အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
696
လွန်ခဲ့သော ၆ နှစ် က · ခင်ဦး

နှမ်းနက်ပါခုမှစစိုက်မလို့ပါဘယ်လိုစိုက်ရလဲ ဘယ်လိုလုပ်ရမလဲအကြံပေးပါဗျာ

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ပျိုးနည်း
4

ဖြေကြားချက် ၄ ခု

696 လွန်ခဲ့သော ၆ နှစ် က

ခင်ဦး‌နယ်ကပါဗျာ

116 လွန်ခဲ့သော ၆ နှစ် က

ဘယျဒသေကလဲ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နှမ်းနက်ကိုင်းဖြာမျိုးဆိုရင်တန်းကြား၁၅လက္မထားပြီးစိုက်ရပါမယ်။အပင်ပေါက်ပြီး၁၀ရက်ခန့်မှာထွန်နဲ့ကန့် လန့်ဖြတ်မှုန်းပေးရမယ်။နောက်ဆယ်ရက်ခန့်အ​ကြာမှာ လက်နဲ့တစ်မြုံမှာ၂ပင်ဘဲထားပြီးအပင်ထပ်မှုန်းရပါမယ်/ပေါင်းရှင်းရပါမယ်.မှုန်းထားတဲ့အပင်တွေကိုအပင်ခြေမှာအစိုဓာတ်ထိန်းနိုင်အောင်ပုံပေးရပါမယ်။နှမ်းပင်ဟာအပင်သက်တမ်းတလျှေက်အစိုဓာတ်ရှိရပါမယ်.ဒါပေမဲ့ရေဝပ်တာမကြိုက်ပါ။နောက်ဆုံးကြားပေါင်းဝင်ချိန်မှာ ပုလဲ(ယူရီးယား)ကို တစ်အိတ်ရဲ့လေးပုံတစ်ပုံထည့်ပေးရပါမယ်။ဒါကတော့ နှမ်းစိုက်ပျိုးရေးမှာအရေးကြီးတာလေးတွေပြောပြတာပါ။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နွေနှမ်း..မိုးကြိုနှမ်း..နဲ့ ဆောင်းနှမ်းဆိုပြီးအဓိကစိုက်ကြပါတယ်။နွေနှမ်းကို ဖေဖေါ်ဝါလကုန်နဲ့မတ်လမှာစိုက်ရပါတယ်.(သွင်းရေအဆင်ပြေတဲ့ဒေသတွေမှာစိုက်ပါတယ်)။မိုးကြိုနှမ်းကိုတော့ မေ..ဇွန် လတွေမှာစိုက်လေ့ရှိပါတယ်.(မြန်မာနိုင်ငံအနှံ့အပြားမှာစိုက်ကြပါတယ်.မိုးဦးမိုးလုံလောက်စွာမရနိုင်တဲ့ဒေသတွေမှာမစိုက်တော့ပါ)။ဆောင်းနှမ်းကိုတော့ကြည်တည့်မိုးရွာပြီးနောက်ပိုင်း စက်တင်ဘာလပထမပတ်မှာ စစိုက်လေ့ရှိပါတယ်. စက်တင်ဘာ နောက်ဆုံးရက်သတ္တပတ် ထိစိုက်ကြပါတယ်။မျိုးကတော့ သိပ္ပံနက်,ဆင်းရတနာ(၃) နဲ့ ဆင်းရတနာ (၁၄) မျိုးတွေကတော့ မိုးခေါင်ဒဏ်ခံနိုင်ပြီးအရည်အသွေးရောအထွက်ပါကောင်းတာကြောင့်တောင်သူအများစုအသုံးပြုနေကြပါတယ်.ဂျီအေပီ (GAP)နည်းနဲ့စံနစ်တကျစိုက်မယ်ဆိုရင်အောင်မြင်ဖြစ်ထွန်းပြီးစျေးကောင်းရနေပါတယ်။စိုက်နည်းစံနစ်အသေးစိတ်ကို အစိမ်းရောင်လမ်းဆော့ဝဲ...စိုက်ပျိုးနည်းပညာအခန်း..စိုက်ပျိုးနည်းထဲမှာ နှမ်းသီးနှံကို​ ရွေးချယ်ပြီးရောက်လေ့လာဖတ်ရှု့နိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။