အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
756
လွန်ခဲ့သော ၆ နှစ် က · ဝါးခယ်မ

ဆရာကျွန်တော့ငရုပ်တွေညိုသေနေလို့ပါတစ်ချို့က ရေဖြတ် အစားဖြတ်ရင်သက်သာတယ်လို့ပြောတယ်။မြေခံမှာလည် ရွှေမြေသီး တစ်ဧက၂...

ဆရာကျွန်တော့ငရုပ်တွေညိုသေနေလို့ပါတစ်ချို့က ရေဖြတ် အစားဖြတ်ရင်သက်သာတယ်လို့ပြောတယ်။မြေခံမှာလည် ရွှေမြေသီး တစ်ဧက၂ အိတ်နုန်းထည့်ထာတယ်။အပင်နုတ်ကြည့်တော့အမြစ်ထိတ်တွေခြောက်ပီးဆွေနေတယ်။တစ်ချို့ကျတော့လည်အမြစ်အကောင်းကြီးနဲ့ညိုးသေကုန်တယ်။သူနဲ့ဖျန်းလို့သင့်တောမယ့်မိူးဆေးလေလှမ်းညွန်ပေပါအုန်း ဆရာ။

ပိုးမွှားရောဂါ ငရုတ်သီး ငရုတ်တွင်ကျရောက်တတ်သောရောဂါများ
Post image
2

ဖြေကြားချက် ၂ ခု

465 လွန်ခဲ့သော ၆ နှစ် က

ဖြူစေရီယမ်မှိုရောဂါကိုဘာဆေးဖြန်းရမလဲ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပင်ညှိုးရောဂါကအဓိက၂မျိုးရှိပါတယ်။ဘက်တီးရီးယားကြောင့်ဆိုရင်အရွက်တွေညှိုးလာမယ်.ရွက်နုတွေ ထိပ်ပိုင်းအညွန့်တွေမှာသိသာတယ်။၂ရက်လောက်နေရင်တစ်ပင်လုံးညှိုးလာမယ်.ပင်စည်ကိုဖြတ်ပြီးရေကြည်ကြည်မှာနှစ်စိမ်ကြည့်လိုက်ရင်နို့နှစ်ရောင်ဘက်တီးရီးယားအရည်တွေစီးထွက်လာတာကိုတွေ့ရပါလိမ့်မယ်။ပုလဲမြေသြဇာများများမသုံးပါနဲ့။ရောဂါကျအပင်ကိုနှုတ်ပြီးမီးရှို့ပစ်ပါ။ဆေးအနေနဲ့ ကာဆူကာ,ဇာဂွန်,ဒိုင်ယာဒရင်းသုံးနိုင်ပါတယ်။နောက်ပင်ညှိိုးက ဖြူစေရီယမ်မှိုရောဂါပါ.အပွင့်ဖူးဝင်ချိန်ကနေနောက်ပိုင်းမှာကျတတ်ပါတယ်။အကိုင်းတွေဝါခြောက်လာမယ်. အရွက်တွေတစ်ခြမ်းဝါလာမယ်.မြေကြီးနဲ့နီးတဲ့ပင်စည်ကိုဓားနဲ့ခွဲကြည့်ရင်ညိုနေမယ်.မဲနေမယ်. ရောဂါပိုးကမြေကြီးကလာမယ်.မျိုးစေ့ကပါလာမယ်.မြေဆောင်ရောဂါ/မျိုးစေ့ဆောင်ရောဂါပေါ့။ကူးတာမြန်တယ်.ရောဂါကျစိုက်ခင်းကိုမီးရှို့ပြီးသီးနှံပြောင်းစိုက်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။