အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
406
လွန်ခဲ့သော ၆ နှစ် က · ထားဝယ်

အပင်တွေ ဒီလိုဖြစ်နေလို့ ဘာရောဂါလဲမသိလို့ပါ ဘယ်လိုလုပ်ရမလဲ

ပိုးမွှားရောဂါ ခရမ်းသီး
Post image
8

ဖြေကြားချက် ၈ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

စိုက်ပျိုးမြေနေရာတို့သည် ဆေးဝါးမည်သို့ပင်သုံးပါသော်လည်း စိုက်ပျိုးမှုများသော နေရာတချို့သည် ‌ရာသီပေါ် ရောဂါပိုးမွှာတို၏ ဖြစ်ပေါ်ခိုအောင်းရာဖြစ်နေတတ်သည်။ ရာသီအလိုက်ဖြစ်ပေါ်တတ်သောရောဂါပိုးမွှားများကို ကာကွယ်နည်းသည် ဆေးဝါးတစ်ခုတည်းတွင်မတည်မှီပါ။ တချို့သောပိုးမွှားရောဂါသည် ပိုးသတ်ဆေးမှိုသတ်ဆေးတို့ဖြင့် ဖြေရှင်းလိုက်ယုံနဲ့ အဆင်ပြေထွက်နုန်းကောင်းမလာခဲ့ပေ။ရောဂါပိုမွှာကျရောက်နိုင်သောအခြေနေများကို ကြိုတင်ခန့်မှန်းသိမြင်ကြည်နိုင်အောင်ကြိုးစားနေခြင်သည်သာ စိုက်ပျိုးရေး၏ တိုးတက်ရာတိုးတက်ကြောင်းဖြစ်သည်။

