အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
111,325
လွန်ခဲ့သော ၆ နှစ် က · မြိတ်

စိုက်ခင်းမြေလှပ်ထားစဉ် သစ်ဆွေးမြေဩဇာများ ရရှိရန် မြေလှပ်များကို ရှင်သန်ပေါက်ရောက်လွယ်သော ဘယ်လိုမျိုးစေ့ရိုင်း...

စိုက်ခင်းမြေလှပ်ထားစဉ် သစ်ဆွေးမြေဩဇာများ ရရှိရန် မြေလှပ်များကို ရှင်သန်ပေါက်ရောက်လွယ်သော ဘယ်လိုမျိုးစေ့ရိုင်းများကို ပစ်ကြဲထားသင့်ပါသလဲ။

စိုက်ပျိုး ဗဟုသုတ သခွား
8

ဖြေကြားချက် ၈ ခု

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

တယောက်နဲတယောက် လေ့လာထားတာ မတူတော့ ပုံစံလေးနဲနဲတော့ ကွဲနိုင်တယ် စိတ်ရှည်ရှည် ပြောပြပေးတဲ့အတွက်ကျေးဇူးပါ ကိုညီညီ

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

ပျက်စီးနေတဲ့ မြေတွေကို သစ်စိမ်းမြေသြဇာကျွေးပြီး ပြုပြင်ကြပါစို့ သီးနှံတွေဆက်တိုက်စိုက်ပျိုးလာတဲ့မြေတွေ၊ မြေသြဇာ နှစ်စဉ်သုံးစွဲတဲ့မြေတွေမှာ မြေဆီလွှာ ပြဿနာတွေ ဖြစ်လာတာကြောင့် မြေဆီလွှာကို မြေဆီသြဇာပြည့်အောင် ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကတာ့ နိုက်ထရိုဂျင်ဓါတ် များစွာပါတဲ့ ပိုက်ဆံလျှော်၊ ပဲလွမ်း၊ ပဲတီစိမ်း၊ ညံပင်၊ ဘောစကိုင်းရွက်တို့လို အပင်တွေဖြင့် သစ်စိမ်းမြေသြဇာ ကျွေးခြင်းပါပဲ။ သစ်စိမ်းမြေသြဇာ အများစုသည် ပဲမျိုးနွယ်ဝင်အပင်များဖြစ်၍ လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေး၍ မြေကိုနိုက်ထရိုဂျင်ဓါတ် ကြွယ်ဝစေသည်။ သစ်ဆွေးဓါတ် ၆၅% ပါဝင်ပြီး ထယ်ထိုးမြှုပ်နှံခြင်းဖြင့် မြေတစ်ဧကလျှင် နိုက်ထရိုဂျင် ၁၈-၉၀ ကီလိုဂရမ် ထည့်ပေးသကဲ့သို့ ဖြစ်ပြီး သစ်ဆွေးဓါတ်ကြွယ်ဝစေပါတယ်။ သစ်စိမ်းမြေသြဇာ ဆွေးမြေ့ခြင်းမှ ထွက်လာသော သြဂဲနစ်အက်စစ်များသည် ဖော့စဖိတ်ထုတ်ရာမှာကူညီပေးပါတယ်။ မြေသားတည်ဆောက်မှုကိုကောင်းစေသည်။ ဖွယ်နေသောမြေကို စေးစေပါတယ်။ မြေဆီလွှာရဲ့ ရေထိန်းစွမ်းအားကို ကောင်းမွန်းစေပါတယ်။ ဓါတ်မြေသြဇာ၏ အာနိသင် ပိုမိုကောင်းမွန်လာစေခြင်းနှင့် အပင်အာဟာရဓါတ်များကို သီးနှံပင်များရယူနိုင်သော ပုံစံများအဖြစ် ကြာရှည်စွာ ထိန်းသိမ်းထားနိုင်သည်။ အချို့သော သစ်စိမ်းပင်များ (ဥပမာ- ပိုက်ဆံလျှော်)၏ အမြစ်သည် ပေါင်းသေစေနိုင်သောစစ်ရည်များ ထုတ်လုပ်ပေးနိုင်သဖြင့် နောက်စိုက်သော အဓိကသီးနှံတွင် ပေါင်းသက်သာစေပါတယ်။ စီးပွားဖြစ် စိုက်ပျိုးနည်းအားလုံးကို တစ်နေရာထဲမှာ အခမဲ့ ရယူဖို့ ထွက်တိုးဖုန်းဆောဖ့်ဝဲကို ဒေါင်းပြီး ဖတ်ရှုလေ့လာလိုက်ပါ။ ဒေါင်းလုတ်ဆွဲယူနိုင်တဲ့ လင့်ခ်နှစ်ခု အောက်မှာ ပေးလိုက်ပါတယ်။ http://bit.ly/fbhtwettoe ကိုနှိပ်ပါ အဆင်မပြေပါက www.htwettoe.com ကိုနှိပ်ပါ Source - သြဂဲနစ်တောင်သူ လက်စွဲ စာအုပ်မှ ပါမောက္ခဒေါက်တာမြင့်လွင် Htwet Toe

111,325 လွန်ခဲ့သော ၆ နှစ် က

မြေဆွေးဆိုတာ မြေကြီးလည်းမဖြစ်သေးတဲ့ ဆွေးမြေ့ဆဲ ရုပ်ဂုဏ်သတ္တိရှိပြီး ဓါတုပြိုကွဲခြင်းဖြစ်စဉ်ရှိတဲ့ အရာတွေပါ။ အပင်အကြွင်းကျန်တွေ‌ေဆွး‌ေမြ့တာကို သစ်စိမ်းမြေဆွေးလို့ ဆိုကြပုံရပါတယ်။သစ်စိမ်းမြေဩဇာက မြေဩဇာရဲ့အမည်နာမထင်ပါတယ်။

