အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,566
လွန်ခဲ့သော ၆ နှစ် က · ဟင်္သာတ

ဘူးပင်ကအသိးတွေအများကြီးသီးပြီးတစ်လုံးမှမတင်တာ ဘာကြေင့်ပါလဲ အသီးတင်အောင်ဘယ်လိုလုပ်ရမလဲခင်ဗျာ

စိုက်ပျိုးနည်း ဘူး
Post image
4

ဖြေကြားချက် ၄ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

အသီးကျချိန် ပင်ရင်းကို မြေဩဇာကြွေးပြီး မြေအုပ်ပေးခြင်းသည် ဗူးပင်၏ အစာစားမြစ်များကို လောင်ကျွမ်းစေသည် ။ထိုအခါ အသီးပုတ်ခြင်းကိုဖြစ်စေပါသည်။မြေဩဇာစနစ်တကျကြွေးနိုင်အောင် လေ့လာပါ။ ရေဝအောင် သွင်းပေးရပါမယ်။ အသီးကျပြီးအောက်ဖက်က အခက်တွေကို ဖြတ်ပြီးရှင်းလင်းပေးရပါ့မယ်။ အသီးကျပြီးနောက် အသီးတင်နုန်းကောင်းရန် ကျွေးလိုသောမြေဩဇာကို ‌ပမာဏအချိုးအစားချိန်ဆ၍ ရေနှင့်အတူ(ဝါ)နှမ်းဖတ်ကို အပုတ်စိမ်ထားသော အပုတ်ရေထဲ ထည်၍ ရေနှင့် အတူ သွင်း၍ကြွေးနိုင်သည်။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

သီးကင်းထွက်လာပြီဆိုရင်အသီး နေရာ ရဲ့ရှေ့မှာထွက်နေတဲ့အဆစ် ၂ဆစ်နေရာမှအညွန့်ကိုဖြတ်ပေးရပါမယ်။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မြေဆီသုံးရင် ဖော့စ်ဖိတ်ကို ပုလဲ, ပိုတက် တို့ထက်ပိုထည့်ပေးပါ။ဒါမှမဟုတ်ကွန်ပေါင်းသုံးမယ်ဆိုရင် အလယ်အချိုး(ဖော့စ်ဖိတ်)များတာသုံးပေးပါ။အပင်စင်ပေါ်ရောက်ပြီဆိုရင် ၁၃ဆစ်မြောက်မှာအညွန့်ကိုဖြတ်ပေးပါ။ပန်းပွင့်ပြီးနောက်ပိုင်း ရေမပြတ်ပါစေနဲ့။အသီးယူမယ်ဆိုရင်ထွက်လာတဲ့အညွန့်တွေကိုမဖြတ်ပါနဲ့ဦး။အသီးတွေဖြစ်လာပြီဆိုမှအညွန့်တွေဖြတ်ပေးပါ။ဘူးမျိုးနွယ်တွေဒီလိုဘဲသီးကင်းတွေပုပ်တတ်ပါတယ်။အခုပြောပြသလိုလုပ်ဆောင်ပေးမယ်ဆိုရင်အသီးတွေများများသီးပြီးများများတင်လာပါလိမ်မယ်။

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

အသီးမတင်ခြင်းတွင် အဟာရချို့တဲ့ ၍ အသီးမတင်ခြင်း ရောဂါဝင်၍ အသီးမတင်ခြင်း သီးထိုးယင်ကျ၍ အသီးမတင်ခြင်း အဖိုနှင့်အမ ဝတ်မူံ ကူးအား မကောင်း၍ အသီးတင်ခြင်း

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။