အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6,097
လွန်ခဲ့သော ၆ နှစ် က · တောင်တွင်းကြီး

ဖူးစားပြောင်းစိုက်ချင်လို့ဗျ ဒီရာသီစိုက်လို့ အဆင်ပြေနိုင်ပါမလား ပြောင်းစိုက်ခြင်းအတွေ့အကြုံတော့ မရှိသေးဘူး ရေ...

ဖူးစားပြောင်းစိုက်ချင်လို့ဗျ ဒီရာသီစိုက်လို့ အဆင်ပြေနိုင်ပါမလား ပြောင်းစိုက်ခြင်းအတွေ့အကြုံတော့ မရှိသေးဘူး ရေသွင်းစနစ်နဲ့စိုက်ရန် ရာထားပါတယ် အချိန်ပေးနိုင်မယ်ဆိုရင် အဆင့်ဆင့်နည်းစနစ်ကလေးတွေကို လမ်းညွှန်ပေးစေချင်ပါတယ် မိတ်ဆွေများခင်ဗျာ

စိုက်ပျိုးနည်း မြက် (နွားစာ)
Post image
Post image
Post image
Post image
5

ဖြေကြားချက် ၅ ခု

116 လွန်ခဲ့သော ၃ နှစ် က

နွေပြောင်းကို ဘယ်လိုရေသွင်းတာလဲခင်ဗျ။ ရေပိုက်အတွက် စရိတ်မတတ်နိုင်လို့ပါဗျ။ အတွေ့အကြုံမရှိလို့ဖြေကြားပေးပါခင်ဗျ။

1,461 လွန်ခဲ့သော ၆ နှစ် က

အစေ့ချစိုက်ရေသွင်း

6,097 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါပဲ ဦးဇင်မျ ု ိးနိုင် စေတနာထားပြီး စနစ်တကျ ဖြေပေးတဲ့ ကိုညီညီကိုလည်း ကျေးဇူးပါ ခင်ဗျာ ကိုယ်စိတ် ကျန်းမာကြပါစေ

