အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
986
လွန်ခဲ့သော ၆ နှစ် က · မလှိုင်

ကြက်သွန်နီပျိုးသက်၅၀၇က်သားမှာပြောင်းရွေစိုက်ပြီး ပြောင်ရွေးစိုက်တဲ့လယ်ထဲမှာရက်၃၀ ၃၅ရက်အတွင်းမှာအပင်သန်အောင်ဘယ်...

ကြက်သွန်နီပျိုးသက်၅၀၇က်သားမှာပြောင်းရွေစိုက်ပြီး ပြောင်ရွေးစိုက်တဲ့လယ်ထဲမှာရက်၃၀ ၃၅ရက်အတွင်းမှာအပင်သန်အောင်ဘယ်လိုဆေးမျိုးသုံးရတာလဲဗျာ

စိုက်ပျိုးနည်း ကြက်သွန်နီ ကြက်သွန်နီအပင်အာဟာရ
17

ဖြေကြားချက် ၁၇ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ရွှေ့စိုက်ပြီး တစ်ပါတ်..၁၀ရက် ခန့် (အပင်လှန်ချိန်)မှာပုလဲကျွေးပါ။အပင်နလန်ထအောင်အပင်လှန်ချိန်မှာမှာ ပုလဲအိတ်ဝက်ကျွေးပြီးရင် ဥဖြစ်တည်ချိန်မှာလည်း အိတ်ဝက်ကျွေးသင့်ပါတယ်။

406 လွန်ခဲ့သော ၆ နှစ် က

၂ လပြည့်ရင်ပုလဲးကျွေးရလားခင်ဗျ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ကြက်သွန်နီဟာရွှေ့စိုက်ချိန်နောက်ပိုင်းအပင်ထနှေးတတ်ပါတယ်။အဲဒီအချိန်မှာသူကပေါင်းကိုလုံးဝမယှဥ်နိုင်ပါ. ပေါင်းထူတတ်ပါတယ်။ဒါကြောင့်မြေပြင်ကတည်းကထွန်အထပ်ထပ်မွှေပြီးပေါင်းသတ်ထားရပါမယ်။ရွှေ့စိုက်ပြီးချိန်မှာလည်းပေါင်းကို၇ရက်တစ်ခါလောက်ရှင်းပေးနေရပါမယ်။နောက်အရေးကြီးတာကရေပါ။ကြက်သွန်စိုက်ခင်းဟာမစိုလွန်းမခြောက်လွန်းအမြဲရှိနေရပါမယ်။၇ရက်တစ်ခါ/၅ရက်တစ်ခါလောက်ရေသွင်းနေရပါမယ်။မြေကြီး​ခြောက်သွားပြီးမှရေသွင်းရင် ...ဥသေးမယ်.ဥကွဲမယ်..ဥနည်းမယ်။ဒါကြောင့်ကြက်သွန်နီမှာရေကလည်းအရေးကြီးပါတယ်။နောက်ထပ်အရေးကြီးတာတစ်ခုက ပုလဲမြေသြဇာပါဘဲ။အထက်ပါငါးအမိုင်နိုအက်စစ် မှာ ပုလဲ (ယူရီးယား)ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမဲ့သူက ၁လ..၁လခွဲခန့်ကတည်းကကြိုလုပ်ထားရပါတယ်။တချို့ဆေးဆိုင်တွေမှာရေသန့်ဗူးတွေနဲ့တင်ရောင်းပါတယ်။ကျွန်တော် မလှိုင်မှာ စီမံကိန်းလာလုပ်စဥ်ကရွာတွေမှာနည်းပညာဖြန့်ဝေပေးခဲ့သေးတယ်။တောင်သူအစုအဖွဲ့ကထုတ်လုပ်ပြီး သူတို့ဆိုင်မှာတင်ရောင်းပါတယ်။ မလှိုင်စျေးထဲမှာဆိုင်ခန်းရှိပါတယ်။အကယ်၍မရခဲ့ဘူးဆိုရင်တော့ ပုလဲမြေသြဇာသုံးပါ။ရွှေ့စိုက်ပြီးအပက်လှန်ချိန်(စိုက်ပြီးတစ်ပါတ်/၁၀ရက်ခန့်) မှာ ပုလဲအိတ်ဝက်...ဥစဖြစ်ချိန်မှာ ပုလဲအိတ်ဝက် အပင်တန်းကြားထဲကျွေးပေးပါ.တစ်ဧကနှုန်းထားပါ။အပင်သန်စွမ်းပြီး ဥကြီးကြီးနဲ့များများအုနိုင်ပါစေ။(ဒီနှစ်နွေရာသီမှာ နောက်ရာသီအတွက် ငါးအမိုင်နိုအက်စစ်ကိုကြိုလုပ်ထားပေါ့.သိချင်တာရှိရင် မြို့နယ်စိုက်ပျိုးရေးရုံးမှာမေးမြန်းနိုင်ပါတယ်။မြို့နယ်ဦးစီးမှူးကအလွန်သဘောကောင်းပါတယ်.)

15,048 လွန်ခဲ့သော ၆ နှစ် က

ထိပ်ဆုံးက မှန်ဘီလူးပုံလေးကိုနှိပ်ပြီး ငါးအမိုင်နိုလို့ရေးရှာရင် ဆောင်းပါးကိုတွေ့ရမှာပါအစ်ကို သိမ်းဆည်းမည်ကို နှိပ်လိုက်ရင် နောက်ဘယ်ချိန်ပြန်ဖတ်ဖတ်ရနိုင်ပါတယ်

15,048 လွန်ခဲ့သော ၆ နှစ် က

ပုံတွေကို နှိပ်ပြီးကြည့်နိုငိပါတယ်ရှင့်

15,048 လွန်ခဲ့သော ၆ နှစ် က
15,048 လွန်ခဲ့သော ၆ နှစ် က
15,048 လွန်ခဲ့သော ၆ နှစ် က
15,048 လွန်ခဲ့သော ၆ နှစ် က
986 လွန်ခဲ့သော ၆ နှစ် က

ဖော်စပ်ပုံလေးရေးပြပေးပါလာဗျာ ကျေးဇူးတင်ပါတယ်

986 လွန်ခဲ့သော ၆ နှစ် က

မရဘူးဗျာ

15,048 လွန်ခဲ့သော ၆ နှစ် က

အပေါ်က စာတန်းလေးကိုနှိပ်လိုက်ပါ အစိမ်းရောင်လမ်းက တင်ထားတဲ့ ပြုလုပ်နည်းကိုတွေ့ရပါလိမ့်မယ်

15,048 လွန်ခဲ့သော ၆ နှစ် က
986 လွန်ခဲ့သော ၆ နှစ် က

ဖော်စပ်ပုံလေးရှင်းပြပေးပါလားဗျာ

15,048 လွန်ခဲ့သော ၆ နှစ် က

ပြုလုပ်နည်းကအစိမ်းရောင်လမ်းမှာ ရှာဖတ်ပါ

15,048 လွန်ခဲ့သော ၆ နှစ် က

ငါးအမိုင်နိုပြုလုပ်ပြီးဖျန်းပါ ကျွန်မတို့အိမ်ကအခင်းမှာတော့ အဲတာဖျန်းမှ အပင်တွေထလာတာ

986 လွန်ခဲ့သော ၆ နှစ် က

အလင်းပြပါအုံး

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။