အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
928
လွန်ခဲ့သော ၆ နှစ် က · လက်ပံတန်း

ပဲတီးစိမ်း၂ဧကစိုက်ပျိုးထားပါတယ် အခုအရွက်တွေနူသလိုဖြစ်ပြီး အပွင့် လဲမပွင့်အသီးလဲမသီးဘူးဖြစ်နေပါတယ် ဆေးထက်ဖျန်း...

ပဲတီးစိမ်း၂ဧကစိုက်ပျိုးထားပါတယ် အခုအရွက်တွေနူသလိုဖြစ်ပြီး အပွင့် လဲမပွင့်အသီးလဲမသီးဘူးဖြစ်နေပါတယ် ဆေးထက်ဖျန်းရင်အသီးအပွင့်ပြန်ရနိုင်မလား ဘာဆေးဖျန်းသင့်သလဲသိသူများရှိရင်ပြောပြပေးစေချင်ပါတယ်ခမျာ။

စိုက်ပျိုး ဗဟုသုတ ပဲတီစိမ်း ပဲတီစိမ်းလှေးပိုး
5

ဖြေကြားချက် ၅ ခု

116 လွန်ခဲ့သော ၆ နှစ် က

လှေး ကျတာပါ လှေးဆေးကို အချိုုးအစား မှန်အောင်သုံးပေးပါ ဧကအလိုက် ဆေးသုံးဆွဲမှု အနဲအများ ချိန်ဆပါ

2,090 လွန်ခဲ့သော ၆ နှစ် က

Agro Greem Land မှ စနိုက်ပါ ဖျန်းရင်လည်း ရပါတယ်

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

ကောင်းသုခ ဒိုမီနို၊ အာမို ဘရိုက်၊ မာလာမြိုင် သော ၊ အဲဆေးတွေအကောင်းဆုံးပဲ

116 လွန်ခဲ့သော ၆ နှစ် က

လှေးကိုသတ်ရန်း ဘယ်ဆေး ကောင်လဲမသိဘူး ဗျ ဖော်ပြပေးပါအုန်း

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

နေတအားပြင်းတော့ လှေးကလည်း ဆိုးဆိုးဝါးဝါးကိုကျတာပါ လှေးကျများတော့ အရွက်တွေက နူပြီး အပွင့်တွေကလည်း လှေးစုပ်လို့ ကြွေကုန်တာပါ လှေးဆေး ဖျန်းပါ ( Thiamethoxam +lambda) တပုံး ၂၀စီစီဖျန်းပါ ၃ရက်ခြား ဖျန်းလိုက်ပါ ပွင့်ထွေး သီးလူံးဖောက်လည်း သတိထားပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။