အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,920
လွန်ခဲ့သော ၆ နှစ် က · လယ်ဝေး

နဂါးမောက်ပင်တွေရေပေးထါးပါတယ်၊အစောဆုံးသီးအောင်ဘယ်အချိန်မည်သည့်အစာကျွေးပြုပြင်ပေးရမည်သိချင်ပါတယ်

စိုက်ပျိုးနည်း နဂါးမောက်

ဖြေကြားချက် ၁ ခု

80,046 လွန်ခဲ့သော ၆ နှစ် က

နဂါးမောက်သီးကြီးထွားဖွံ့ဖြိုးမှုနှင့် ရေပျော်ဖော့စဖိတ်မြေဩဇာများ ================== နဂါးမောက်ပင်သည်ရေနည်းခံပင် တစ်မျိုးဖြစ်သည်။နေ့အပူချိန်နှင့်ညအပူချိန် ကွာခြားသောရာသီဥတုမျိုးကိုနှစ်သက်သည်။ ပန်းပွင့်ချိန်တွင်ပန်းပွင့်များပြိုင်တူနီးပါးပွင့် လာသည်။ ဝတ်မှုံကူးချိန်မှာလည်းတစ်ရက်သာရှိသည်။ သန္ဓေအောင်အသီးဖြစ်ပေါ်ချိန်မှာလည်း အခြားသာမန်အသီးများထက်မြန်သည်။ အသီးဖြစ်ပေါ်ချိန်မှာရက် ၅၀ သာကြာသည်။ ကုက္ကိုသီး၊အုန်းသီးကဲ့သို့အသီးများဖြစ်ပေါ်ရန် လပေါင်းများစွာအချိန်ယူရသည်။ နဂါးမောက်သီးမှာစတင်သန္ဓေတည်စမှရင့်မှည့် ချိန်အထိအချိန်တိုသောကြောင့်ထို မျှများပြား ကြီးမားသောအသီးများအတွက်မိခင္်ပင် အာဟာရလုံလောက်စွာပန့်ပိုးရန်လိုအပ်သည်။ အထူးသဖြင့်ထိုသို့အစာများကိုပမာဏများစွာ အချိန်တိုအတွင်းပနံ့ပိုးရန်မှာကြီးထွားနှုန်းနှေး ကွေးသောရေရှည်ခံအပင်များအတွက်ပို၍ခက် ခဲသည်။ ဤအခြေအနေသည်အပင်အတွင်းဖြစ်ပေါ်သော လိင်ဖိစီးမှုတစ်ရပ်ဖြစ်သည်။ ဤဖိစီးမှုကိုရင်ဆိုင်ရာတွင်ေရပျော်ဖော့စဖိတ် မြေဩဇာများကိုအသုံးပြုရန်လိုအပ်သည်။ အကယ်၍ တီဆူပါကဲ့သို့ ရေပျော်ရန်မလွယ် ကူသောဖော့စဖိတ်မြေဩဇဧာမျိုးကိုအသုံး ပြုပါက အချိန်တိုကာလအတွင်းနဂါးမောက်သီး အတွက်လိုအပ်သော ဖော့စဖိတ်ပမာဏကို ထောက်ပံ့နိုင်မည် မဟုတ်ပါ။ ရေပျော်ဖော့စဖိတ်များကို အရွက်ဖျန်းမြေဩ ဇာအဖြစ်အသုံးပြုပါက အာနိသင်အလွန်မြန် ခြင်းကြောင့် အချိန်တိုကာလအတွင်းအသီးဖြစ် ပေါ်ရန်လိုအပ်သော ဖော့စဖိတ်ပမာဏကိုထောက် ပံ့နိုင်မည်ဖြစ်သည်။ မိုနိုပိုတက်စီယမ်ဖော့စဖိတ်ကိုရေတွင် ၀.၅ % ဖျော်ပြီးပက်ဖျန်းနိုင်သည်။အသီးကြီးထွားဖွံ့ဖြိုး စဉ်ကာလထိုရက်ပေါင်၅၀ ခန့်အတွင်း ၇ ရက် တစ်ကြိမ်ပက်ဖျန်းနိုင်သည်။ ထို့ပြင်အသီးအထွက်နှုန်းနှင့်အရည်အသွေးကို သိသိသာသာကောင်းမွန်စေမည် ဖြစ်သည်။ မိုနိုပိုတက်စီယမ်ဖော့စဖိတ်မွာ ၁၀၀ % ပြည့်ရေတွင်ပျော်ဝင်သောပုံဆောင်ခဲများ ဖြစ်၍ လေလွင့်ဆုံပါးမှုအလွန်နည်းသည်။ ထို့ကြောင့်စီးပွားရေးအရ တွက်ခြေကိုက်သည်။ အသုံးပြုရသောပမာဏနည်းပြီးလေလွင့်မှုနည်း ခြင်းကြောင့်ဝန်းကျင်ထိခိုက်မှုကို သက်သာ စေသည်။ အထူးသဖြင့်မိုနိုပိုတက်စီယမ္ေဖာ့စဖိတ်မှာ အသီးများအားအချိုဓာတ်တိုးစေသော ဂုဏ်သတ္တိရှိခြင်းကြောင့် ပို၍ ထင်ရှားနေခြင်း ဖြစ်သည်။အခြားအခြားသောရေပျော်ဖော့စဖိတ်များကို လည်းအသုံးပြုနိုင်ပါသည်။ မှတ်ချက်။ ။နဂါးမောက်သီး၏အရွက်များမှာ သေးငယ်သောကြောင့်အရွက်ဖျန်း မြေဩဇာပက်ဖျန်းရာတွင်အရွက်ကဲ့ သို့စိမ်းနေပြီးအရွက်၏တာဝန်ယူထား ရသောပင်စည်များကိုသာပက်ဖျန်း ရန်လိုသည်။အကယ်၍မြေသို့ကျသွား သောဓာတ်မြေဩဇာများကိုလည်း အမြစ်များကစုပ်ယူစားသုံးနိုင်ပါသည်။ Credit:ဦးဖရက်သိန်းဖေ Photo:Internet ဗဟုသုတကျေးရွာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။