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

အဲလိုမျိုးစေ့ပြန်ကြဲတာက သစ်စိမ်းမြေသြဇာ မဟုတ်လား အကို နားမလည်လို့ပါ သစ်စိမ်းမြေသြဇာနဲ့ သစ်ဆွေးမြေသြဇာ ကအတူတူပဲလား ကျနော်ကတော့ ပညာရှင်မဟုတ်တော့ တိတိကျကျမသိဘူး

111,325 လွန်ခဲ့သော ၆ နှစ် က

မြေကြီးနှင့်သစ်ပင်ဆိုတာ အပြန်အလှန်အားဖြင့် ကျေးဇူပြုနေကြတဲ့ သဘောစဉ်ရှိပါတယ်။မြေရဲ့ အပေါ်ယံမြေဆီလွှာဆိုတာ သစ်ပင်တွေ အမြစ်တိုးဝင်လှုပ်ရှားမှုနှင့် သစ်ပင်သစ်ရွက်ရုပ်ကြွင်းတွေရဲ့ဓါတုဆွေးမြေ့ပြိုကွဲခြင်းအလျင်သဘောနှင့် သစ်ပင်တို့၏ရှင်သန်ခြင်းဆိုတာကို လိုလျောက်ဓါတ်ပြုဆက်သွယ်နေတဲ့ ဂေဟဖြစ်စဉ်တစ်ခုလို့ဆိုရမှာပါ။ဓါတုရုပ်ဟောင်းပြိုကွဲခြင်းနှင့်ဓါတုရုပ်သစ်ဖြစ်တည်ခြင်းသ‌ေဘာနှစ်ခုဟာ အတူတကွယှဉ်တွဲးပြီးဖြစ်ကြပါတယ်။ကမ္ဘာ့အပေါ်ယံမြေကြီး၏ သိပ်သည်းခြင်းနှင့် ပွ‌ခြင်းမွှခြင်းစသော လက္ခဏာများကို သစ်ပင်တွေ၏ ရှင်သန်ပြောင်းလွဲဖြစ်ပျက်နေခြင်းက အပြန်အလှန်အထောက်အပံ့ပြုကြပါတယ်။ထိုသို့ အပြန်အလှန်ကျေးဇူပြုနေသော သဘောကို ပိုမိုကောင်းမွန်စေရန် မြေကို အရိပ်ရစေရန်နှင့် ထိုသစ်ပင်တို့မှ စိုက်ပင်ပျိုးပင်တို့၏ လိုအပ်ချက်ဖြစ်သော သစ်ဆွေးဓါတ် အလွယ်တကူရရှိစေရန် အလွယ်တကူပေါက်ရောက်ရှင်သန်နိုင်သော အပင်မျိုးစေ့များကို အသုံးပြုပြီး ‌မြေလှပ်ထားချိန်တွင် မြေဩဇာအကြွင်းအကျန်တို့ကိုမှီပြီး ရှင်သန်နိုင်သော မျိုးစေ့တစ်ခုခုကိုကြဲပေခြင်းဖြင့် နောက်ထပ်စိုက်ပျိုးရာသီအတွက် သစ်ဆွေးမြေဩဇာပိုမိုရရှိရန်မြေကြီးကို ကြိုတင်စနစ်ချထားရှိခြင်းတစ်မျိုးပါပဲ။မြေဩဇာပိုမိုကောင်းမွန်အောင်ပြုလုပ်ဆောင်ရွက် စိုက်ပျိုးခြင်းစနစ်ပါ။

111,325 လွန်ခဲ့သော ၆ နှစ် က

ဘယ်တိုင်းနယ်ပြည်နယ်ကလဲ ခင်ဗျား ကျနော်မိတ်ဆွေ ကုန်စည်ဖြန့်ချီရေး ပြည်တွင်းလက်လီ လက်ကားနှင့် ပြည်ပပို့ကုန်လုပ်ငန်းကိုဆောင်ရွက်သူတွေက ပြည်နယ်နှင့်တိုင်းဒေသကြီးတိုင်းမှာ ကိုယ်စာလှယ်ချထားပေးကြပါတယ်ခင်ဗျ။တိုင်းဒေသကြီးကို ကျနော် ဖုန်းဆက်အကြောင်းကြားပေးလိုက်ပါ့မယ်။

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

သစ်ဆွေးမြေသြဇာဆိုဒါက သစ်ရွက်ခြောက် ကောက်ရိုးခြောက် မြစ်ခြောက် စတာတွေကိုဆွေးသွားတဲ့အခါရလာတဲ့ ပစ္စည်း မဟုတ်လား ကျနော်လည်း သိပ်နားမလည်လို့ပါ

25,067 လွန်ခဲ့သော ၆ နှစ် က

ကျနောတို့မြို့နယ်က ကလေမြို့နယ်ပါ ငရုပ်သီးပြည်ပအတွက်ဝယ်တဲ့ပွဲစားကကျနောတို့နယ်မှာမရှိဘူ ဒါကြောင့်ဘယ်ပွဲရုံမှာသွားရောင်ရမလဲ ဆက်သွယ် ဖို့ ဖုန်းနံပါတ် ပေးလိုက်ပါ ကျေးဇူးပြုပြီး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။