ဖြေကြားချက် ၆ ခု
ငါးပြေမမှာ အထီး အမ ကြီးနှုံး ၂ ဆကွာပါတယ်
အလွယ်ဆုံးကတော့ ငယ်ရင် အထီး ကြီးတာ အမပါ တန်ဆာ အရောင်တောက်တာ အထီး ဖျော့တာ အမပါ
Sr Kyaw Swar ခင်ဗျာ ငါးထီး ငါးမကို အလွယ်ဘယ်လိုခွဲးလို့ရပါသလည်းခင်ဗျာ
အခုမှငါးစမွေးမည့်သူများအတွက်ပါ……… အစာကျွေးနည်းစနစ် ဥပမာ ငါး 5000 ဆိုပါစို့။ နို့ဆီဗူးတစ်ဗူးကျွေးမယ်။ ငါး2000ဆိုပါတော့ နို့ဆီဗူး 4 ဗူး ရေနို့ဆီဗူး 4 ဗူး သုံးမိနစ်ခန့်ထား စကျွေးရပါပြီ။ အစာကကျွေးတာအကုန်ကျွေးရမလာဆိုတော့ မဟုတ်ပါဘူး အခြေအနေကြည့်ပြီး စားရင်တိုးကျွေး မစားရင်လျော့ကျွေးပါ ဥပမာ… ကျွန်တော်တို့ ထမင်းစားသလိုပဲ။ တစ်နေ့တစ်ပန်းကန်စားချင်စားမယ်။ နှစ်ပန်းကန်စားချင်စားမယ်။ မတူပါဘူး။ ငါးလဲအဲ့လိုပါပဲ။ နည်းနည်းကျွေးကြည့်မယ် စားမှဆက်ကျွေးမယ် ရေပေါ်စာဆိုတော့ စားမစားသိသာတယ်။ မကုန်ရင်လုံးဝဆက်မကျွေးနဲ့။ စားရင်တော့နည်းနည်းဆီတိုးတိုးကျွေးပေးပါ။ ၄ နာရီခြားတစ်ခါကျွေးလို့ရပါတယ်။ အများကြီးတခါတည်းမကျွေးဘူး။ နည်းနည်းလေးနဲ့ အကြိမ်တိုးကျွေးမယ်။ ဤနည်းနဲ့ ဆိုဒ်ကွဲတာကို အတော်အသင့် သက်သာပါမယ်။ အကုန်လုံးတော့ ဆိုဒ်မညီနိုင်ပါ။ ဥပမာပေးရမယ်ဆိုရင် သူငယ်တန်းကလေးအားလုံး အရပ် ကိုယ်အလေးချိန် မတူသလိုပေါ့။ စားတဲ့ကလေးကတော့ ချွန်ထွက်ပြီးသိသိသာသာဖြစ်နေမှာပါပဲ။ ကျွန်တော်လက်ရှိသုံးနေတဲ့နည်းပါ။ မိုးကာကန်နဲ့မွေးပါက ရေနောက်နေရင်လှယ်ပေးတာ ပိုကောင်းပါတယ်။ အောက်စီဂျင်စက်လေးတွေတပ်ထားလို့ရပါတယ်။ အောက်စီဂျင်မပေးတော့ဘာဖြစ်မလဲ။ ဘာမှမဖြစ်ပါဘူး။ တပ်ပေးတော့ ငါးပိုမြူးတယ်။ အောက်စီဂျင်ပိုရတယ်။ ပိုသန်ပါတယ်။ source: ထိုင်းငါးပြေမ စီးပွားဖြစ်မွေးမြူကြမယ် (fb page)
ဆက်စပ်မေးခွန်းများ
ငါခူမွေးမြူရေး အကြောင်လေသိချင်လို့ပါခဗျား
ဖြေကြားချက် 1 ခု
ငါးပြေမ မွေးမြူ နည်းလေးသိခြင်ပါတယ်ဗျ ကူညီပေးပါအုံး ဘယ်နှစ်လ မွေးမြူ ရင် ဈေးကွက်တင်ရမလဲ သိချင်ပါတယ် ခင်ဗျ မိတ်...
ဖြေကြားချက် 2 ခု
ကျနော် ငါးမွေးမြူရေး စတင်ချင်လို့..ဘယ်လိုစတင်ရမယ်ဆိုတာ.အကြံဉာဏ်လေး တောင်းခံချင်ပါတယ် ခင်ဗျာ.
ဖြေကြားချက် 7 ခု
ငါးခူး မွေးချင်လို့ ဘယ်လို လုပ်ရမလဲ..နေရာကိုရော.. ငါးအကောင်ပေါက်လေး တွေပါ ဘယ်မှာ ရှာလို့ရလဲ
ဖြေကြားချက် 2 ခု
ငါးကြင်းမွေးချင်ပါတယ် ရှမ်း တောင် ဟဲဟိုး အင်းခေါင်းကပါ ဘယ်လိုမွေးရင်အဆင်ပြေနိုင်လဲ ကျေးဇူးပြု၍ဖြေကြားပေးစေလို...
ဖြေကြားချက် 3 ခု