ဖြေကြားချက် ၃ ခု
စိုက်ပျိုးရေးအတွက် ဓါတုပြိုကွဲမှုဖြစ်စဉ်ကို လျှင်မြန်အောင်ပြုလုပ်ပေးသော နည်းစနစ်များတကယ်ကို လိုအပ်ခဲ့ပါတယ်။ကိုင်းတောကြီးတွေ မြက်ရိုင်းတောကြီးတွေကို ခုတ်ထွင်းမီရှို့ခြင်းထက်ပိုပြီး အကျိုးဖြစ်စေသော နည်းစနစ်များကို တွေးခေါ်စဉ်းစားလာကြသည်။ ထိုအခါ ဆွေးမြေ့လွယ်ခြင်း အတွက် မှိုနည်းပညာများ ၊လောင်ကျွမ်းဆွေးမြေ့လွယ်ကူစေရန် ဓါတုပြိုကွဲခြင်းကို နည်းစနစ်အမျိုးအသုံးပြုရာတွင် ထိုထက်ပိုကောင်းသော ပို၍လျှင်မြန်သောဓါတ်ပြိုကွဲမှုဖြစ်စဉ်ကို ရှာဖွေနေကြဆဲပါပဲ
#အီးအမ်ဘိုကာရှီမြေးဆွေးပြုလုပ်သုံးစွဲနည်း •••••••••••••••••••••••••••••• ဘိုကာရှီ(BOKASHI) ဆိုသည်မှာ အီးအမ် (EM) ကို လယ်ယာထွက် စွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်ချေးများနှင့် စနစ် တကျရောနှော်ပြီး မွေးမြူခြင်းဖြင့် ရရှိလာသော မြေဆွေးဖြစ်သည်။ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲမှော်၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်စို၊ မြက်ခြောက်၊ ဗေဒါ၊ သစ်ရွက်ဆေး၊ အမှိုက်ဆွေး စသည်တို့နှင့်တိရစ္ဆာန်ချေး၊ တင်လဲရည်၊ ရေ နှင့် အီူအမ်(EM) ဖျော်ရည်တို့ကို ရောမွှေပြုခြင်းဖြင့် တစ်ပတ်၊ နှစ်ပတ်ခန့်အတွင်း ဘိုကာရှီ မြေးဆွေးရရှိပါသည်။ ဘိုကာရှီမြေဆွေး နှင့် ရိုးရိုးမြေဆွေး ကွာခြားချက်မှာ ဘိုကာရှီမြေဆွေးတွင် လယ်ယာထွက်စွန့်ပစ်ပစ္စည် များကို အမြန်ဆွေး မြေ့စေပြီး မြေဆီသြဇာ ထက်သန်စေသော အကျိုးပြု အဏုဇီ၀များ အီးအမ် (EM) ပိုမိုပါ၀င်ခြင်းဖြစ်သည်။ ရိုးရိုးအီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း (၁) အရိပ်အောက်တွင် အီးအမ်ဘိုကာရှီမြေးဆွေးပုံပြုလုပ်နည်း - စည်းပိုင်းပြတ်ထဲသို့ ရေဂါလံ (၂၀) ထည့်ပါ။ - အသင့်သုံး အီးအမ် (EM) ဖျော်ရည် နို့ဆီခွက် (၃) ခွက်နှင့် တင်လဲရည် (၃) ခွက် လောင်းထည့်၍တုတ်ဖြင့်မွှေပါ။ ( နို့ဆီခွက် (၃) ခွက်= ၁ လီတာ) - အရိပ်အောက်တွင် လယ်ယာစွန့်ပစ် ပစ္စည်းများကို အလျား ( ၆ ပေ) အနံ ( ၃ ပေ) ၊ ထု ( ၆ လက်မ) ရှိအောင် တစ်လွှာပုံပါ။ - လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်းပေါ်တွင် ရေရောစပ်ပြီး အီးအမ် (EM) ဖျော်ရည် ( ၃) ဂါလံကို ဖျန်းပေးရပါမည်။ - နွားချေးနှင့်ဖွဲနုရောပြီး ( ၈) ပြီ ထပ်၍ ဖြူးပါ။ - ယင်းကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ ပုံပါ။ - အပေါ်မှ ပလပ်စတစ်ဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်း တခုခုဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လုံအောင်ထူထူဖုံးပါ။ - ( ၄-၅) ရက်ကြာလျှင် မြေဆွေးပုံးအတွင်း လက်ဖြင့် စမ်းကြည့်၍ တအားပူလျှင် အထပ်အောက်လှန်ပေးပါ။ ခြောက်နေလျှင်ရေဖျန်းပေးပါ။ - အဖြူရောင်မမှုမျှင်များ တွေ့လျှင် ဆွေးမြေ့နေကြောင်း သိရှိနိုင်ပါသည်။ - (၇- ၁၀) ၇က်အကြာ တစ်၀က်တစ်ပျက် ဆွေးမြေ့နေသည့် အခြေအနေတွင်ပင် စတင် အသုံးပြုနိုင်သည်။ - တစ်ဧကအတွက် ( ၈ပုံ= ၂ တန်) မှ ( ၂၀ ပုံ= ၅ တန်) သုံးပါ။ - စိုက်ထယ်ရေးပြင်ချိန်တွင် ဖြန့်ထည့်၍ အသုံးပြုနိုင်ပါသည်။ - နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျဉ်ခြံ သီးနှံပင်များတွင် အစိုဓာတ်ရှိချိန်တွင် အပင်ခြေတွင်ထည့်၍ မြေဖုံးပြီး သုံးပါ။ (၂) ကျေးရွာစွန့်ပစ်အမှိုက် လယ်ယာမြေ အဘိုးတန် ရတနာသိုက်ပြုလုပ်နည်း - သင့်တော်ရာဒေသတွင် အလျား ( ၆ ပေ) ၊ အနံ ( ၃ ပေ) ၊ အနက် ( ၆ ပေ) ကျင်းတူးပါ။ - ကျင်းထဲသို့ စွန့်ပါအမှိုက်များကို ( ၁) ပေထု ဖြန့်ခင်းပါ။ - အီးအမ် (EM) ဖျော်ရည်ကို တစ်လွှာလျှင် ( ၃) ဂါလံ နှုန်းဖြင့့်ဖြန်းပါ။ - နွားချေး ( ၄) ပြီ ညီညာစွာ ဖြန့်ဖြူးပေးပါ။ - ယင်းသို့ အလွှာလိုက် ကျင်းပြည့်သည်အထိ ပြုလုပ်ပါ။ - ဆွေးမြေ့လာသည်နှင့်အမျှ မျက်နှာပြင် နိမ့်ဆင်းသွားပါသည်။ - နိမ့်သွားပါက ကျင်းပြည့်အောင့်ပြန်ဖြည့်ပါ။ - သီးနှံများစိုက်ပျိုးချိန်တွင် ထုတ်ယူသုံးစွဲနိုင်ပါသည်။ - မိုးကျလျှင် ရေမ၀င်စေရန် အမိုး မိုးပေးပါ။ - တစ်ဧက အတွက် ကျင်း ( ၅) ကျင်း လိုပါသည်။ (၃) နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့်ဥယျာဉ်ခြံသီးနှံများတွင် အီအမ် ဘိုကာရှီ သုံးစွဲနည်း - စိုက်ခင်းအတွင်းမှ ပေါင်းများကို ရှင်းပါ။ ရရှိသည့် ပေါင်းများကို အပင်ခြေတွင်ပုံပါ။ အပုံပေါ်တွက် အီးအမ် ( EM) ဖျော်ရည်ဖျန်းပါ။ မြေဖုံးပါ။ ( ဖျော်ရည်ဖျန်းပြီး နွားချေးမှုန့် ဖြူးပေးလျှင် ပိုကောင်းပါသည်။) - ပေါင်းရှင်းသည့်အခါတိုင်း အပင်ခြေတွင် ထပ်မံ၍ ပုံပေးပါ။ စူပအီးအမ်ဘိုကာရှီမြေးဆွေးပြုလုပ်နည်း - စပါးခွံ၊ ဖွဲနု၊ နှင့်နွားချေးတို့ကို ဆတူရောစပ်၍ ပုံပါ။ - အပုံပေါ်သို့ အီးအမ်ဖျော်ရည်ကို သမအောင်ဖျန်း၍ မွှေပါ။ - လက်ဖြင့် ဆုပ်ကြည့်ပါက လက်ကြားမှ ရေမထွက်စေရပါ။ - လက်ဖြင့် ဆုပ်၍ လက်ဖြန့်လိုက်ပါက အလုံး မပျက်စေရပါ။ - ယင်းအခြေအနေတွင် ရောစပ်ပြီး၊ ပစ္စည်းများကို လေလုံ အိတ်တွင် ထည့်၍ ချည်နှောင်ပြီး အရိပ်ထဲတွင်ထားပါ။ - နွေရာသီတွင် ( ၃) ရက်၊ ဆောင်းရာသီတွင် (၁၀) ရက် ကြာလျှင် မြေဆွေး အဖြစ် စတင်အသုံးပြုနိုင်သည်။ - ကြာရှည် သိုလှောင်လိုပါက နေရိပ်တွင် အခြောက်ခံပြီး အိတ်ထဲသို့ ပြန်ထည့်၍ သိုလှောင် အသုံးပြုနိုင်ပါသည်။ ( ၆) လခန့်အထိ သုံးနိုင်ပါသည်။ - တစ်ဧက အနည်းဆုံးပိသာ (၅၀၀) အသုံးပြုရမည်။ မြေပြင်ချိန်ကြဲပက်၍ တစ်ကြိမ်၊ သမန်းနိုးထချိန် တန်ူးကြားအတွင်း ဖြူး၍ အနည်းဆုံး နှစ်ကြိမ် ခွဲသုံးပါ။ အမြန်သုံးစူပါအီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း - ဖွဲနု ( သို့မဟုတ်) ဆန်ကွဲ အနည်းဆုံး တစ်ပြည်ကို ရေဖြင့်ခပ်ပျစ်ပျစ် ကျို၍ အအေးခံပါ။ - အသင့်သုံး အီးအမ် (EM) ဖျော်ရည် ငှက်ပျော်ဖူး ပုလင်း တစ်ပုလင်း ရောစပ်၍ ( ၂) နာရီကြာ ထားပြီး သုံးပါ။ - ထယ်ရေးပြင်ချိန်တွင် တစ်ကြိမ်၊ အပင်ကြီးထွားချိန် တစ်ကြိမ်၊ ပန်းပွင့်ချိန် တစ်ကြိမ် ကြဲပက်ထည့်ပါ။ အီးအမ်ဘိုကာရှီ အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ အီးအမ်ဘိုကာရှီမြေဆွေးကို နေရာဒေသအနှံတွင် စပါး၊ ကြံ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံပင်များ စိုက်ပျိုးရာတွင် အသုံးပြုမှုများကို စစ်တမ်းရယူခဲ့ရာတွင် မြေဆွေး အမျိုးအစား အမျိုးမျိုးရှိသည့် အနက် အီးအမ် ဘိုကာရှီမြေဆွေးသည် သီးနှံအထွက်ကို သိသိသာသာ ထွက်ရှိအောင် စွမ်းဆောင်နိုင်ကြောင်း သုသေတနပြု တွေ့ရှိရပါသည်။ #Agro_Article #Pissaya_Info Credit- စိုက်ပျိုးရေးဦးစီးဌာန
ဆက်စပ်မေးခွန်းများ
Januaryလကုန်ခါနီးမှာချဉ်ပေါင်စိုက်လို့အဆင်ပြေပ့မလား စိုက်နည်းလေးလဲပြောခဲ့ကြပါအုံး
ဖြေကြားချက် 1 ခု
ချဉ်ပေါင်ပင်အသက်ငယ်ငယ်လေးနဲ့သီးကုန်လို့ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 9 ခု
ဒီဇင်ဘာတတိယပတ်နောက်ဆုံးပတ်လောက်ကောက်ကြီးတွေရိတ်ပြီးချဉ်ပေါင်ပြန်ကြဲလို့ရနိူင်ပါ့မလားဗျမိုး...
ဖြေကြားချက် 2 ခု
ချဉ်ပေါင်ကို စနစ်တကျ စိုက်ချင်ပါတယ် နည်းလေးသိချင်ပါတယ်၇ှင့်
ဖြေကြားချက် 1 ခု
ချဥ်ပေါင်ပင်မှာအဲ့ဒီပိုးတွေကိုဘယ်လိုကာကွယ်ရလဲခင်ဗျာလမ်းညွန်ပေးပါအုံးဆရာတို့ရေ
ဖြေကြားချက် 1 ခု