အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
15,966
လွန်ခဲ့သော ၆ နှစ် က · မြောင်းမြ

ကွန်းပေါင်းတစ်မျိုးထဲကျွေးတာနဲ့ကိုယ့်ဟာကိုယ်နိုက်ထရိုဂျင်၊ဖော့စဖိတ်၊ပိုတက်ဆီယံ၃မျိုးရောကျွေးတာဘယ်ဟာကအာနိသင်ပို...

ကွန်းပေါင်းတစ်မျိုးထဲကျွေးတာနဲ့ကိုယ့်ဟာကိုယ်နိုက်ထရိုဂျင်၊ဖော့စဖိတ်၊ပိုတက်ဆီယံ၃မျိုးရောကျွေးတာဘယ်ဟာကအာနိသင်ပိုကောင်းမလဲ။

အပင်အာဟာရ သံပုရာ
4

ဖြေကြားချက် ၄ ခု

4,709 လွန်ခဲ့သော ၆ နှစ် က

အရည်သွေးမြင့် ကွန်ပေါင်းမှာအနည်းလိုအဟာရတွေပါနေတာကအားသာချက်တစ်ခုပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နီးစပ်ရာမြို့နယ်စိုက်ပျိုးရေးမှတဆင့်စမ်းသပ်နိုင်ပါတယ်။စိုက်ခင်းရဲ့နေရာအနှံ့(နေရာ ၂၀ ခန့်)မှ မြေနမူနာကို နို့ဆီဗူး ၁ လုံးခန့်ယူပြီးပေးပို့စမ်းသပ်နိုင်ပါတယ်။မြေနမူနာယူနည်းကို စိုက်ပျိုး ရေးရုံးမှာမေးမြန်းနိုင်ပါတယ်(စာနဲ့ရေးပြီးရှင်းပြရင်နားမလည်မှာစိုးလို့ပါ)။အခုဆိုရင်စိုက်ပျိုးရေးရုံးတွေက တောင်သူတွေကိုနွေးနွေးထွေးထွေးကြိုဆိုပြီးကူညီနေကြပါပြီ။မြေနမူနာကိုစမ်းသပ်တဲ့အခါမှာ..မြေချဥ်ငန်ကိန်း(pH),N,P,K,ဆားပါဝင်မှု,အစိုဓာတ်စသည်ဖြင့်သိခြင်တဲ့အရာပေါ်မူတည်ပြီးကုန်ကျစရိတ်ရှိပါမယ်။တစ်မျိုးကိုစမ်းသပ်ခ ၃၀၀၀ကျပ် ခန့်ရှိပါတယ်။မြောင်းမြ ကဆိုတော့ ဧရာဝတီတိုင်းစိုက်ပျိုးရေးရုံး(မြေအသုံးချ),ပုသိမ်မြို့မှာ မြေဓာတ်ခွဲခန်းရှိပါတယ်။မြို့နယ်ရုံးမှတဆင့်အကူအညီတောင်း​ပြီးပေးပို့စစ်ဆေးနိုင်ပါတယ်။

7,833 လွန်ခဲ့သော ၆ နှစ် က

မြေကြီး ကို PH. တိုင်း ကြည့် ရုံနဲ့ အဟာရဓာက်လိုအက်ချက်ကိုသိနိုင်သလား ခင်ဗျာ လိုအပ်ချက်တွေ အားလုံး သိနိုင် ဖို့ ဘယ်မှာ စမ်သပ်လို့ရလည်း ဆရာ တို့ ခင်ဗျာ အမြဲ လေးစားပါတယ်

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အမှန်တကယ်ဆိုရင်တစ်မျိုးချင်းကိုအပင်အတွက်လိုအပ်တဲ့အချိန်တွေမှာသီးခြားစီကျွေးပေးနိုင်းရင်အကောင်းဆုံးပေါ့ဗျာ။မြန်မာပြည်မှာဓာတ်မြေသြဇာစသုံးခဲ့တဲ့ကာလတုန်းက(နှစ်ပေါင်း ၄၀ ကျော်) သီးခြားစီသုံးခဲ့ကြတာပါ။နိုက်တြိုဂျင်ကိုအပင်ကြီးထွားမှုကာလ..ဖော့စ်ဖိတ်ကို မျိုးပွားမှုကာလ နဲ့ ပိုတက်ရှ်ကိုသီးပွင့်မှုကာလတို့မှာမှန်းဆပြီးကျွေးရပါတယ်.ဒါကြောင့်အပင်ကစားသုံးနိုင်တဲ့အဆင့်ရောက်အောင်ပြိုကွဲဖို့ကြာတတ်တဲ့ဖော့စ်ဖိတ်ကိုမြေပြင်ကတည်းကထည့်ကျွေးရပါတယ်။ဒါပေမဲ့ဒီဘက်ခေတ်မှာတော့အလွယ်သုံးလို့ရအောင် ကွန်ပေါင်းမြေသြဇာကိုသုံးစွဲလာကြပါတယ်။မြေဆီမကျွေးခင် မြေမှာအာဟာရပါဝင်မှုကိုအရင်စစ်ဆေးသင့်ပါတယ်။စစ်ဆေးမှုရလဒ်အရ လိုအပ်နေတဲ့အာဟာရကိုတွက်ချက်ပြီးလိုအပ်တဲ့ပမာဏသာသုံးမယ်ဆိုရင် အကုန်အကျလည်းသက်သာ/ထိရောက်မှုလည်းပိုရှိပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။