N P Kဆိုတဲ့အာဟာရသုံးမျိုးရဲ့ကောင်းကျိုးဆိုးကျိုးကိုပြောပြပေးပါလားဗျ တန်ရင်ဆေးလွန်းရင်ဘေးဖြစ်တဲ့ကြောင်းကိုရှင်း...
N P Kဆိုတဲ့အာဟာရသုံးမျိုးရဲ့ကောင်းကျိုးဆိုးကျိုးကိုပြောပြပေးပါလားဗျ တန်ရင်ဆေးလွန်းရင်ဘေးဖြစ်တဲ့ကြောင်းကိုရှင်းပြပေးပါလားဗျာ
N P Kဆိုတဲ့အာဟာရသုံးမျိုးရဲ့ကောင်းကျိုးဆိုးကျိုးကိုပြောပြပေးပါလားဗျ တန်ရင်ဆေးလွန်းရင်ဘေးဖြစ်တဲ့ကြောင်းကိုရှင်းပြပေးပါလားဗျာ
မေးခွန်းက ကျယ်ပြန့်တဲ့အတွက် အကျဉ်းချုပ် ဖြေကြားပါရစေ။ NPK ဟာ အပင်များအတွက် အရေးကြီးတဲ့ ပထမတန်း ဓါတ်မြေသြဇာများ ဖြစ်ပါတယ်။ N သည် အရွက်များ ဖွံ့ဖြိုးဖို့ P သည် အမြစ် အသီးအရွက် ကြီးထွားဖို့ K သည် ပင်စည်နှင့်အကိုင်းများ ကြီးထွားဖို့၊ ရေသယ်ဆောင်ဖို့၊ အပင်အတွက် စွမ်းအင် ချက်လုပ်ဖို့ အသီးအပွင့် ဖွံ့ဖြိုးဖို့ ဖြစ်ပါတယ်။ မြေသြဇာများကို အများအားဖြင့် မြေတွင် ထည့်သွင်းခြင်းနှင့် အရွက်ကိုဖျန်း ဆိုသည့် နည်း ၂ မျိုးနဲ့ အပင်ကြီးထွားဖို့ ကျွေးမွေးကြရတယ်။ NPK ကို ၃ မျိုးပေါင်းပြီး ကွန်ပေါင်း သို့မဟုတ် ကွန်းပလပ် မြေသြဇာဟုခေါ်သည်။ ၁၀-၁၀-၁၀ ၊ ၁၅-၁၅-၁၅ စသည်ဖြင့် အချိုးအစား အမျိုးမျိုးလာသည်။ NP, NK, PK ဆိုပြီး ၂ မျိုးစပ် လာသည်လည်းရှိသည်။ N အတွက် ပုလဲသို့မဟုတ် ယူရီးယား ဓါတ်မြေသြဇာဆိုပြီး တမျိုးတည်းလာတာ ရှိပါတယ်။ ထုတ်လုပ်သည့် ကုမ္ပဏီအလိုက် ဈေးနှုန်းများကွာခြားမှုရှိပါတယ်။ မြန်မာနိုင်ငံတွင် မြေသြဇာဥပဒေလည်းရှိပါတယ်။ အရည်အသွေးပြည့်ဝဖို့ အတုအပရှောင်ရှားဖို့၊ တရားမဝင်ရောင်းဝယ်ခြင်းအားဟန့်တားဖို့ မှန်မှန်ကန်ကန် အသုံးချဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးဆွဲထားတာဖြစ်ပါတယ်။ မြေသြဇာများကို နှစ်စဉ်တိုးပွားလာတဲ့ ကမ္ဘာ့လူဦးရေအတွက် လုံလောက်တဲ့ စားနပ်ရိက္ခာတွေထုတ်လုပ်ဖို့ ရည်ရွယ်သုံးစွဲနေကြရခြင်း ဖြစ်ပါတယ်။ မြေသြဇာများကို လိုသည်ထက် ပိုမိုသုံးစွဲမိပါက အပင်လောင်ခြင်း အပင်သေခြင်း ပတ်ဝန်းကျင်ရေထု လေထုများ ညစ်ငြမ်းခြင်းကိုလည်းဖြစ်စပေါသည်။ သီးနှံများအတွက် သတ်မှတ်ထားသည့် မြေသြဇာနှုန်းထားအတိုင်း အသုံးပြုရန်လိုအပ်သည်။ မိမိစိုက်ပျိုးမြေကိုလည်း ဓါတ်ခွဲစမ်းသပ်သင့်သည်။ မလိုအပ်ပဲ ဓါတ်မြေသြဇာများ ပိုမိုဘသုံးစွဲမိပါက ငွေကြေးများလည်း ထပ်မံဆုံးအုံးမည်။ ဓါတ်မြေသြဇာများသည် အဆိပ်မဟုတ်သော်လည်း များများစားမိပါက အသက်ဆုံးရှူံးနိုင်သည်။ ဥပမာ ၆၀ ကျပ်သားအရွယ်ကြွက်တစ်ကောင်အား ယူရီးယား ၁၅-၂၀ ဂရမ်ကျွေးမိပါက သေနိုင်သည်။ ယူရီးယားကို ၁၈၂၈ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုအခါ ကမ္ဘာ တစ်ဝန်းလုံးမှာ သုံးစွဲနေကြပါတယ်။ မြေသြဇာများကို တရုတ်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့ အများဆုံးထုတ်လုပ်ကြပါတယ်။
ဆက်စပ်မေးခွန်းများ
Question for developer, profile မှာ ပညာရှင်ဖြစ်နေလို့ ဘယ်လိုပြန်ပြောင်းရမလဲဗျ
ဖြေကြားချက် 1 ခု
မြေဧက ၄ ဧကခန့်အား နှစ်ရှည်ပင်စိုက်ပျိုးလိုပါသည်။စျေးကွက်ရှိမည်သည့်အပင်မျိုးစိုက်ပျိုးရမည်ကိုဖြေကြားပေးစေလိုပါ...
ဖြေကြားချက် 1 ခု
လင်းနို့ချေးရဲ့အာနိသင်နဲ့မြေဩဇာအဖြစ်အသုံးပြုပုံလေးဖြေကြားပေးပါ။
ဖြေကြားချက် 1 ခု
ရော်ဘာစျေး ဘယ်လောက်ရှိနေလဲ
ဖြေကြားချက် 1 ခု
ယနေ့ မွန်ပြည်နယ် မိုးလေဝသအခြေနေသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။