အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
292
လွန်ခဲ့သော ၆ နှစ် က · ကောလင်း

ဘာဆေးဖြန်းရမလဲ

ပိုးမွှားရောဂါ ဖရဲ
Post image
Post image
2

ဖြေကြားချက် ၂ ခု

176 လွန်ခဲ့သော ၅ နှစ် က
အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

အပိုင်း ၄ Gummy stem blight (ပင်စည်စေးကပ်လောင်ရောဂါ) ရောဂါလက္ခဏာများ အပင်၏ အမြစ်မှလွဲ ၍ကျန်အစိတ်အပိုင်း အားလုံးတွင်ရောဂါဖြစ်ပွားစေပါသည့ အရွက်ပေါ်တွင် အညိုဖျော့နှင့်အဝါရောင် အနားရစ် ပုံသဏ္ဍန် မမှန်သည့် ရေစိုနာ ကွက်အနေဖြင့် ကွက်ပျောက်ကြားများ တွေ့ရှိရပါသည်. ရောဂါရ တစ်ရူး ခြောက်သွေ့ သွားပါကကွဲအက်သွားပြီး အနက်ရောင် မိူမျှင်လုံးများကို အလွယ်တကူ တွေ့မြင်နိုင်ပါသည် မိုးတွင်း ကာလတွင် ရေစိုနာကွက်သည် အရွက်နှင့် ပင်စည်များတွင် လျင်မြန်စွာကူစက် ပျံနှံ ရောက်ရှိကာ ပျက်ဆိးသွားသည် အများအားဖြင့် ပင်စည်အဆစ်နားတွင်ပယင်းရောင် စေးကပ်သောအလုံးလေးများ တွေ့ရှိရပြီးအကြောင်း လိုက်ကွဲအပ်သွားသည် ဆိုးဝါးပါက ပင်စည် အပေါ်လွှာ ခြောက်သွေ့ ကွဲ အပ်သွားပြိးအပင်သေး သည် ခြောက်သေ သွား သည့် တစ်ရူးနေရာတွင်အမဲရောင် မိူလုံး .pycnidia . များတွေ့ရှိရပါသည် အစေ့ရွက်တွင် ကျရောက်မူ တွေ့ရခဲပါသာ် အသီးညှာ သို့မဟုပ် ထိပ် ပိုင်းတွင် အစိမ်းနက်ရောင် အပျော့ပုတ်နှင့် ရူံ့တွံသော တစ်ရူးများကို အသီး မခူးခင်နှင့် ခူးပြီနောက်တွေ့ရသည် ရောဂါဖြစ်စေသည့် သက်ရှိ လိမ်မဲ့ .Phoma spp . လိပ်ခေါင်း မိူ .Didymella bryoniae . နှစ်မျိုး စလုံးကြောင့် ဖြစ်ပွား တတ်ပါသည် ရောဂါပြန့်နှံမူ ကမ္ဘာ့ အနှံအပူပိုင်းနှင့် သမပိုင်း ဒေသများတွင် ပျံနှံ့ကျရောက်ပါသည် ရောဂါကျရောက်သည့် လက်ခံသီးနှံပင်များ လိင်မဲ့ Phoma spp မိူကြောင့် ဖြစ်သော လက်ခံ သီးနှံပင်များ သည် အလွန်ကျယ်ပြန့်ပါသည် ဘူးဖရုံ သခွားမျိုးနွယ်ဝင်ပင်များနှင့် ပဲ ရုံးပတိ ခရမ်းချဉ် ခရမ်း ဆေးရွက်ကြီးတို့တွင် ကျရောက်ဖြစ်ပွားတတ်ပါသည် လိင်ပေါင်းမိူ Didymella btyoniae အနေဖြင့် သခွားမွေး သခွား ဖရုံ ဖရဲ ဖရုံသခွား ခဝဲနှင့် ဘူးတို့တွင်သာ ကျရောက် ဖြစ်ပွားတတ်ပါသည် ရောဂာဖြစ် ပွားစေရန် အားပေးသော အခြေ အနေများ ရော ဂါ ဖြစ် ပွားစေရန် အကောင်း ဆုံး အပူချိန်သည် ၂၅ .