အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
702
လွန်ခဲ့သော ၆ နှစ် က · နတ္တလင်း

M150 အားဖြည့်အချိုရည်နဲ့ အချိုမှုန့်ရောဖျော်ထားသောအရည်ကိုရေဖြင့်ရောစပ်ပြီး အပင်အတော်များများအတွက်အမြစ်သန်ဆေးအ...

M150 အားဖြည့်အချိုရည်နဲ့ အချိုမှုန့်ရောဖျော်ထားသောအရည်ကိုရေဖြင့်ရောစပ်ပြီး အပင်အတော်များများအတွက်အမြစ်သန်ဆေးအဖြစ်၎င်း အပွင့်အားကောင်းဆေးအဖြစ်၎င်း အသုံးပြုနေကြတာတွေ့ရပါတယ်။ အဲဒါ တကယ်အကျိုးရှိပါရဲ့လားခင်ဗျား။

အပင်အာဟာရ နှင်းဆီ
5

ဖြေကြားချက် ၅ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

ရပါတယ်။စိမ်းစာငပိက ဈေးကြီးလို့ မထည့်လဲရပါတယ်။

702 လွန်ခဲ့သော ၆ နှစ် က

စိမ်းစားငါးပိ ထည့်ရောစပ်လို့လည်းရပါသည်တဲ့ သုံးဘူးသူကပြောပြပါသည်။

111,325 လွန်ခဲ့သော ၆ နှစ် က

M150 တစ်ဗူး ဟင်းချိုမှုန့်တစ်ဇွန်း ရေငါးဂါလံနဲ့ရောစပ်ပြီး အသုံးပြုပါ။ပိုပြီးအာနိသင်ထက်မြက်ချင်ပါတယ်ဆိုရင် ကြက်ဥတစ်လုံးပါ‌ေဖာက်ထည့်သွင်းပြီး တစ်ပတ်ခန့်စိမ်ထားပါ။ပြီးရင်အသုံးပြုနိုင်ပါပြီ။

989 လွန်ခဲ့သော ၆ နှစ် က

လုပ်နည်းလေးတင်ပါအုံန်း အနောင်

111,325 လွန်ခဲ့သော ၆ နှစ် က

အကျိုးရှိနိုင်ပါတယ်။အရွက်ကနေ မြေဩဇာရည်အဖြစ်ဖြန်းခြင်းဟာ အပင်ကို တိုက်ရိုက် အစာချက်စေတာပါ။အရွက်ကနေ ဩဇာဓါတ်ကို ချက်လုပ်မှုကြောင့် အပင်ရဲ့လိုအပ်ချက်ကို လှုပ်နိုးပေးသလိုဖြစ်စေပါတယ်။ မြေဩဇာထည့်သွင်းပြီးတဲ့အခါမျိုးမှာ ပစ်ဖြန်းအသုံးပြုခြင်းဖြစ်ပုံရပါတယ်။နုနယ်ငယ်ရွယ်တဲ့အပင်တွေဟာ အစာချက်မြန်ပြီး အမြစ်ထွက်မြန်ဖို့အတွက် အသုံးပြုလို့ရနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။