အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · ဘီးလင်း

ရှာလကာရည်ပြုလုပ်နည်းလေးသိချင်ပါတယ်

စိုက်ပျိုး ဗဟုသုတ ဂန္ဓမာ
4

ဖြေကြားချက် ၄ ခု

116 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ.. စမ်းပြီး စိမ်ထားပါ့မယ် ကြိုက်တတ်လို့ပါ...

80,046 လွန်ခဲ့သော ၆ နှစ် က
80,046 လွန်ခဲ့သော ၆ နှစ် က

ပန်းသီးရှာလကာရည် ပြုလုပ်နည်း (Homemade Organic Raw Apple Cider Vinegar) "ပါဝင်သော အရာများ" ============== (၁) ပန်းသီးငယ် (၃) လုံး။ (အူတိုင်နှင့် အခွံပါ။ ရိုးတံ မပါ။) (၂) သဘာဝ သကြား (၃) ဇွန်း။ (စားပွဲတင် ဇွန်း) (၃) စစ်ထားသော ရေ။ --------------------- "ပြုလုပ်နည်း" ======== (၁) ပန်းသီးကိုရေဆေးပြီး အနေတော် အတုံးလေးများတုံးပေးပြီးနောက် သေချာစွာသန့်စင်ထားသော အဝကျယ် ဖန်ပုလင်းထဲသို့ထည့်ပါ။ (၂) သကြားကို ရေတစ်ခွက်ဖြင့်ရောပြီး ပန်းသီးများပေါ်မှ လောင်းချပေးပါ။ (၃) ပန်းသီးများဖုံးရန် ရေလိုအပ်ပါက ရေထပ်ဖြည့်ပါ။ (၄) ဖန်ပုလင်းကို ပိတ်စဖြင့် ဖုံးအုပ်ပြီး စည်းထားပေးပါ။ (အရည်ကို လေရစေရန်နှင့် မလိုအပ်သော အရာများမဝင်ရောက်စေရန်။) (၅) ဖန်ပုလင်းကို မပူလွန်း မအေးလွန်းသော မှောင်သည့်နေရာ၌ ၂-၃ ပတ်ခန့်ထားပေးပါ။ (၆) အရည်ကိုငှဲ့ထုတ်ပြီး ပန်းသီးဖတ်များကို စွန့်ပစ်ပါ။ (၇) အရည်ကို မူလဖန်ပုလင်းထဲသို့ ပြန်ထည့်ပြီး မူလပိတ်စဖြင့် ပြန်၍ဖုံးအုပ်ပေးပါ။ (၈) ဖန်ပုလင်းကို မပူလွန်း မအေးလွန်းသော မှောင်သည့်နေရာ၌ ပြန်ထားပေးပြီး ၄-၆ ပတ်ခန့် ထားပေးပါ။ (သစ်သား (သို့) ကြွေဇွန်း ဖြင့် အခါအားလျော်စွာ မွှေပေးပါ။) (၉) ၄ ပတ်ကျော်ပြီးနောက် ရှာလကာရည်ကို မြည်းစမ်းကြည့်နိုင်ပြီး မိမိကြိုက်နှစ်သက်သော အခြေအနေသို့ရောက်ရှိပါက အဖုံးပါသော ပုလင်းသို့ ပြောင်းရွှေ့ပြီး စတင်သုံးစွဲနိုင်ပါပြီ။ -------------------------------- "သတိပြုရန်" ======== (၁)- ပုလင်းကို ဆေးကြောသန့်စင်ရာတွင် ဆပ်ပြာစသည်တို့အား လုံးဝသန့်စင်စေရန် သေချာစွာ ဆေးကြောပေးရပါမည်။ (သို့မဟုတ်လျှင် ၎င်း အကြွင်းအကျန်များ နှင့် အညစ်အကြေးများကြောင့် ပန်းသီးရှာလကာရည်ကို ပျက်စီးစေနိုင်ပါသည်။) (၂) - အစဦးပိုင်းရက်များတွင် ပေါလောပေါ်နေသော ပန်းသီးများကို မြှုပ်နေစေရန် အတွက် သန့်စင်သော ဖန်ခွက်ငယ် (သို့မဟုတ်) အလားတူ သန့်စင်သော၊ ပန်းသီးရှာလကာရည်ကို မပျက်စီးစေသော အရာဝတ္ထုတစ်ခုခုဖြင့် ဖိထားပေးပြီး ပိတ်စဖြင့် ပြန်အုပ်ထားပေးနိုင်ပါသည်။ (၃) - အော်ဂဲနစ်ပန်းသီးဆိုလျှင် တစ်လုံးလုံး(ပုပ်နေသော အစိတ် အပိုင်းမှ လွဲ၍)ကို အသုံးပြုနိုင်ပြီး ရိုးရိုးပန်းသီးဆိုလျှင် ပိုးသတ်ဆေးများကြွင်းကျန်နိုင်သည့် အခွံကို ဖယ်ထုတ်ပေးသင့်ပါသည်။ (၄) - ပလုံစီများသည် အချဉ်ဖောက်ခြင်းဖြစ်စဉ်၏ အစ လက္ခဏာဖြစ်သည်။ (၅) - အရည်မျက်နှာပြင်ရှိ အဖြူရောင် အမြှုပ်များသည် ကောင်းမွန်စွာ အချဉ်ပေါက်ခြင်းဖြစ်ပြီး အချဉ်ဖောက်ခြင်း၏ သဘာဝရလဒ်ဖြစ်ကာ ရက်သတ္တပတ်အနည်းငယ်အတွင်း "The Mother" ပုံစံ အဖြစ်သို့ပြောင်းလဲရန် ဖြစ်သည်။ (၆) - အစိမ်းရောင်၊ အပြာရောင်၊ အညိုရောင်၊ အမဲရောင် စသည့် အမြှုပ်များမှာ မကောင်းမွန်ချေ။ ၎င်းမှာ မကောင်းသော မှိုများသည် မျက်စိဖြင့်မြင်နိုင်သည့် နေရာတွင်သာမက သာမန်မျက်စိဖြင့် မမြင်နိုင်သော နေရာအနှံ့၌ ပျံ့နှံ့နေနိုင်သဖြင့် စွန့်ပစ်ရပါမည်။ Credited

80,046 လွန်ခဲ့သော ၆ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။