အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
464
လွန်ခဲ့သော ၆ နှစ် က · ကျောင်းကုန်း

ဘော်ဒိုးဆေးရည်ဖျော်စပ်နည်းလေးသိချင်လို့ပါ

စိုက်ပျိုး ရေ သစ်မွှေး
Post image
7

ဖြေကြားချက် ၇ ခု

15,675 လွန်ခဲ့သော ၆ နှစ် က

အေ်ာ ဟုက်ကဲအကို

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မှိုရောဂါ ကာကွယ်ဆေးပါ.ပြင်သစ်နိုင်ငံဘော်ဒိုးမြို့မှာစတင်တွေ့ရှိပြီး စပျစ်စိုက်ခင်းမှာစတင်အသုံးပြုခဲ့ပါတယ်။ဒါကြောင့် ဒီ ထုံး.ဒုတ္ထာဆေးရည်က်ို ဘော်ဒိုးဆေးရည်လို့ဂုဏ်ပြုအမည်ပေးခဲ့တာပါ။နှစ်ပေါင်းရာချီကြာခဲ့ပေမဲ့ ယခုအချိန်ထိအသုံးပြုနေဆဲပါ။

15,675 လွန်ခဲ့သော ၆ နှစ် က

ဘေ်ာဒိုးဆေးရည်က ဘယ်လိုအစွမ်းလဲဗျာ့ မသိလိုမေးတာပါဆရာတို့ ပိုးသက်ဆေးလားဗျာ့

15,675 လွန်ခဲ့သော ၆ နှစ် က

ဒုတ်ထရေဆိုတာဘာလဲဗျာ့

464 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

၁ရာခိုင်နှုန်း(1%)ဆေးဆိုရင် ဒုတ္ထာ၁၀ကျပ်သား+ထုံး ၁၀ကျပ်သား ကိုရေ၄ဂါလံနဲ့ရောဖျော်ပြီးဖျန်းတာပါ(အရွက်မှာကျတဲ့မှိုရောဂါကိုနှိမ်နင်း) ......၂ရာခိုင်နှုန်း(2%)ဆေးဆိုရင် ဒုတ္ထာ၂၀ကျပ်သား+ထုံး၂၀ ကျပ်သားကိုရေ၄ဂါလံနဲ့ရောပြီးဖျန်းတာပါ(စိုက်ခင်းမြေကြီးမှာကျသောမှိုရောဂါနှိမ်နင်း)။ထုံးကိုရေ၃ဂါလံနဲ့၎င်း,ဒုတ္ထာ ကိုရေ၁ဂါလံနဲ့၎င်း, ပုံးတစ်ခုစီမှာသီးခြားစီဖျော်ရပါမယ်.ဖျော်ပြီးသောထုံးရည်နဲ့ဒုတ္ထာရည်ကိုဆေးဖျန်းပုံးထဲ တပြိုင်တည်း​လောင်းထည့်ပြီးဖျန်းနိုင်ပါပြီ။ထုံးကရေမှာပျော်ဝင်မှုဟာ ဒုတ္ထာလောက်မကောင်းသဖြင့်ရေ၃ဂါလံနဲ့ဖျော်ရခြင်းဖြစ်ပါတယ်။အသုံးပြုတဲ့ပုံးတွေဟာ ဒန်အိုး.. သံပုံး..သွပ်ပုံးတွေမဖြစ်ရပါ။ကော်ပုန်း. ပလတ်စတစ်ပုံး,မြေအိုး/စဥ့်အိုးတွေသုံးနိုင်ပါတယ်။ဆေးဖျန်းပုံးထဲရောထည့်ပြီးပြီဆိုရင်၂၄နာရီအတွင်းအသုံးပြုရပါမယ်။သီးခြားစီ(ထုံးရည်,ဒုတ္ထာရည်) ဖျော်ထားမယ်ဆိုရင် မသုံးဖြစ်သေးပါက တာရှည်စွာထားနိုင်ပါတယ်။

80,046 လွန်ခဲ့သော ၆ နှစ် က

ဖျော်စပ်နည်းလေးပါ ပုံကိုနိပ်ပြီးလေ့လာနိုင်ပါတယ် စာဖတ်ရတာအဆင်မပြေရင် ပြန်ပြောပေးပါရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။