၃၂ ဒီဂရီ စင်တီဂရိတ် ဖြစ်သော်လည်း စွတ်စို ထိုင်းမိုင်း ုခြင်းသည် ရော ဂါဖြစ် ဖြစ်ပွားစေရန် ပို၍ အရေးကြီးသည်အရွက်များ အစဉ်မပြတ် ရေအစိုဓာတ် ရှိပါက ရေစိုနာကွက် ပိုမို ကြီးမားကျယ်ပြန့်သွား သည် ရော ဂါ ဖြစ်စေသော လိင် မဲ့ စပိုးများသည် မိုးစက် ရေပေါက် ထိမှန် ခြင်းကြောင့်လည်းကောင်း လိင်ပေါင်း စပိုးများသည် လေအားဖြင့်လည်းကောင်း ကူးစက်ပျံ့နှံရောက်ရှိစေပါသည် ရောဂါကျ အစိတ်အပိုင်း များ သီးနှံ ပင်ကြွင်း ပင်ကျန်များ ကြားတွင် ခိုအောင်းနေနိူင်ပြီး မျိုးစေ့ဆောင်အဖြစ် မကူးစက်နိုင်ပေ ကာကွယ် နှိမ်နင်းနည်း ဓာတုဆေးများဖြင့် ကာကွယ် နှိမ်နင်းနည်း ကာကွယ် ဆေးအနေဖြင့် Pryaclostrobin .ပိုင်ရာကဘိုစရိုဘင်. Chlorothalonil. ကလိုရိုသာကိုနှေး.Mancozab .မန်ကိုဇက်. Thiophanate methyl . သိုင်အိုဖီနိတ်မှသိူင်း. Captan . ကတ်ပ်တန်. နှင့် ကုသဆေး အနေဖြင့် .Azystrobin.အောက်ဇီစရိုဘင် သည် ပင်စည်စေးကပ် လောင်နှင့် မှဲ့ပျောက်စွန်း ရောဂါတို့တွင် အသုံးပြုနိုင်ပါသည်... စိုက်ခင်းအတွင်း စီမံ ခန့်ခွဲမူအေနေ ဖြင့်လုပ်ဆောင်ခြင်း ရောဂါဆိုးဆိုးဝါးဝါး ကျရောက်သည့်အခင်းအား ဘူး ဖရူံ သခား ဖရဲုမျိုး နွယ်ဝင်ပင်မှအပ အခြားသောသီးနှံပင်များနှင့် အနဲဆုံး တနှစ်ခွဲ ခန့်ကြာသည်အထိ သီးနှံ ပြောင်းလဲစိုက်ပျိုးရန် ရေသွင်းရေထုပ်ကောင်းမွန်ရန် ထယ်ရေးနက်နက်ထိုးရန် လိုအပ်ပါသည် ရောဂါမျိုး မူရင်းဇစ်မြစ်များ လျှော့နည်းစေရန် ရောဂါရ ပင်ကြွင်းပင်ကျန်များကို သီးနှံ ဆွတ်ခူး ပီးလျှင် ပီးချင်း ဖယ်ရှားပါ ခံနိူင်ရည်ရှိသောမျိုးနှင့် အရည်အသွေး ကောင်းမွန်သော မျိုးစေ့များကိူအသုံးပြုပါ မှတ်ချက်..East-West Seed International ၏ အပူပိုင်းဒေသရှိ ဘးူ.ဖရုံ သခွား နွယ်ဝင်ပင်များတွင် ကျရောက်သောရောဂါများ စာအုပ်မှ စိုက်ပျိုးရေးတောင်သူများအတွက်လေ့လာနိုင်ရန် ပြန်လည်ကူးယူ ဖော်ပြသည်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။