ဖြေကြားချက် ၁ ခု
၁။တမာ လတ်ဆတ်သောတမားစေ့(၆၀)ကျပ်သားကို လက်ဆုံဖြင့် အဆန်ကွဲရုံထောင်းကာ ရေနှစ်ဂါလံဖြင့် ရောမွှေပြီး နှစ်ရက်ခန့်ရေစိမ်ထားပါ။ထို့နောက်တမာစေ့အရည်များကို ပိတ်ပါးပါးနှင့်စစ်ပေးပြီး မိမိပတ်ဖျန်းလိုသောသီးနှံခင်းတွင် ပတ်ဖျန်းပေးပါ။ တမာစေ့ (၆၀)ကျပ်သားမှရသည့် တမာပျော်ဝင်ရည်သည် ကူဘိုတာ (အေ – ၈)ဆေးဖျန်းပုံးတွင် ရေအပြည့်ဖြည့်ပြီး ဖျန်းပေးရန် သင့်လျော်သော နှုန်းထားဖြစ်သည်။ တမာရွက်ခြောက်ကိုလည်း လက်ဆုံဖြင့်ထောင်းကာ ထောင်းပြီးသားတမာရွက်ခြောက်များကို ရေဖြင့် ရောမွှေကာ နှစ်ညသိပ်ပြီး ပိတ်ပါးဖြင့်စစ်ခါ သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ တမာစေ့အကွဲများတစ်ဆလျင် မီသနော(အရက်ပျံ)ဆယ်ဆဖြင့် ငါးနာရီခန့်မွှေပေးပြီးအနည်ထိုင်စေရန် (၂၄)နာရီခန့်ထားပါ။ ထို့ပြင် တမာစေ့အမှုန့်များ ၊ တမာရွက်ခြောက် ပေါင် (၂၀)ခန့်ကို သဲ (သို့မဟုတ်)လွှစာ(၁၅)ပေါင်ခန့် ဖြင့် ရောမွှေ၍စပါးခင်းများ၌အသုံးပြုသည်။Source:ရွှေအား ကွန်ပေါင်းဓါတ်မြေဩဇာ website
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကုလားပဲ 929 အပင်သက်ဘယ်ေလာက်ရှိသလဲ ဘယ်မှာဝယ်လို့ရလဲ ပဲခူးတိုင်အေနာက်ကြို့ပင်ေကာက်က
ဖြေကြားချက် 2 ခု
ပုလဲ+လက်ချားဖြန်းရင်း ပိုးသတ်ဆေးရောဖြန်းလို့ ရလား သိချင်ပါတယ် ကုလားပဲခင်းပါ
ဖြေကြားချက် 2 ခု
ကုလားပဲအပင်ဖြစ်ပြီးအပွင့်အသီးမလိုက်ဘူးဘာလုပ်ရမလဲ
ဖြေကြားချက် 3 ခု
မြေတစ်ဧကခန့်မှန်းနှုန်းပေသိချင်ပါတယ်ခင်ဗျ
ဖြေကြားချက် 4 ခု
အထွက်ကောင်းအောင်ဘယ်လိုစိုက်ရမလဲဗျ
ဖြေကြားချက် 2 ခု