စိုက်ဘောင်ပြင်ချိန် ထုံးထည့်ပေးခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်ပါသလဲခင်မျာ
ဟုတ် ကျေးဇူးပါဆရာ
ကျနော်တို့ဖက်မှာ ထိုင်းမျိုးစေ့တွေအသုံးများတဲ့အတွက် သိပ်မညွှန်းတတ်ဘူးခင်ဗျ။တစ်သုံးလုံး အမှတ်တံဆိပ်ကတော့မဆိုးဘူးဗျ။ဒိပ်လွန် မလွန်လည်း စစ်ဆေးဖို့လိုပါတယ်။မျိုးစေ့သစ်တွေက ပိုကောင်းတဲ့ကော်လတီရှိပါတယ်။ပုံသေစိုက်နေတဲ့ တောင်သူတွေကတော့ မျိုးစေ့ခံယူပြီးစိုက်ကြတာများပါတယ်။
ဟုတ် အဆင်ပြေရင် အခုရာသီနဲ့ သင့်တော်မယ့် မျိုးလေး ညွှန္ေပေးပါဆရာ
အဆင်ပြေမှာပါ။ပဲတောက်က မျိုးရွေးမှန်ဖို့လဲလိုပါတယ်။
ဟုတ်ကဲ့ပါ ဆရာ စပါးပဲ အမြဲစိုက်လာတဲ့မြေပါ ခုကရေမတက်တဲ့ အကွက်မို့ ပဲတောင့်ရှည် စိုက်မှာပါ ခုတော့ရေနည်းနည်းတင်ထားပါတယ် ထုံးက မြေအစို ဘောင်ဆွဲချိန်ထည့်ပေးချင်တာပါ အဆင်ပြေနိုင်မလားဆရာ
ဘာသီးနှံစိုက်တဲ့မြေလဲ? မတ္တရာကဆိုတော့ ယေဘူယျအားဖြင့် မြေတွေဟာအငန််ဘက်ကဲပါတယ်။ဒါပေမဲ့ ဆည်ရေသောက်/သွင်းရေနဲ့ စပါးပြီးစပါးစိုက်နေတယ်ဆိုရင်တော့ မြေချဥ်တတ်ပါတယ်။ဒါကြောင့်ကိုယ့်မြေဟာ မြေချဥ်လား..မြေငန်လားဆိုတာအရင်စစ်ဆေးကြည့်ပါ။မြေချဥ်နေတယ်ဆိုရင် ထုံးထည့်တာမှန်ပါတယ်။မြေငန်တယ်ဆိုရင်တော့ ဂျစ်ပဆမ်ကျောက်မှုန့် ထည့်ပေးရပါမယ်။
ကျေးဇူးပါခင်မျာ
မြေချဉ် မြေငံဓါတ်ကို ထိန်ညှိပေးပြီး၊ မြေတွင်းရောဂါပိုးမွှားများကို သန့်စင်ပေးပါတယ်။မြေဆီချက်လုပ်နိုင်စွမ်းကိုလည်း မြင့်တင်ပေးပြီး၊အပင်အကြွင်းအကျန် ရုပ်ကြွင်ဓါတ်ကို ဆွေးမြေ့ပြိုကွဲနုန်းကို မြန်စေပါတယ်။ မှိုရောဂါဝင်ရောက်မှုကို အထိန်းချုပ်ပေးပါတယ်။ထည့်သွင်းပေးတာ ကောင်းပါတယ်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့်ပဲခင်းမှာ တောင့်နဲပိုးတွေ တအားကျနေတာ ဆေးတွေလည်း ပက်နေတာပဲ မရဘူးဖြစ်နေတယ်ဗျာ
ဖြေကြားချက် 10 ခု
❀ဖော်ကျွန်း❀ပေါင်းသတ်ဆေးသုံးမလို့ဗျ အဆင်ပြေပါမည်လား မိတ်ဆွေတို့ ခင်ဗျာ ပဲတန်းကြားမှာ ခရမ်းချဉ် တွဲစိုက်ထားသေး...
ဖြေကြားချက် 3 ခု
မှု ိသတ်ဆေးနဲ့ပိုးသတ်ဆေး တွဲပြီးသုံးလို့ ရပါသလား ခင်ဗျာ
ဖြေကြားချက် 9 ခု
အဲ့ဆေးနည်းက ရုံးပတီတို့ပဲရှည်တို့ဖျန်းရလားဗျ တစ်စိတ်လောက်ပြေါပြပေးပါ
ဖြေကြားချက် 1 ခု
ပဲတောင့်ရှည် 313 ဘောင်ဆွဲ စိုက်တော့မယ်ဆရာတို့ မျိုးစေ့ချနည်းနဲ့ အပင်ငယ်စဉ် ဆောင်ရွက်ရမယ့် အချက်လေးတွေ ညွှန်ပြ...
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။