ဖြေကြားချက် ၁ ခု
ရင့်မှည့်သောမြေပဲတောင့်ကိုသာမျိုးအဖြစ်ထားရမည်။ရင့်မှည့်သည့်အချိန်ထက်ရက်လွန်သောမြေပဲတောင့်များကိုမျိုးအဖြစ်မယူသင့်ပေ။ပြန်စိုက်သောအခါအပင်ပေါက်နှုန်းညံ့တတ် သည်။မှိုစွဲတတ်သည်။မြေပဲတစ်ပင်ရဲ့ဥ..၈၀ ရာခိုင်နှုန်းရင့်မှည့်ပါကခူးဆွတ်သင့်ပါတယ်.ခြေက်သွေ့အောင်လှန်းရပါမည်(အစိုဓာတ် ၇ရာခိုင်နှုန်းရှိရမည်). မြေပဲတောင့်ကိုကိုက်ကြည့်ပါက တောက် ကနဲမြည်နေရမည်။လေလုံသောသံပုံး,အဖုံးပါပီပါပုံး,နွားချေးမံထားသောပုတ်တွေနဲ့လှောင်နိုင်ပါတယ်။မတ္တရာနယ်ကဆိုတော့ စဥ့်အိုးနဲ့လည်းလှောင်လို့ရပါတယ်။စဥ့်အိုးအတွင်းဖက်ကိုရေနဲ့ ပြောင်စင်အောင်ဆေး ကြောပြီးနေပူပူမှာခြောက်သွေ့အောင်လှန်းထားရပါမယ်.ခြောက်သွားပါကအိုးအတွင်းပိုင်းကို မပြစ်မကျဲဖျော်ထားသော ဖောက်ထုံး(ထုံးရည်)နဲ့သုတ်လိမ်းပေးပြီနေပူတွင်ထားပါ.ထုံးခြောက်သွားပါက မြေပဲကိုထည့်ပါ.အိုးနှုတ်ခမ်းနှင့်လက်လေးလုံးအကွာထိထည့်ပြီးအပေါ်မှနွားချေးဖြင့်မံပြီးပိတ်ထားပါ။နွားချေးမရှိပါကကောက်ရိုး/သီးနှံရိုးပြတ်များအုပ်ပြီး အပေါ်မှပလတ်စတစ်စဖြင့်အလုံပိတ်ထားရပါမည်။(တောင်သူတစ်ဦး၏လက်တွေ့နည်းပါ)
ဆက်စပ်မေးခွန်းများ
မြေပဲ ပင်ပြန် မျိုး ဘယ်နှစ်ရှိလည်းခင် ကျနော် ကပင်ပြန်မျိုးသက်ရင်စိုက်ချင်လို့ပါ ဘယ်မှာ ဝယ်လို့ရနိုင်လည်း ဘယ်...
ဖြေကြားချက် 2 ခု
မြေပဲညှောင့်ဖောက်နည်းလေးပေးပါဗျ
ဖြေကြားချက် 0 ခု
မြေပဲမှာအဆန်ဝါကြောင်ဘာကြောင့်ပါတာလဲရှင်းပြပေးပါအုံးခဗျာ
ဖြေကြားချက် 0 ခု
မြေပဲဆင်း၁၁မျိုးဘယ်မှာဝယ်ရလဲဗျ စျေးနှုန်းဘယ်လောက်လဲဗျ
ဖြေကြားချက် 1 ခု
၁၂လပိုင်း ဆောင်းမြေပဲစိုက်မယ်ဆိုရင် ဘယ်အချိန်မှာထွက်တဲ့ေမြပဲကို မျိုးမြေပဲ အဖြစ် အသုံးပြုရလဲဗျ။ မိုးဦးပေါ်တဲ့...
ဖြေကြားချက် 1 ခု