80,046 လွန်ခဲ့သော ၆ နှစ် က

စုပ်စားပိုးများအား အကျဉ်းချုံး ဖော်ပြရသော် ------------------------------------------------ • စုပ်စားပိုးများတွင် အင်းဆက်များဖြစ်သည့် ပျပိုးများ( Aphids )၊ လှေးပိုးများ(Thrips)၊ အကြေးပိုးများ( Scale insects )၊ ပိုးစေးနဲများ(Mealybugs)၊ ယင်ဖြူ များ(Whiteflies)၊ ချိတ်ပိုး ( Kerria lacca ) နှင့် တချို့သော ဘက်ပိုးများ( Bugs )တို့သည် ထင်ရှား၍ ပင့်ကူမျိုးနွယ်မှ မွှားပင့်ကူများ( Mites )သည် ဖျက်ပိုးများအဖြစ် လူသိများသည်။ • စုပ်စားပိုးများသည် ၎င်းတို့၏ ပါးစပ် စိတ်အပိုင်းရှိ သွယ်လျ ချွန်ထက်သော နှာမောင်းကဲ့သို့ အစာ စုပ်ယူနိုင်သည့် အင်္ဂါဖြင့် အပင်၏ အစာရေကြောများကို ထိုးဖောက်၍ပင်ရည်( သစ်ရည် )များအား စုပ်ယူ စားသုံးကြသည်။ တချို့သော စုပ်စားပိုးတို့ကအရွက်များအတွင်း တစ်သျှူးမှ ပင်ရည်ကို စုပ်ယူစားသုံးသည်။ အတိအကျပြောရပါကအရွက်အပေါ်ယံလွှာ နှင့် ကပ်လျှက်ရှိသော အရွက်အတွင်းသား ဆဲလ် တနည်းအားဖြင့် အလင်းဖြင့် အစာချက်ခြင်းဖြစ်စဉ်( Photosynthesis ) ဖြစ်စဉ်အတွက် ဆောင်ရွက်သော ဆဲလ်များ ဒေါင်လိုက်အစီအရီ ဖွဲ့စည်းထားသည့် အလွှာဖြစ်သည်။ ယင်းအလွှာအထိ အစာစုပ်ယူ အင်္ဂါဖြင့် ထိုးဖောက်၍ ပင်ရည်ကို စုပ်ယူစားသုံးသည်။ ထို့ကဲ့သို့ စားသုံးသော ပိုးမွှားများကို ( Mesophyll-feeders )ဟု ခေါ်သည်။ စုပ်စားပိုး မျိုးစိတ်အလိုက် သီးခြားလက်ခံပင်များ ရှိနေပြီး လက်ခံပင်တစ်မျိုးထဲတွင် စုပ်စားပိုး တစ်မျိုးထက်ပို၍လည်း ကျရောက်လေ့ရှိသည်။ ထို့ပြင် လက်ခံပင်မျိုးစိတ် များစွာတွင် စုပ်စားပိုးများ ကျရောက်လေ့ရှိပြီး စုပ်ယူသည့်နေရာနှင့် ပင်ပြလက္ခဏာများလည်း မတူကွဲပြားလျက်ရှိသည်။ များသောအားဖြင့် အပင်၏ သစ်ရည်ရွှမ်းသော ကြီးထွားဆဲ အစိတ်အပိုင်းများဖြစ်သည့် အညွှန့်များ အရွက်နုများတွင် ကျရောက်ကြောင်း တွေ့ရသည်။ • အပင်တွင် စုပ်စားပိုးများ ကျရောက်ခြင်းဖြင့် အပင်၏ အပေါ်ယံ မျက်နှာပြင်တွင် မီးခိုးရောင်၊ အဝါရောင် အဖြူရောင်၊ အညိုရောင်၊ အနီရောင်၊ လိမ္မော်ရောင် အစရှိသဖြင့်ပိုးမွှား အမျိုးအစားနှင့် အပင်မျိုးစိတ်ပေါ်မူတည်၍ ဒဏ်ရာများ၊ အစင်းကြောင်းများ၊ အစက်အပြောက်များကို ပင်ပြလက္ခဏာအဖြစ် တွေ့ရသည်။ ၎င်းတို့ စုပ်ယူပြီး မိနစ်ပိုင်းတွင် အရွက်၊ ပင်စည်၊ အပွင့်၊ အသီးများ၌ ဒဏ်ရာများဖြစ်ပေါ်စေသည်။ ထို့နောက် ယင်း ဒဏ်ရာဒဏ်ချက်များမှာ အဝါရောင်ဖြစ်စေ၊ အညိုရောင်သို့ဖြစ်စေ ပြောင်းလဲ သွားပြီး လက်ခံအင်္ဂါများကိုတွန့်ခြင်း၊ ပုံပျက်ခြင်းများ ဖြစ်ပေါ်ပြီး နောက်ခြောက်သွေ့ခြင်း၊ ကြွေကျခြင်း၊ အပင်ကျမ္မာခြင်းကို တားဆီးခြင်း၊ အပင်၌ဇီဝကမ္မဆိုင်ရာ ကိစ္စများ ကမောက်ကမဖြစ်ခြင်းနှင့် သေဆုံးခြင်း တို့ဖြစ်ပေါ်စေနိုင်သည်။ သေဆုံးခြင်းကို မဖြစ်သည့်တိုင် အပင်ပုခြင်း ကြီးထွားမှု ရပ်တန့်ခြင်းများ ဖြစ်စေနိုင်သည်။ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပင်များတွင် အထွက်နှုန်းကို ထိခိုက်စေနိုင်သည်။ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် တချို့သော စုပ်စားပိုးတို့ စွန့်ထုတ်လိုက်သည့် အချိုရည် မှတဆင့် ကြပ်ခိုးမှို ကဲ့သို့ မှိုရောဂါများ ဖြစ်စေနိုင်သည်။ တချို့သော စုပ်စားပိုးများသည် အပင်ဗိုင်းရပ်စ် ရောဂါကိုများကို သယ်ဆောင်ပျံ့နှံ့စေသည့် သယ်ဆောင်ကောင်များဖြစ်သည်။ ယင်းတို့ကြောင့် အပင်များတွင် အပင်ဗိုင်းရပ်စ် ရောဂါများဖြစ်စေသည်။ ဗိုင်းရပ်စ် ဝင်ရောက်သွားသော အပင်ကို ကုသ၍မရပါ။ ယနေ့အချိန်ထိ ဗိုင်းရပ်စ်ရောဂါအတွက် အပင်ကို မကျရောက်အောင် ကာကွယ် ရန်မှတပါး အခြားရွေးချယ်စရာ နည်းလမ်းမရှိပါ။#Credit; NyanMyint

1,626 လွန်ခဲ့သော ၆ နှစ် က

ဆားခါးသုံးပြီး သီးနှံဖျက်ပိုးတွေကို ကာကွယ် နှိမ်နင်းရအောင် ဆားခါးအသုံးပြုပြီး ကာကွယ်နည်းပါ။ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

စုတ်ပိုး လှေး ပျ ယင်ဖြူ ဖြုတ် မွှားပင့်ကူ ပိုးစေးနဲ နှံစုတ်ဂျပိုး စတာတွေပါဝင်မှာပါ

406 လွန်ခဲ့သော ၆ နှစ် က

စုတ်စားပိုးအကြောင်းသိချင်ပါတယ်ဆရာ

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

နောက်မဖြစ်ချင်ရင် အပင်ငယ်စဉ်မှစ၍ အပင်သက်တမ်း တစ်လျောက် စုတ်စားပိုးအထူးသတိပြုပါ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို အသုံးပြုပါ သဘာဝမြေသြဇာ ဇီဝမြေသြဇာ များများ အသုံးပြုပါ စိုက်ခင်းပတ်ဝန်းကျင်၌ ရောဂါလက်ခံ အပင်များ ၌ စုတ်စားပိုး ကင်းဝေးပါစေ

406 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

ဟေ virus ကျနေတာ ဘာမှလုပ်မရ တော့ဘူးဗျ ဆေးဖိုးကုန်တာဘဲ ရှိတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။