111,325 လွန်ခဲ့သော ၆ နှစ် က

မြေပြင်ထားတာ ကြည့်တာနဲ့တကယ်စနစ်ကျပါတယ်။ကျနော်တို့ဟာ အပင်စိုက်တဲ့အခါမှာ အလျားလိုက်ကိုပဲ စဉ်းစားခဲ့ကြပါတယ်။ ဒေါင်လိုက်စိုက်ပျိုးခြင်းပုံစံကို ထည့်မတွက်မိခဲ့ပါဘူး။‌ အခုယာထားတဲ့ လှိုင်းကလေးတွေကို တောင်ဆုပ်အကွာဝေးကို သုံးတွင်းတစ်တန်းစနစ်နှင့် တစ်တန်းနှင့်တစ်တန်းတစ်ထောင်နှင့် လက်တစ်အုပ် ခန့်ကို အစေ့ကို ရေနှင့်ဖောက်ပြီး အညောက်မရှည်ခင် တစ်တွင်းသုံးစေ့ခန့်အစေ့အနေထားမှန်ချစိုက်သွားပါတယ်။ နှစ်ပင်ထားပြီး စိုက်ပင်ကိုရေသွင်းပေးပြီး ဆယ်ငါးရက် နှစ်ဆယ်ရက်သားခန့် အပင်ကို ပလဲမြေဩဇာပါးပါးလေးထည့်သွင်းပြီး အချိန်ဆွဲးထားပါတယ်။ပြီးမှ ဆယ်ငါးရက်သားပြောင်းကို အတန်းလိုက်ပေါက်ပြားတစ်ပြားစာ နွား‌ချီးမြေဩဇာကိုဖြူပြီး အပင်တန်းနှစ်တန်းကြားက မြေကြီးကို ပေါက်ပြားဖြင့် ပါးပါးလွှာပြီးမြေကိုအုပ်ပါတယ်။ထိုအခါ အမြစ်ထွက်နုန်းတစ်ခြမ်းကို ကန့်သန့်လိုက်ပါတယ်။စိုက်ပျိုးစဉ်ကတည်းက ထိုခွက်သွားသောနေရာကိုပြန်ဖြည့်ရန် တစ်ကျဉ်းနှင့်တစ်ကျဉ်းကြား မြေသားတစ်ထောင်ခန့် ချန်ပြီးစိုက်ခြင်းကြောင့် မြေဩဇာဒုတိယအကြိမ် ထည့်သွင်းသောအခါ ထိုအလယ်မြောင်းကိုပြန်ဖြည့်ခြင်းဖြင့် အပင်ကိုအမြစ်ပြန်ပြီးရှေ့ထွက်စေရန် မြေဩဇာကိုဖြည့်ကျွေးခြင်းပြုသည့်အတွက် မိုးတွင်းရာသီတွင် ပင်ရင်းရေမဝပ်သော စနစ်ကိုဖြစ်စေပါတယ်။ဆောင်းနွေတို့တွင် ရေသွင်းမြောင်းအသွင်ဖြစ်ပြီး အမြစ်ခေါင်းများကိုမြင်နေရပါတယ်။ပထမအစာကို အပင်ရင်းကိုခွကျွေးပြီးမြေအုပ်ခြင်းကြောင့် အမြစ်သစ်ပါထပ်ထွက်ပြီး အပင်ရင်းမြေဩဇာအားဖြင့် အပင်ရင်းတုတ်ခိုင်ခြင်းကိုဖြစ်စေပါတယ်။သို့ပေမယ် အမြစ်ထွက်ရာမြေကို ကန့်သတ်ထားခြင်းကြောင့် အပင်၏ မြင်မားရှည်လျားနုန်းနှေးကွေးပြီး အရင်းကြီပြီးအဖျားသေးနွဲ့သောပြောင်းပင်ကို အမြစ်ကို အပိုင်းခြားပြုပြီးပုံသွင်းယူပါတယ်။ထိုအခါ မိုးတွင်းရာသီ၏ ရေကြောင့်လေးလံခြင်း နေရောင်ချည်ရရှိမှုနည်ပါခြင်းကြောင့် အပင်နုခြင်း လေပြင်းများသည် ရှည်လျားတုတ်ခိုင်လေ ပြိုလဲပျက်စီးရန်လွယ်ကူလေ အနေထားကြောင့် အပင်ရင်းကိုပဲ အဓိက တုတ်ခိုင်စေပြီးမှ အပွင့်ထွက်ရန် အရွက်ကွဲသည်နှင့် အလယ်၌ဖြတ်တောက်ထားသော ရေဆင်းမြောင်းကို မြေဩဇာထည့်ပြီး ပေါက်နေသောမြစ်များနှင်တကွ လုံးပြီးမြေအုပ်ဖြည့်သွင်းလိုက်ပါတယ်။ပြီမှ ဆယ်ငါးပတ်လည်နှင့် တီစူပါကို ပါးပါးပစ်ကျဲထည့်သွင်းပါတယ်။အဖူးသည် မြေဩဇာအချိန်ကိုက်ဖြင့် အမြစ်သစ်ထွက်ရခြင်းကြောင့် ကြီးထွားသောအဖူးကို ရှစ်ဆယ်ရာခိုင်နုန်းအထိ ရရှိနိုင်ပါတယ်။ မိုးရာသီတွင်အမြစ်ကုတ်တွယ်မှုအားကောင်းရန် ကျဉ်ဘောင်ဟောင်းများကို မြက်အခေါင်းစင်အောင် ခပ်နိပ်နိပ် ခပ်ခုံးခုံးအနေအထားထိကျဉ်းဘောင်မြောင်းကြားသို့‌‌ေမြကိုခြစ်ချထားပြီး အစေ့ကိုဖောက်ပြီး အသီးကျချိန်လေတိုက်မည့်ဖက်ကိုအစေ့ကိုစောင်းပြီး အညောက်ကိုအောက်ဖက်ထားပြီး အပင်ကိုပေါက်စေပါသည်။ ရေသွင်းစနစ်ဆောင်းနွေသည် ရေသွင်းစရိပ်မြင့်ခြင်း ပြောင်းသည် နှစ်လခွဲခန့်အချိန်ယူရခြင်းတို့ကြောင့် စိုက်ပျိုးသူနည်းပါးပြီး နွားမွေးမြူသူများအတွက် တော့ စိုက်ပျိုးသင့်ပါတယ်။မြေဩဇာကျွေးကျဉ်းမြောင်းဖြည်ပြီးအခါမှာတော့ မိုးနှောင်းလက်ကျန်နှင်အဖူးကိုကြီးရင့်စေခြင်းကြောင့် ရေမသွင်းရပါပေ။ရေသွင်းစနစ်တွင် ကျဉ်းကြားများကို ကန်သင်းဆည်၍ ရေကို ကျဉ်းပေါရောက်အောင်မောင်းတင်ရခြင်းကြောင့် ကျဉ်ကြားသည် မကျယ်လွန်းမကျဉ်းလွန်း အနေတော်ရှိရန်စနစ်ချရပေသည်။‌အရေးကြီးဆုံးမှာ မျိုးစေ့ရွေးချယ်ပုံဖြစ်ပြီး အ‌ေညှာက်ထွက်ဦးသောမျိုးစေ့များကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ကျနော်သည် ထိုသဘောကိုပိုင်းခြားလေ့လာ သုတေသနပြုရန်အတွက် အဖူးစားပြောင်းတစ်မျိုးတည်း အချိန်ခြောက်နှစ်ခုနှစ်လောက်အချိန်ကုန်ခဲ့ရပါတယ်။အောင်မြင်နိုင်ပါစေ။

348 လွန်ခဲ့သော ၆ နှစ် က

ဆယ်ရက်သားအရွယ်ထိပျိုးအိတ်နဲ့ပျိုးထောင်ပြီးမှစိုက်မြောင်းအတွင်းစိုက်ပြီးရေသွင်းပေးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။