ညအခါမှာ မီးရှို့ခြင်းဟူသော မီးထောင်ချောက် ၏ အကျ ု ိးအပြစ်ကို သိလိုပါတယ် မိတ်ဆွေ တို့ခင်ဗျာ
ဟုတ်ကဲ့ ကျေးဇူးပါပဲ ကိုညီညီခင်ဗျာ ကျွန်တော်လည်း ဆက်လက်ပြီး စမ်းသပ်ကြိုးစားကြည့်ပါအုံးမည် လေးစားလျှက်ပါ မိတ်ဆွေ ခင်ဗျာ
မီးထောင်ချောက်ဆိုတာထက် နေဝင်ရီတယောအချိန်ဟာ လေဟာငြိမ်သက်ပြီး အအေးဖက်ကိုကူးပြောင်းလာတဲ့အခါ လေပြင်းတွေငြိမ်ပြီးလေနုလေအေးလေးတွေ ညင်ညင်လေးတိုက်ခတ်တတ်လို့ ညှင်းလေသွေးတယ်လို့ဆိုကြပါတယ်။အဲဒီညှင်းလေသွေးခိုက်ကာလတွေဟာ တစ်ရာသီနှင့်တစ်ရာသီ မတူကွဲပြားကြပါတယ်။ထိုခိုက်တန့်ကာလမှာ မီးကိုမြေနှင့်အုံးပြီး မီးခိုးကို စိုက်ခင်းရဲ့လေတင်အရပ်ကနေပြီး တငွေ့ငွေ့လောင်ကျွမ်စေတဲ့အခါ ပိုးမွှာရောဂါကို မောင်းပေးပါတယ်။နံနက် နေလုံးကြီးတက်လို့ လေစတင်တိုက်ခတ်တဲ့အခါမှာလည်း ဥတုရာသီအလိုက်အတိမ်းအစောင်းတွေရှိပါတယ်။နံနက်အခါလေကိုတော့ လေပြေဉီးလို့ဆိုကြပါတယ်။ထိုအချိန်ကာလဟာလည်း လေပြင်းတွေမတိုကခတ်ပါဘူး။မိုးရာသီအချိန်ခါမှလွဲပြီး ကျန်ရာသီတွေမှာတော့ လေပြေတွေပဲတိုက် ခတ်ကြပါတယ် လေရဲ့သဘောတရားလေ့လာသူ ဓမ္မပညာကျင့်သူတွေကတော့ ရာသီဥတုနှင့်သက်ဆိုင်တဲ့လေကိုအနုအရင့်အပြင်းအပျော့ သရုပ်ခွဲကြပေမဲ့ စိုက်ပျိုးသူရုက်က္ခဝေဒနိဿရပြုသူတွေကတော့ မီးကိုလေတင်ကနေ ငွေ့ငွေ့လောင်စေကာ မီးခိုးကို ဖြစ်စေပါတယ်။သစ်ပင်တို့ကို မီးခိုးစတဲ့ ကာဗွန်အငွေ့သက်နှင့် လန်းလန်းစွင့်စွင့်အစာချက်စေပါတယ်။ပိုးမွားကင်းစင်စေတတ်သော မီးရနံ့ကိုဖြစ်စေပါတယ်။အပင်တွေလှပစိမ်းမြခြင်းနှင့်အတူ ပိုးမွှားကင်းစင်ခြင်း စိုက်ပျိုးသူကို စိတ်နှလုံးနိုးကြားစေခြင်း နေတည်းဟူသော အချိန်ကိုမှီ၍ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တတ်ခြင်းနှင့် တခြားမမြင်ရသော ဉာဏ်နှင့်သာသိမြင်ပိုင်းခြားသော သဘောသဘာဝများကိုသိမြင်စေပါတယ်။ပိုးကောင်အင်းဆစ်လေးတွေ ဘယ်ချိန်အိပ်ရာဝင် အိပ်ရာထသလဲဆိုတာမျိုးတွေပေါ့။
ပဲတောင့်ရှည်နှင့်ခရမ်းချဉ်အတွက် အဓိက သုံးခြင်းးပါခင်ဗျာ ပဲဈောင်းလျှား သခွါး ရုံးပတီ စတဲ့ အခြားသီးနှံတွေလဲ စိုက်ထားပါတယ် ဒါကြောင့်မို့ သီးနှံ အားလုံးအတွက် မီးထောင်ချောက်၏ အကျ ု ိး အပြစ်ကို သိလိုခြင်းပါ ခင်ဗျာ
မီးထောင်ချောက်ဆိုတာထက် မီးကြိုက်တဲ့ အင်းဆစ်တွေထဲမှာ အပင် အသီးနှင့် အရွက်စားပိုးမွှာတွေလည်ပါဝင်နေတတ်တဲ့အတွက် မီးထောင်ချောက်ကို ဘာအတွက်သုံးတာလဲခင်ဗျ
ဆက်စပ်မေးခွန်းများ
တအိပ်နှစ်ပင် တော့ပေါက်ပြီဗျ နှစ်ပင်တကျင်းစိုက်လို့ရပါမလား? ပင်ခြားတန်းခြားဘယ်လောက်ထားရင်ကောင်းမလဲသိပါရစေခည။
ဖြေကြားချက် 1 ခု
ခရမ်းချဥ်မှာ(2)လပိုင်းဆန်းလောက်စိုက်တာပင်စီချေမှအရိုးမဲရောဂါပုံစံမျိုးဖြစ်နေတာ ဘာကြောင့်လဲသိချင်တယ်
ဖြေကြားချက် 3 ခု
ခရမ်းချဉ် စပျိုးလိုက်ပါပြီ ဘယ်နရက်ရောက်မှအပင်ပေါက်လဲ?
ဖြေကြားချက် 2 ခု
ဘာကြောင့်လဲဆရာတို ၁လသာနဲအပင်အနိမ့်လေးတေအပွင့်တေနဲဖြစ်နေတယ် အသီးလိုက်နေတယ် ဘာလုပ်ပေးရမလဲ
ဖြေကြားချက် 7 ခု
ဈေးဘယ်တော့လောက်ကောင်းနိုင်မလဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။