အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,179
လွန်ခဲ့သော ၆ နှစ် က · ပုဗ္ဗသီရိ

မိူဆေးနဲ့ပိုးသတ်ဆေးဘယ်လိုအမျိုးအစားတွေကရောစပ်ဖြန်းလို့ရပါသလဲခင်ဗျာ...

အပင်အာဟာရ သရက်
2

ဖြေကြားချက် ၂ ခု

5,179 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ရောစပ်ပြီးသုံးလို့ရတဲ့ မှိုသတ်ဆေးနဲ့ပိုးသတ်ဆေးကို ပညာရှင်များက သုတေသနတောင် မပြုကြရသေးပါဘူး။ဒါကြောင့်လည်း မှိုနဲ့ပိုးသတ်ဆေးရောပြီးမထုပ်နိုင်သေးပါဘူး။သူတို့ထဲမှာပါဝင်တဲ့ဓာတ်ပစ္စည်းအချင်း ပေါင်းစပ်ဓာတ်ပြုမှုကြောင့် နဂိုမူလအစွမ်းသတ္တိတွေ ​ပြောင်းလဲမှု/လျော့နည်းမှု/ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။တီထွင်ဖော်စပ်ထားတာက မှိုအတွက်မှိုသတ်ဆေး...ပိုးအတွက်ပိုးသတ်ဆေးဖြစ်တာကြောင့် ပိုမိုထိရောက်ချင်တယ်ဆိုရင် မရောစပ်ဘဲသီးခြားစီသုံးစေချင်ပါတယ်။ဆေးဖျန်းခလည်းသက်သာ အလုပ် လည်းတွင်ကျယ်ဆိုပြီးတချို့တောင်သူတွေ တွဲဖက်ပြီးသုံးနေကြပါတယ်။မကြာသေးခင်က ပေါင်းသေပင်ကောင်းဆိုပြီးကြော်ငြာအားကောင်းကောင်းနဲ့စျေးကွက်ထဲရောက်လာလို့ တောင်သူတွေသုံးစွဲတာ ထိခိုက်မှုတွေဖြစ်လာတာ​ကြောင့် အဲဒီဆေးကိုဖြန့်ဝေခွင့်ပိတ်လိုက်ရပါတယ်။သတိပြုစရာပေါ့။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။