ဘာရောဂါဖြစ်တာလဲဒေါင်းနှီရွက်ခြောက်ရောဂါလားခင်ဗျားဘာဆေးဖျန်းရမလဲ....ဘာရောဂါလဲပြေားပြပါဦးဗျား.....
အဲဒီပိုးရဲ့ရင်းမြစ်ကိုဆန်းစစ်ကြည့်သင့်တာပေါ့ မြေကြီးကနေဖြစ်တာလား ဒါမှမဟုတ် လေထဲကနေ ဥဖောက်တတ်သောအကောင်မျိုးစိတ်လား။ မြက်နှင့်ခြုံပုဒ်တွေကို ခိုအောင်းပြီးဖြစ်တတ်သော ပိုးအမျိုးစိတ်လားဆိုတာသိအောင်ကြိုးစားကြည့်နိုင်ရင် အဲဒီရောဂါကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ ကြိုတင်သတိထားလို့ရပါတယ်။မြေပိုးဖြစ်ဖို့များပါတယ်။ပိုးကျတတ်တဲ့ အချိန်နှင့်ရာသီကိုလည်း မှတ်သားစစ်ကြည့်ရပါ့မယ်။ ပိုးရဲ့ဥပေါက်ရာသီနှင့်ယှဉ်ပြီးဖြစ်တဲ့ပိုးမျိုးစိတ်လားဆိုတာ ခွဲခွဲခြားခြားသိမြင်ဖို့လိုပါတယ်။ဒါမှရှောင်ရန်ဆောင်ရန်အချက်အလက်တွေကိုရရှိပါ့မယ်။ပိုးမွားဆိုတာ ဆေးဝါးဆိုတာထက် ဆန်းစစ်ပိုင်းခြားပြီးသိမှုကနေ အဖြေရှာခြင်းဟာ အကြောင်း အကျိုးကို ကောင်းစွာဆုံးဖြတ်နိုင်စေပါတယ်။
ဒီပိုးတွေကိုက အရမ်းသေးငယ်တယ် တွေ့ချင်ရင် မနက်နေမထွက်ခင် အရွက်ပေါ်မှာ သေသေချာချာ ဓာတ်မီးနဲ့ထိုးကြည့်ပါ ဝါဝါလေးတွေ တွေ့ရမယ် မယုံမရှိနဲ့ လက်တွေ့သမားမို့်
အလန်း/ဘတ်တား/ ဒံစိမ်း/ဆိုင်ရင်/ တစ်ဇွန်းစီ ထည့်ဖြန်းပေးပါ မနက်စော်းစော် ဖြန်းပေးပါ
အောက်ဖက် ပင်ရင်းအရွက်တွေ ဖြတ်ထုပ်ပစ်ပေးပါ။ပြီး ပိုးသတ်ဆေးဖြန်းပါ မှိုသတ်ဆေးဖြန်းပါ။ဖြတ်ထုပ်သောအရွက်များကို အခင်းထဲတွင်မပစ်ရပါ။မီးရှိုဖျက်ဆီးပါ။
ဘာဆေးဖျန်းရမလဲခင်ဗျား
အရွက်ပေါ်မှာ မြေပုံလို ဖြစ်နေတာ အရွက် ထည်းမှာ ထွင်းပိုးရှိနေလို့ပါ ရွက်ထွင်းပိုးတွေက အရွက်ရဲ့ အဆီ အနှစ်တေ စုပ်ယူစားသောက်ပြီး ရွက်ချောက်တာပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဖရဲညှိုသေဖြစ်နေလို ပင်စည်ကိုခွဲကြည်တော့အတွင်အူကညိုညစ်ညစ်ဖြစ်နေတယ်ဘာဆေးသုံးရအလဲဆရာတို့
ဖြေကြားချက် 0 ခု
ဘားဆေးပြန်းရင်ကောင်းသလဲ
ဖြေကြားချက် 1 ခု
ဖရဲဘယ်ေဈားလဲသိချင်းလိုပါ
ဖြေကြားချက် 2 ခု
ကျနော် စိုက်ခင်းလေး ဒီလိုလေးဖြစ်နေလိုပါ ဖရဲ ပါ
ဖြေကြားချက် 1 ခု
ဖရဲခင်း နဲ့ ဖရုံခင်း မှာ ကျရောက်ဖျက်စီးနေပါတယ် ဘာပိုးလို့ခေါ်ပါသလဲ? ဘယ်လိုကာကွယ်ရမလဲ? ထောက်ခြောက်နည်း နဲ့ ဘာ...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။