ဖြေကြားချက် ၂ ခု
မြေရွေးချယ်ခြင်းနှင့် ပြင်ဆင်ခြင်း ကညွတ် က မြေဆီထက်သန်ပြီး ရေဝင်ရေထွက်ကောင်းသော မြေကြီးအမျိုးစားကို နှစ်သက်ပါတယ်။ အက်စစ်ဓာတ်ဆန်သော (မြေချဉ်သော) အမျိုးစားကို မကြိုက်ပါဘူး။ နှစ်ရှည်ပင်ဖြစ်တဲ့အတွက်ကြောင့် စတင်စိုက်ပျိုးကတည်းက မြေကို အကောင်းဆုံးဖြစ်အောင် အချိန်ယူပြီး ပြင်ဆင်ထားသင့်ပါတယ်။ အချိန်ရမယ်ဆိုရင်တော့ ကညွတ် စိုက်မည့် မြေကြီးမှာ ပဲမျိုးရင်ဝင် တစ်ခုခုကို သစ်စိမ်းမြေသြဇာ အဖြစ် စိုက်ပျိုးပြီး မြေကို အဟာရ ပြည့်ဝအောင် ပြင်ဆင်ထားသင့်ပါတယ်။ ထို့ပြင် မြေကြီးထဲတွင် ရေရှည် အဟာရ ပြည့်ဝနေရန်အတွက် သဘာဝမြေသြဇာများကို တက်နိုင်သလောက် များများ ထည့်ထားပါ။ · စိုက်ပျိုးမည့် မြေကြီးထဲမှာ ရှိနေတဲ့ အပင်အကြွင်းအကျန်များကို အမြစ်ပါမချန် ရှင်းလင်းပစ်ပါ။ · မြေကြီး အနက် ၆-၈ လက်မအထိ မြေကို ပွနေစေရန် ထွန်ယက်ပေးပါ။ · မြေဆွေးကို စိုက်ပျိုးမည့် မြေကြီးအထက် ၂-၃ လက်မအထိ ဖြန့်ပေးပြီး မြေကြီးထဲသို့ ရောမွှေပေးပါ။ · မြေကြီးက အချဉ်ပေါက်နေပါက ထုံးဓာတ်ပြီး သမသည့် အနေအထားရောက်အောင် ပြုပြင်ပါ။ (ချဉ်ငန်ဓာတ် ကိန်းဂဏန်းပေါ်မူတည်ပြီး ထုံးပမာဏ ကွာခြားပါသည်) · မြေကြီးကို ၁၂ လက်မ အကျယ် ၈-၁၂ အမြင့် ဘောင်ပြုလုပ်ပေးပါ။ တစ်တန်းနှင့် တစ်တန်းကြား အနည်းဆုံး ၂ ပေထားပေးပါ
ဆက်စပ်မေးခွန်းများ
ပင်မှည့်သီး လိုင်းမကြူးအပင် ရေမြေ ရာသီဥတု စိုက်ပျိုးနည်းလေးရှိရင်ဖော်ပြပေးပါလား
ဖြေကြားချက် 2 ခု
ကညွတ်မှာဘာပိုးမွှားရောဂါတွေကျရောက်နိုင်တာလဲ။
ဖြေကြားချက် 1 ခု
ကညွတ်မှာကျရောက်တဲ့ပိုးမွားရောဂါတေသိလားခမျေသိရင်ဖြေဆိုပေးကြပါ
ဖြေကြားချက် 0 ခု
ကညွှတ်ပင်လေးစိုက် ၇လသားရှိပါပြီ အခုစချိုးတာ ၁ ရက်ရှိပြီ မကောင်းလို့ ဘာမြေဘြဇာ ကောင်းပါသလဲ ဘာဆေးသုံးသင့်ပါလဲ
ဖြေကြားချက် 1 ခု
ကညွတ်အစို့ကိုဘယ်လိုဖြတ်ရမလဲဘယ်ပစီည်းသုံးပြီးဖြတ်ရမလဲ
ဖြေကြားချက် 1 ခု