ခုလက်ချားအခဲတုံးထပ်ဝယ်လာပြီးအရင်တခါလှော်တုန်းကအရည်ဖြစ်ပြီးမှပြန်ခဲနေလို့ ဘလိုလှော်ရမလဲ ဆရာများခဗျား
ကျေးဇူးပါဆရာ
လက်ချားကလှော်သေးသလား
ဆေးဖျန်းပုံးတစ်ပုံးမှာ ပုလဲ၁၆ဇွန်း+လက်ချား၄ဇွန်းနှုန်းထည့်ပြီးဖျန်းနိုင်ပါတယ်။ပန်းစပွင့်ချိန်ကစပြီးသီးကင်းဝင်ချိန်အထိ ၂ကြိမ်..၃ကြိမ်လောက်ဖျန်းပေးမယ်ဆိုရင် အစေ့ဆံပြည့်ဝပြီးအထွက်ကောင်းလာမှာပါ။
ဘယ်လို အသုံးပြုပြီ ဖျန်းရမလည် ဆရာ
လက်ချားအခဲကို ပထမတူနဲ့ထုပြီးအမှုန့်ဖြစ်အောင်ပြုလုပ်ရပါတယ်။အမှုန့်ဖြစ်ပြီဆိုတော့မှသွပ်ပြား/ဒယ်အိုး/မြေအိုး တခုခုနဲ့ထည့်ပြီးမီးအပူပေး..လှော်ရပါမယ်။လှော်နေစဥ်မှာ တုတ်တစ်ချောင်းနဲ့မပြတ်မွှေပေးရပါမယ်.မွှေခါစမှာအစိုပြန်ပြီးခဲတတ်ပါတယ်(ဖြစ်တတ်ပါတယ်) မပြတ်မွှေပေးနေရပါမယ်။အပူကြာကြာပေးပြီးမွှေနေစဥ်တဖြည်းဖြည်းနဲ့မွရွပြီးပွလာပါလိမ့်မယ်။(အပူ စပေးကတည်း ကမပြတ်မွှေပေးနေရမှာပါ)။ထပ်ကြိုးစားကြည့်ပါဦး။အဆင်ပြေသွားမှာပါ။
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း စိုက်ပျိုးခြင်းအတွက် အကြံပြုချက်များ
ဖြေကြားချက် 1 ခု
ဆားရှိတဲ့လယ်ကို အန်ကောနစ် မြေသြဇာသုံးပီး မြေပြင်လို့ရလားဗျ သိချင်ပါတယ်
ဖြေကြားချက် 2 ခု
လက်ချားကိုဘယ်မှာဝယ်ရလဲ
ဖြေကြားချက် 1 ခု
ယခုလထဲမှာပဲတီစိမ်းစိုက်ရင်အဆင်ပြေနိင်လားဗျာအဆင်ပြေရင်စိုက်နည်းလေးပြောပြပေးပါဦးဆရာတို့ခဗျာ
ဖြေကြားချက် 4 ခု
ပဲတီစိမ်းပန်းပွင့်ချိန်မှ မြက်ကင်ရှာမြက်မျိုး တပ်အုပ်လာလို့ ဘာဆေးသုံးရင် အသင့်တော်ဆုံးလဲ သိချင်ပါတယ်
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။