ဖြေကြားချက် ၁ ခု
အပင်များအား မြေဆီလွှာဖုံးပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း၏ ကောင်းကျိုးများသည် များပြားလှပေသည်။ အပင်များအား Mulching လုပ်ပေးခြင်းဖြင့် ၁) မြေကြီး၏ အစိုဓာတ်ကို ထိန်းထားပေးခြင်းကြောင့် အပင်အား ရေမကြာခဏပေးသွင်းရခြင်းကို သက်သာစေခြင်း ၂) မြေကြီး၏ အပူချိန်ကို ထိန်းညှိပေးခြင်း (ဆောင်းအခါနွေးစေပြီး နွေအခါ အေးစေသည်။) ၃) ပေါင်းမြက်များ ပေါက်ရောက်ကြီးထွားမှုကို နှိမ်နင်းပြီးသားဖြစ်ခြင်း ၄) မြေကြီးမှ ရေငွေ့ပျံခြင်း (Evaporation) ကြောင့် အစိုဓာတ်ဆုံးရှုံးခြင်းကို ၁၀-၂၅% အထိ တားဆီးပေးခြင်း ၅) မြေကြီး၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိတို့ကို တိုးတက်ကောင်းမွန်စေခြင်း ၆) မြေအတွင်း လေဝင်လေထွက်ကို ကောင်းစေနိုင်ခြင်း ၇) စီးကြောင်း (Runoff) များကြောင့် မြေဆီလွှာတိုက်စားမှုကို လျော့နည်းသက်သာစေခြင်း ၈) ပိုးမွှားရောဂါကျရောက်မှုအားလည်း လျော့ပါးသက်သာစေခြင်း ၉) သီးနှံများ ပုံမှန်ထက်စော၍ ပေါ်စေနိုင်ခြင်း ၁၀) မိုးသည်းထန်မှုကြောင့် မြေကြီးများ ကျစ်လစ်မာသွားစေခြင်းမှ လျော့နည်းစေခြင်း ၁၁) မြေဩဇာများ စိမ့်ဝင်ပျောက်ကွယ်ခြင်းကိုလည်း လျော့နည်းစေခြင်း ၁၂) မြေနှင့် ထိ၍ သီးသောသီးနှံများအား သန့်ရှင်းမှုရှိစေခြင်း စသောအကျိုးကျေးဇူးများကို ရရှိစေနိုင် ပါသည်။
ဆက်စပ်မေးခွန်းများ
ယခုလအတွင်း ကျောက်ဖရုံသီးစိုက်ပျိုးရန်ရနိုင်ပါသေးလား။ မျိုး ရနိုင်မည့်နေရာသိချင်ပါသည်။
ဖြေကြားချက် 5 ခု
ကျောက်ဖရုံ ကိုနွေရာသီစိုက်ထားပါတယ် သက်တမ်းဘယ်လောက်ကြာပြီး အသီးတင်အောင်ဘာတွေလုပ်ပေးဖို့လိုအပ်ပါလဲ ရွှေဖယုံကတော့...
ဖြေကြားချက် 5 ခု
နွေရာသီကျောက်ဖယုံနဲ့ရွှေဖယုံ မြေကြီးလွှတ်စိုက်ပျိုးနည်းအကြောင်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကျောက်ဖရုံသီးမျိုးလိုချင်ပါတယ် ခဗျား ဘယ်မှာရနိုင်ပါသလဲ ဈေးကွတ်ရှိပါသလား
ဖြေကြားချက် 6 ခု
ဘူးပင် အသီးမတင်လို့ဘယ်လိုလုပ်ရမလည်းပြောကြပါအုံး
ဖြေကြားချက် 6 ခု