အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
526
လွန်ခဲ့သော ၆ နှစ် က · မှော်ဘီ

ရေချိုလား ရေငန်လားကိုဘယ်လိုခွဲရမလဲဗျာ။ ကိုယ့်ရေတွင်းကရေကို စိုက်ပျိုးရေသုံးရန် လူသောက်သုံးရန်အတွက်သင့်မသင့်...

ရေချိုလား ရေငန်လားကိုဘယ်လိုခွဲရမလဲဗျာ။ ကိုယ့်ရေတွင်းကရေကို စိုက်ပျိုးရေသုံးရန် လူသောက်သုံးရန်အတွက်သင့်မသင့် ထုံးဓာတ်ပါဝင်မှု သံဓာတ်ပါဝင် ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်ဌာနကိုပို့ပြီးစစ်ဆေးလို့ရလဲသိချင်ပါတယ်ဗျာ

စိုက်ပျိုး ရေ ဒူးရင်းသီး
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က
ဤအဖြေဖြင့် ပြေလည်

စိုက်ပျိုးရေးဦးစီးဌာန,မြေအသုံးချ..မြေဆီလွှာဓာတ်ခွဲစမ်းသပ်ခန်းမှာ စစ်ဆေးနိုင်ပါတယ်။ရန်ကုန်..အင်းစိန်(ကြို့ကုန်း)မှာပါ။မြေ,ရေ,မူးယစ်ဆေးဝါး,မြေသြဇာအမျိုးမျိုး...စသည်ဖြင့်အမျိုးမျိုးစမ်းသပ်စစ်ဆေးနိုင်ပါတယ်။ပါဝင်မှုဓာတ်အမျိုးမျိုးကို တိကျစွာအဖြေထုတ်ပေးပါတယ်။ရေချို..ရေငန်ကိုအကြမ်းဖျင်းအားဖြင့်ဆပ်ပြာအသုံးပြုပြီးခွဲခြားသိနိုင်ပါတယ်။ဆပ်ပြာတိုက်လို့အမြှုပ်ကောင်းကောင်းထွက်ရင်/ဆပ်ပြာတိုက်ပြီးရေဆေးလိုက်ရင်အလွယ်တကူပြောင်စင်သွားရင် အဲဒီရေကို ရေသွက် သို့မဟုတ် ရေချိုလို့ခေါ်ကြတယ်။အဲဒါရဲ့ဆန်ကျင်ဘက်ဆိုရင် ရေစေး သို့မဟုတ် ရေငန်လို့အလွယ်တကူသတ်မှတ်ကြတယ်။ဓာတ်ခွဲခန်းပို့ပြီးစမ်းမယ်ဆိုရင်တော့တိတိကျကျသိနိုင်ပါမယ်။

526 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။