အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
530
လွန်ခဲ့သော ၆ နှစ် က · မယ်စဲ့

ကျွန်တော်မေးတာလေးကို သိတဲ့သူဖြေပေးစေခြင်တယ်ဗျ... ဒုတိယ post ပြန်တင်ခြင်းဗျ....... ကျွန်တော်ကြက်သွန်ဖြူ ၂ လနဲ့...

ကျွန်တော်မေးတာလေးကို သိတဲ့သူဖြေပေးစေခြင်တယ်ဗျ... ဒုတိယ post ပြန်တင်ခြင်းဗျ....... ကျွန်တော်ကြက်သွန်ဖြူ ၂ လနဲ့ ၁၅ ရက် ရှိပြီဗျ..... ဘာဖြစ်ထိပ်က ဝါပြီးခြောက်နေလည်းဗျ...... ဘာရောဂါဖြစ်နေလည်းဗျ...... ဘယ်လိုပြန်လုပ်ရမလည်းခင်ဗျ ကူညီပေးစခြင်တယ်ဗျ...... ဖြေပေးတဲ့ ပညာရှင်များကျေးဇူးဗျ...

Post image
Post image
Post image
5

ဖြေကြားချက် ၅ ခု

409 လွန်ခဲ့သော ၆ နှစ် က

ရာသီဥတုဖောက်ပြန်ခြင်းတရာခံပါ အခါမဟုတ်မိုးရွာသွန်းခြင်း မြေတွင်းဓာတ်ခံမညီမျှမုှ့

530 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဗျ

111,325 လွန်ခဲ့သော ၆ နှစ် က

မြေဩဇာအသုံးပြုတဲ့အခါပထမစိုက်‌ေသာ‌ေမြသြဇာကို ရေနှင့်အစိုဓါတ်ကို ထိန်းချုပ်နိုင်စွမ်းမြင့်မားသော မြေဩဇာကိုသုံးပါ ။အမြစ်ထွက်နိုင်စွမ်း ကြီးထွားနုန်းနှင့်နောက်မြေဩဇာထည့်သွင်းရမည့်ကာလတို့ကို ချိန်ဆ၍ မြေဩဇာကိုထည့်သွင်းစိုက်ပျိုးရာတွင် ပမာဏ ပိုထည့်သွင်းဖို့လိုပါတယ် ဥတုရာသီကောင်းသောအခါတွင် အပင်ကိုသန်မာစေခြင်းဖြင့် အပင်တက်ကောင်းပြီး၊အပင်တက်သန်မှ ဥထွက်မှန်ပြီး ရောဂါနှင့်ရာသီဒဏ်ကို ခံနိုင်ရည်ရှိသောအပင်မျိုးဖြစ်ရန် စတင်စိုက်ပျိုးစဉ်ကတည်းက နည်းစနစ်မှန်အလေ့ကျင့်မှန်ဖို့လိုပါတယ်။ကောက်ရိုးအုပ်စိုက်သည့်အတွက်ကြောင့် မှိုသတ်ဆေးဖြန်းပေးဖို့လိုပါတယ်။အမြစ်မှိုရောဂါဖြစ်ရင်လည်း အရွက်ဝါပြီး အပင်တန့်နေတတ်ပါတယ်။

530 လွန်ခဲ့သော ၆ နှစ် က

ဟုစိုက်ပါတယ်ခင်ဗျ..... တစ်ချို့အခင်းတွေက သိပ်မဖြစ်ပါဘူးခင်ဗျ...

111,325 လွန်ခဲ့သော ၆ နှစ် က

နှင်းခါးကြောင့်ထင်ပါတယ်။ကြက်သွန်ဖြူက နေရာဒေသတိုင်း မဖြစ်ထွန်းပါဘူး။ကြက်သွန်ရဲ့ ဥတုချိန်ခွင်ရှာ မျှတညီညွှတ်မှ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ရှေ့နှစ်တွေက ကြက်သွန်ဖြူစိုက်ပါသလား။ ကြက်သွန်းပင်ကို အောက်ခံအစာဘယ်လို‌ေမြသြဇာမျိုးကိုထည့်သွင်း‌ေပးသလဲ။ဥကျကောင်းစေရန် အဘယ်မြေဩဇာကိုသုံးမည်လဲ။မြေဩဇာနှင့်ရေပေးသွင်းခြင်းတို့ အခင်းအကျင်းနည်းစနစ်မမှန်လျှင်ဖြစ်စေ၊အပင်သည် ဩဇာအဟာရချို့တဲ့၍ သဘာဝရာသီဥတုဒဏ်နှင့်ရောဂါဖြစ်ပေါ်မှုကို တော်လှန်ခုခံတုံ့ပြန်နိုင်စွမ်းလိုလျောက်ချို့တဲ့ခြင်းသည်။ယခုကြုံတွေ့ရသော အပင်၏ဖြစ်စဉ်နှင့်တူသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။