ဖြေကြားချက် ၆ ခု
နွေထယ်ရေး ပြင်ထားခြင်းအားဖြင့် မိုးရွာချိန်တန်လို့ရွာခဲ့ရင် ရွာလိုက်တဲ့ မိုးဦးမိုးဖျားရေကို စီးဆင်းမသွားစေဘဲ စုပ်ယူထိန်းထားနိုင်ပါ တယ်။ နွေထယ်ရေးပြင်ဆင်ထားခြင်းအားဖြင့် အပင်အကြွင်း အကျန်ေ တွ၊ ပေါင်းမြက်တွေလည်း ထယ်ရေးအောက်ရောက်ပြီး ဆွေးမြေ့စေပါတယ်။ အပင်အကြွင်းအကျန်နဲ့ ပေါင်းမြက်တွေ မှာ ခိုအောင်းနေတဲ့ ပိုးမွှားရုပ်ဖုံးတွေ၊ ဥတွေ၊ လောက်ကောင် တွေလည်း သုတ်သင်ပြီးသားဖြစ်စေပါတယ်။ မြေတွင်းမှ ခိုအောင်းနေတဲ့ မြေတွင်းမှပိုးမွှားရုပ်ဖုံးတွေ၊ ဥတွေ၊ လောက် ကောင်တွေလဲ သေကျေပျက်စီးကြကုန်ပါတယ်။ သီးနှံများ ရိတ်သိမ်းပြီးတဲ့အချိန်မှာ အစိုဓာတ်လည်း ခန်းခြောက်သွားတဲ့ အတွက် မြေဆီလွှာအတွင်းမှာ လေမဲ့ဇုန်(အောက်စီမဲ့ဇုန်)ဖြစ်သွားပါတယ်။ နွေထယ်ရေးပြင်လိုက်ခြင်းအားဖြင့် မြေဆီ လွှာအတွင်း အောက်စီဂျင်ဝင်သွားပြီး သီးနှံပင်များ စိုက်ပျိုးတဲ့ အခါ အမြစ်ကြီးထွားရှင်သန်မှုကို အကျိုးပြုစေပါတယ်။ မြေယာသီးနှံပင် သံဓာတ်အဆိပ်သင့်နေတဲ့ မြေဖြစ်နေရင် သံဓာတ်အဆိပ်သင့်မှုကို လျော့ကျစေပါတယ်။ နွေထယ်ရေး ပြင်ထားခြင်းအားဖြင့် မိုးရွာလို့ သီးနှံစိုက်ပျိုးရန် မြေယာ ပြုပြင်ထွန်ယက်တဲ့အခါ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ပြီး ထယ်ရေးကောင်းစေပါတယ်။Source;Ministry of Commerce
ဆက်စပ်မေးခွန်းများ
နွေနှမ်းစိုက်ရန် ထည်ရေဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 3 ခု
မြေအောင်းပိုးတွေကို ဘယ်ဆေးတွေနဲ့ ဖျန်းသက်ရမလဲ
ဖြေကြားချက် 1 ခု
ပဲတီစိမ်း တွေအရမ်းသေတယ်တယ်ဗျာ ပဲအသက် ၃၀ အပင်လဲမကြီးဘူး အမြစ်ပုတ်ပြီးသေတာ ဘယ်လိုလုပ်ရမလဲဗျ ပိုးသက်ဆေးလဲတစ်ခါမှမ...
ဖြေကြားချက် 2 ခု
နွေထယ်ရေး ပေါင်းစီမံခန့်ခွဲနည်းလေး သိပါစေဗျ...
ဖြေကြားချက် 3 ခု
ကျွန်တော် ပြောင်းဘူးခင်းဘာလိုသေးလဲ ပြောပေးပါ
ဖြေကြားချက် 4 ခု