အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
814
လွန်ခဲ့သော ၆ နှစ် က · သာစည်

မုန်လာဥဖြူမှာ ကျရောက်တတ်သော ပိုးမွှားရောဂါနှင့် ကုသနည်းကို ပြောပြပေးပါဗျ

ပိုးမွှားရောဂါ မုန်လာဥဖြူ
2

ဖြေကြားချက် ၂ ခု

814 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဗျ

111,325 လွန်ခဲ့သော ၆ နှစ် က

မုန်လာ ဥပုတ်ရောဂါ၊ မုန်လာတီရစ်တီထိုးတဲ့ရောဂါ၊ မုန်လာဥကွဲတဲ့ရောဂါ၊ မုန်လာရွက်ပုတ်မှိုရောဂါနှင့် အရွက်စားပိုးများကျ‌ေရာက်တတ်ပါသည်။ပိုးကျခြင်းကို ဆေးပုံမှန်ဖြန်းခြင်းဖြင့် ကုသကာကွယ်နိုင်ပြီး၊မှိုရောဂါသည် အသုံးပြုသော မြေဆွေးမြေဩဇာတို့သည် ကောင်းစွာဆွေးမြေ့ခြင်ရှိမရှိ စိစစ်အသုံးပြုခြင်းသည် အရေးပါပြီး၊မိုးရာသီတွင်အဖြစ်များခြင်းကြောင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့်ကာကွယ်နိုင်သည်။မုန်လာဥကွဲရောဂါသည် ဓါတုမြေဩဇာကို အချိန်အဆမမှန်သုံးစွဲမိပါက ဥကွဲခြင်းများဖြစ်စေတတ်ပြီ၊ဥပုတ်ရောဂါမှာမိုးရာသီတွင် မိုးများခြင်းနှင့်ကြုံ‌ေသာကြောင့်လည်းဖြစ်တတ်ပြီး၊ဥကျချိန်တွင် မြေဩဇာကို လွန်ကြူးစွာသုံးပြုခြင်းကြောင့် ဖြစ်စေတတ်ပြီး နုနယ်သောဥများရှိသော အပင်ရင်းနှင့်နီးကပ်စွာ မြေဩဇာကို ထည့်သွင်းမိခြင်းတို့ကြောင့် ဥပုတ်နိုင်ပါသည်။မုန်လာဥတီထိုးတီရစ်ခြင်းမှာ မြေနေရာရွေးခြယ်မှု မမှန်ကန်ခြင်းနှင့် တီများနှစ်ခြိုက်သော မြေဩဇာကို အသုံးပြုစိုက်ပျိုးခြင်းကြောင့်ဖြစ်သည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။