောင်လုပ်ပါ။ နီမတုတ်တွေစိုက်ခင်းမြေထဲမရှိအောင် ချစ်တီးပန်းလို အပင်တွေကို ထယ်မှောက်တာမျိုးလုပ်ပါ။နီမတုတ်တွေက အမြစ်ကိုဖောက်တဲ့အခါ ဒီရောဂါလည်း ဝင်ရောက်သွားနိုင်တာမို့ပါ။ ဒီလို ဘက်ပေါင်းစုံကနည်းတွေနဲ့သာ ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်ရှင့်
ဆက်စပ်မေးခွန်းများ
ကျနော်ငရုပ်စိုက်ထားတဲ့အကွက်မှာ ပုံထဲမှာမြင်တဲ့အတိုင်းပါပဲတခြမ်းကညိုးနေပါတယ်ညိုးတဲ့အပိုင်းမှာမိုးရွာတဲ့အခိုက်...
ဖြေကြားချက် 1 ခု
ကျန်တော့်ငရုတ်ပင်အကောင်းကနေဘာလို့အဲဒီလိုဖြစ်သွားရတာလဲ
ဖြေကြားချက် 3 ခု
ဘာရောဂါဖြစ်နေတာလဲဗျ ဘယ်လိုဖြေရှင်းရလဲ ဖြေပေးကြပါဦး
ဖြေကြားချက် 2 ခု
အပင်ညှိုးသေဖြစ်နေလို့ပါ ဘာဆေးဖြန်းရမလဲသိချင်လို့ပါ
ဖြေကြားချက် 2 ခု
ငရုတ်ပင် ငြိုးသေးတေဖစ်နေတယ် ဘာဆေးဖျန်းရမလဲဆရာတို့ သိရင်ပြောပေးကြပါ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။